Photo – BBC

မော်လမြိုင် ၊ မတ် ၁၁ ။ ။ အမျိုးသားလွှတ်တော် နှင့်ပြည်သူ့လွှတ်တော် တို့က ဒုတိယသမ္မတ များရွေးချယ်ခဲ့ပြီး ဖြစ်သောကြောင့် မတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ကို မဲခွဲရွေးချယ် မည်ဖြစ် ပြီး ဦးထင်ကျော်ကို သမ္မတ တင်မြောက်ရန် လျာထားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဝင် လွှတ်တော်ကိုယ်စားလှယ်များ ကပြောကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီက ဒုတိယ သမ္မတလောင်းများ အဖြစ် တင်သွင်းသော ဦးထင်ကျော်နှင့် ဦးဟင်နရီ ဗန်ထီးယူ တို့ကို မတ်လ၁၁ရက်နေ့ပြုလုပ်သော လွှတ်တော် အစည်းဝေး များတွင် ဒုတိယ သမ္မတ များအဖြစ် ရွေးချယ် တင်မြှောက်ခဲဲ့သည်။

“ဒီနေ့က ၁၁ရက်နေ့ဆိုတော့ ၃ရက်နားမယ် ၊ ၁၄ရက်နေ့ပြန်စမယ်၊ မတ်လ ၁၅ရက်နေ့မှ သမ္မတရွေးချယ် မယ်ပေါ့၊ ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

ဒုတိယ သမ္မတလောင်းများအဖြစ် ဦးထင်ကျော် နှင့် ဦးဟင်နရီ ဗန်ထီးယူ တို့ ကို မတ်လ ၁၀ရက်နေ့ တွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေး များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က တင်သွင်း လိုက်သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များက ဦးထင်ကျော် ကို ဒုတိယ သမ္မတ လောင်းအဖြစ်တင် သွင်းခဲ့ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ က ဦးဟင်နရီ ဗန်ထီးယူ ကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ်များ က လည်း ပြည်သူ့ လွှတ်တော် တွင် ဒေါက်တာစိုင်းမောက်ခမ်း ကို ဒုတိယ သမ္မတ လောင်းအဖြစ်တင် သွင်းခဲ့ပြီး အမျိုးသားလွှတ်တော် တွင် မှု ဦးခင်အောင်မြင့် ကိုတင်သွင်းခဲ့သည်။

Photo – BBC
Photo – BBC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တို့မှ တင်သွင်းသည့် ဒုတိယ သမ္မတလောင်းများကို သက်ဆိုင်ရာ လွှတ်တော်များတွင် မတ်လ ၁၁ရက်နေ့ကလျို့ဝှက် ဆန္ဒမဲ စနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်။

ထို့သို့ မဲခွဲဆုံးဖြတ်ရာ ပြည်သူ့လွှတ်တော် အစုအဖွဲ့တွင် ဦးထင်ကျော်က ၂၇၄ မဲ နှင့် ဒေါက်တာစိုင်းမောင်ခမ်း က ၂၉ မဲ တို့ရရှိကာ ဦးထင်ကျော်ကို ပြည်သူ့လွှတ်တော်က ဒုတိယ သမ္မတ အဖြစ်ရွေးချယ် တင်မြှောက်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့အပြင် အမျိုးသားလွှတ်တော် အစုအဖွဲ့တွင် ဦးဟင်နရီ်ဗထီးယူက ၁၄၈မဲနှင့် ဦးခင်အောင်မြင့်က ၁၃မဲ တို့ ရရှိကာ ဦး ဟင်နရီ်ဗထီးယူ ကို အမျိုးသားလွှတ်တော်က ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်လိုက် ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း က ပြောကြားသည်။

တပ်မတော်သား အစုအဖွဲ့မှ ဒုတိယ သမ္မတလောင်း တစ်ဦးကို ပြည်ထောင်စုလွှတ်တော် ထံ တိုက်ရိုက်တင် သွင်းရမည်ဖြစ်ကြောင်း ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။

အဆိုပါ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် တင်သွင်းသည့် သမ္မတလောင်း ၄ဦးကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲကာ နိုင်ငံတော် သမ္မတ တစ်ဦး ၊ ဒုတိယ သမ္မတ နှစ်ဦးတို့ ရွေးချယ် ရမည်ဖြစ်ကြောင်း ၂၀ဝ၈ဖွဲ့ စည်းပုံအ ခြေခံဥပဒေအရသိရသည်။

ဦးထင်ကျော် သည် NLD ပါတီ အသိုင်းအဝိုင်းတွင် နိုင်ငံတော် သမ္မတ အဖြစ် တင်မြောက် ခြင်း ခံရမည် ဖြစ် ကြောင်း သတင်း ထွက် ပေါ်နေသူဖြစ် သည်။

ဦးထင်ကျော် သည် အမျိုးသားစာရေးဆရာကြီး မင်းသုဝဏ် ၏ သားဖြစ် ပြီး NLD ပါတီ ခေါင်းဆောင် ဦးလွင် ၏ သမီး ဒေါ်စုစုလွင်နှင့် လက်ထပ်ထားသူ ဖြစ်သည်။

Photo – BBC

Leave a Reply