Advertisements

မန္တလေး၊ အောက်တိုဘာ ၁၀ ရက်။

အစိုးရအသစ်လက်ထက်တွင် မန္တလေးမဟာမုနိဘုရားဂေါပကအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် မဟာမုနိဘုရား၏ ရန်ပုံငွေမှာ ၂၀၁၇ ခုနှစ် (၈)လတာအတွင်း ကျပ်သိန်း(၂၄၀၀၀)ကျော်ရရှိခဲ့ကြောင်း ဂေါပက အဖွဲ့သစ်ထံမှ သိရှိရသည်။

“ဒီနှစ်က ဘုရားကြီးကနေရရှိတဲ့ ရန်ပုံငွေတွေအားလုံးကို ကျောင်းတော်ကြီးအပေါ်က ပြဿဒ်ကို ရွှေချဖို့အ တွက် ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်နေပါပြီ။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သြဝါဒဆရာတော်ကြီးတွေနဲ့ တိုင်း သံဃနာယကဆရာတော်တွေကို တင်ပြမယ်။ တင်ပြပြီးလို့ရှိရင် ဆက်လက်အကောင်အထည်ဖော်မှာပါ။”ဟု မဟာမုနိဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးစိုးလင်းက ပြောသည်။

Advertisements
data-language="en"

မန္တလေးမုနိဘုရားတွင်ရရှိထားသည့်ရန်ပုံငွေမှာ ၂၀၁၇ ဇန်နဝါရီလမှ သြဂုတ်လအထိ ကျပ်သိန်း(၂၄၀၀၀)ကျော် ရှိပြီး ယခင်နှစ်ကထက် ရန်ပုံငွေပိုမိုရရှိခဲ့ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့မှ သိရသည်။

“မန္တလေး မဟာမုနိဘုရားကြီးဆိုတာ မြန်မာမှာမကပါဘူး ကမ္ဘာကနေတောင် စိတ်ဝင်စားခံရတဲ့နေရာတစ်ခုဖြစ် ပါတယ်။ လက်ရှိရထားတဲ့ ရန်ပုံငွေတွေကိုလည်း မဟာမုနိဘုရားကြီးမှာ လိုအပ်တဲ့နေရာမျိုးတွေအပြင် ဘုရား ဖူးတွေ နားနေဖို့အတွက်လည်း လိပ်ကန်အနီးဝန်းကျင်မှာ အရိပ်ရစေနိုင်တဲ့အဆောက်အအုံတွေ ထပ်ဆောက် ပေးဖို့လိုအပ်ပါတယ်။”ဟု မန္တလေးမြို့ဒေသခံ ဦးအောင်စိုးကပြောသည်။

အဆိုပါ ရန်ပုံငွေများဖြင့် ဘုရားကြီးတွင်လိုအပ်သည်များပြင်ဆင်နိုင်ရန် တင်ဒါခေါ်ယူခြင်းများ ဆောင်ရွက်ခဲ့ သည့် အပြင် နေ့စဉ်၊ လစဉ်အလှူရှင်များက ပါဝင်လှူဒါန်းခဲ့သောကြောင့် ရန်ပုံငွေများ တိုးလာခြင်းဖြစ်ကြောင်း မန္တလေးမဟာမုနိဘုရားဂေါပကအဖွဲ့မှ သိရသည်။

Leave a Reply