Advertisements

မန္တလေး၊ အောက်တိုဘာ ၁၇ ရက်။

မန္တလေးမြို့အတွင်း ယာဉ်ရပ်နားရန်လုပ်ဆောင်ထားသည့်နေရာအချို့သည် အများပြည်သူပိုင်နေရာများ ဖြစ်နေ ခြင်းကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ သေချာစွာ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။

“အခု လေလံရပြီး ယာဉ်ရပ်နားဖို့လုပ်ထားတ့ ဲနေရာတွေထဲမှာဆိုရင် အများပြည်သူပိုင်တဲ့နေရာတွေလည်းပါ တယ်။ ဒီအတွက်အသေးစိတ်စိစစ်မှုတွေလုပ်နေပါတယ်။ အခုဆိုရင် ပြည်သူလူထုတွေမှာ ယာဉ်ရပ်နားဖို့ အရမ်း အခက်အခဲဖြစ်နေတာတွေရှိတယ်။ နောက်နှစ်တွေမှာတော့
အခုလိုမျိုးတွေမဖြစ်ပေါ်ရအောင် ဆောင်ရွက်သွား မှာပါ။”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းအနီးဝန်းကျင်နှင့် ကျောက်ဝိုင်းမြောက်ဘက်ရှိ (၃၉)လမ်းမပေါ်နှင့် ကျောက်ဝိုင်း၏ အနောက်ဘက် (၈၇)လမ်းမကြီးပေါ်တွင် မန္တလေးစည်ပင်ထံမှ လေလံရယူထားသည့် ကားနှင့် ဆိုင်ကယ်စတန်းများသည် စည်းကမ်းမဲ့ပြီး လမ်းမများပေါ်အထိရောက်ရှိနေမှုအပေါ် လမ်းသွားလမ်းလာများနှင့် ယာဉ်အသွားအလာအခက်အခဲများရှိကာ လမ်းများပိတ်ဆို့နေသည့်အပေါ် စည်ပင်သာယာကတာဝန်ယူ၍ စနစ် တကျဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း မန္တလေးမဟာအောင်မြေကျောင်းဝိုင်းသားတို့က ဆိုသည်။

“မဟာအောင်မြေ ကျောက်ဝိုင်းအနီးက လေလံရယူထားတဲ့ စည်းကမ်းမဲ့ဆိုင်ကယ်စတန်းများကြောင့် မကြာခ ဏ ယာဉ်ကြောများ ပိတ်ဆို့ပြီး လမ်းများပိတ်နေတယ်။ မန္တလေးစည်ပင်သာယာကို တင်ပြသော်လည်း တာဝန် ယူဖြေရှင်းပြီး ဆောင်ရွက်ခြင်းမရှိဘူး။ ဒီလမ်းတွေပိတ်နေတဲ့အတွက် ယာဉ်ကြောများပိတ်ဆို့နေတာပါ။”ဟု မဟာအောင်မြေကျောက်ဝိုင်းမှ ကိုစိုးလေးကပြောသည်။

အဆိုပါ လေလံရရှိထားသည့် ဆိုင်ကယ်စတန်းများကို စည်းကမ်းတကျလုပ်ဆောင်ရန် လေလံရရှိထားသူ များနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Advertisements
<

Leave a Reply