Photo : Myanmar Now
4.4.2019
မင်းထင်ကိုကိုကြီးရဲ. Facebook ပေါ်ရေးသားချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်က သူ့ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) အပြင် ၅၀၅ (က) နဲ့ လည်း အင်းစိန်တရားရုံးမှာ တိုင်ကြားထားပါတယ်။ ပုဒ်မ နှှှစ်ခုလုံးဟာ အမြင့်ဆုံးထောင်ဒဏ်နှစ်နှစ်ဖြစ်ပါတယ်။

၅၀၅ (က) ဟာ သတင်းတစ်ပုဒ်ကိုဖြစ်စေ၊ ဖော်ပြချက်တစ်ခုခုကိုဖြစ်စေ ထုတ်ပြန်ကြေငြာရာမှာ တပ်တွင်းပုန်ကန်ခြင်း၊ တပ်တွင်းအုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် လုပ်ဆောင်ရန်အကြံရှိခြင်းလို့ မြန်မာနိုင်ငံရာဇသတ်ကြီး ဥပဒေမှာပြဌာန်းထားပါတယ်။

ဒါပေမယ့် ရေးတဲ့အကြောင်းအရာ မှန်ကန်တယ်လို့ယုံကြည်ရန် အကြောင်းအခြင်းရာရှိရင် တော့ ဒီပုဒ်မနဲ့ အရေးယူလို့မရကြောင်း ဥပဒေကင်းလွတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၅၀၅ (က) နဲ့တိုင်ကြားခံရမှှုအတွက် မင်းထင်ကိုကိုကြီးဟာ အင်းစိန်တရားရုံးကို ဧပြီ ၁၂ ရက်နဲ့ မှာသွားရောက်ရမှာဖြစ်ပါတယ်။ သူ့ကို အကျိုးဆောင်ပေးမယ့်ရှေ.နေကေတာ့ ဦးရောဘတ်ဆန်းအောင်ဖြစ်ပါတယ္။

Myanmar Now

Leave a Reply