Advertisements

မနီလာ ဖေဖော်ဝါရီ

မနီလာပင်လယ်အော် ရေထုညစ်ညမ်းမှုအတွက် လူပေါင်းတစ်သိန်းကျော်တို့ ဖေဖော်ဝါရီ ၂ တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ ယင်းမှာ ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်က လူပေါင်း တစ်သောင်းကျော်သာ ပူပေါင်းပါဝင်ခဲ့သည်။

မနီလာပင်လယ်အော်၏ ရေထုညစ်ညမ်းမှုနှင့် တရားမဝင်အမှိုက်စွန့်ပစ်ခြင်း ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဖိလစ်ပိုင်အစိုးရက သန့်ရှင်းရေးလှုပ်ရှားမှုကို ဇန်နဝါရီလအတွင်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်ထိမ်းသိန်းရေးအဖွဲ့ များပူးပေါင်းကာ ဒုတိယအကြိမ် ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုအတွင်း ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းလုပ်အားပေးသူ ၁ဝဝဝဝ၀ ကျော်တို့သည် မနီလာမြို့လယ်မှ ပင်လယ် အော်အထိ နှစ်ကီလိုမီတာအကွာအဝေးကို လမ်းလျှောက်ချီတက်ကြပြီး လမ်းတစ်လျှောက်ရှိ အမှိုက်အများအပြားကို ကောက်ယူရှင်းလင်းကြသည်။

မနီလာပင်လယ်အော်တွင်းသို့ နေ့စဉ် အမှိုက်တန်ချိန် ၁၅ဝဝ ခန့် တရားမဝင်စွန့်ပစ်နေကြောင်း ဖိလစ်ပိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောကြားသည်။

ယင်းပင်လယ်အော်အတွင်းရှိ ရေတွင် အီကိုလိုင်းဗက်တီးရီးယားပိုးများ ပါဝင်မှုသည် သတ်မှတ်ထားသည့် ပမာဏထက် သုံးဆပိုမိုများပြားနေခြင်း ကြောင့် ပြည်သူများအနေဖြင့် ပင်လယ်အော်တွင် ရေမကူးကြရန် အာဏာပိုင် များက သတိပေးထားသည်။

ပင်လယ်အော်အနီးရှိ လူနေအိမ်များမှ စွန့်ပစ်ရေဆိုးများအား ပင်လယ် အော်အတွင်း တိုက်ရိုက်စွန့်ထုတ်မှု ရှိ၊ မရှိကို အာဏာပိုင်များက စုံစမ်းစစ် ဆေးသွားမည်ဖြစ်ပြီး တိုက်ရိုက်စွန့်ထုတ်ကြောင်း တွေ့ရှိပါက ၎င်းနေအိမ်များ ကို လူနေထိုင်ခွင့်ပြုမည် မဟုတ်ကြောင်း သတင်းတွင် ဖော်ပြသည်။

မနီလာပင်လယ်အော်အနီးရှိ ဆင်းရဲသားရပ်ကွက်အား လာမည့်နှစ်တွင် ရှင်းလင်းသွားရန် ဖိလစ်ပိုင်အစိုးရက စီစဉ်ထားကြောင်း သိရသည်။

NHK

Advertisements
<

Leave a Reply