မန္တလေး၊ အောက်တိုဘာ ၁၂ ရက်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ဈေးကြီးများနှင့် ဈေးလေး များမှ စားသောက်ကုန်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေးရုံးခွဲ)က ခွင့်မပြုထား သည့် ဆိုးဆေးများ ပါဝင်ခြင်းရှိ၊ မရှိ နေ့စဉ်စစ်ဆေးနေကြောင်း သိရှိရသည်။

“ကျွန်တော်တို့စစ်ဆေးတဲ့အခါမှာ ဈေးချိုဝန်းကျင်အတွင်းမှာရောင်းချနေတဲ့ ပဲသွေးတွေက ကောင်းတယ်။ လက် ရှိဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ပဲပြားနဲ့မျှစ်တွေဆိုလည်း ဈေးသည်တွေက သဘာဝအရောင်နဲ့ပဲ ရောင်းချနေ တာတွေ့ရတယ်။ ပဲသွေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဈေးကွက်တွေထဲကနေယူတယ်။ ပြီးရင် Mobile Lab Van ပေါ်မှာ တစ်ခါတည်း စစ်ဆေးပါတယ်။

ဈေးကွက်မှာရောင်းနေတာတွေက မဆိုးပါဘူး။ လာမယ့်လတွေမှာ လည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမှာပါ။”ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်ကပြောသည်။

လက်ရှိဈေးကွက်အတွင်းရောင်းချနေသည့် ငပိ၊ လက်ဖက်၊ မျှစ်နှင့် ငရုတ်သီးမှုန့်များအပါအဝင် အရောင်တင်မှုန့် များကိုပါ ပြည်သူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန်အတွက် ဈေးကွက်မှ ပစ္စည်းနမူနာ ကောက်ယူ၍စစ်ဆေး ပေးနေကြောင်း သိရသည်။

“အခုလို ဈေးတွေမှာ သက်ဆိုင်ရာကနေလာပြီးစစ်ပေးတော့ ကျွန်မတို့ အိမ်ရှင်မတွေလည်း ဝယ်ရတာစိတ်ချမ်း သာတာပေါ့။ ဘယ်ပစ္စည်းက ဘာတွေပါတယ်။ ဘယ်ဟာတွေကမစားသင့်ဘူး။ ကျန်းမာရေးထိခိုက်တယ်ဆိုတာ မျိုးတွေက ကျွန်မတို့ နားမလည်ဘူး။ အခုဆို ဒီဟာတွေက စားသင့်တယ်။ မစားသင့်ဘူးဆိုတာနားလည်ပြီ။”ဟု မြနန္ဒာဈေးမှ ဒေါ်ဝင်းခင်က ပြောသည်။

မန္တလေးမြို့အတွင်းရှိ စည်ပင်သာယာဈေးကြီးအတွင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ အစား အသောက် နမူနာအမျိုးအစားပေါင်း(၁၂၂၃)ခုအား ကောက်ယူစစ်ဆေးခဲ့ရာ စားသုံးရန်မသင့်သည့် ပစ္စည်း (၃၅၃)ခု တွေ့ရှိခဲ့ပြီး လက်ရှိ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ အစားအသောက်နမူနာ အမျိုးပေါင်း (၁၂၂၂)ခုအား ဆက်လက်စစ်ဆေးခဲ့ရာ စားသုံးရန်မသင့်သည့် ပစ္စည်း(၁၉၃)ခုကို တွေ့ရှိခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေးရုံးခွဲ)မှ သိရသည်။

Written by – MMK

Leave a Reply