ရန်ကုန်၊ အောက်တိုဘာ ၁၀ ။ ။ မန္တလေးမြို့ အခြေစိုက်နေ့စဉ်သတင်းစာဖြစ်သော မန္တလေးအလင်းသတင်းစာရပ်နားလိုက်သော် လည်းဝန် ထမ်းများကို ပေးအပ်ရမည့် နစ်နာကြေးနှင့် စာမူခငွေကျပ် သိန်း ၂၅၀ ကျော်ကျန်ရှိ နေသော ကြောင့် ယင်းကိစ္စရပ်ကိုအလုပ်သမားညွှန်ကြားမှု ဦးစီးဌာနထံသို့တိုင်ကြားလိုက်ကြောင်း ယင်းသတင်း စာ၏တာဝန်ခံအယ်ဒီတာဟောင်းဖြစ်သူ ဦးသန့်စင်ဦးကပြောကြားသည်။

logo-copy

“သူတို့ကကျွန်တော်တို့ရဲ့တိုင်စာကို ဒီကာလအတွင်းမှာစိစစ်မယ်ပြီးတော့ ဟိုဘက်က လူတွေကိုဆင့် ခေါ်မယ်ခင်ဗျ”ဟု ၄င်းကဆက်လက်ပြောကြားသည်။

လူ့အခွင့်အရေးကော်မရှင်ရုံး မှလည်းတစ်လအတွင်း ယင်းကိစ္စကိုကိုင်တွယ်ပေးမည်ဟု ပြောထား၍ စောင့်ကြည့်မည်ဖြစ်ပြီးတစ်ဖက်သတင်းစာတိုက်ပိုင်ရှင်များဘက်မှဖြေရှင်းပေးခြင်းများမရှိပါကတရားစွဲဆိုသွားဖို့ရှိကြောင်းသတင်းစာ၏တာဝန်ခံအယ်ဒီတာဟောင်းဖြစ်သူ ဦးသန့်စင်ဦးဆက်လက် ပြောကြားသည်။

ယင်းသတင်းစာတိုက်မှ ရပ်နားပြီးသည့်နောက်ပိုင်းတွင်လည်းသတင်းထောက်၊ အယ်ဒီတာများ အပါအ ဝင် ဝန်ထမ်း ၂၃ ဦး၏ နစ်နာကြေးငွေကျပ်သိန်း၁၅၀ကျော်နှင့် စာမူခကျပ်သိန်း ၁၀ဝကျော်ပေး ရန်ရှိ သည်ဟုသိရှိရပြီး ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် နစ်နာသူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားပြီးဖြစ်သည်။

အဆိုပါသတင်းစာတိုက်ကိုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်းဦးတင်အေး၏ သားဖြစ် သူ ဦးဇော်မင်းအေးပိုင်ဆိုင်သောThe Messenger Media မှထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်ကြာ ထုတ်ဝေခဲ့ပြီးနောက် ယခုနှစ် ဇူလိုင်လအတွင်းမှစတင်ကာ ရပ်နားခဲ့ခြင်းဖြစ်သည်။

Leave a Reply