Advertisements

အသက် ၆၁ နှစ်အရွယ်ရှိတဲ့ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်း ရေးဝဲလ်ကင်စ်ဟာ လန်ဒန်အနောက်ပိုင်းက စိန့်ဂျော်ဂျီယာဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါ တယ်။

ဝဲလ်ကင်စ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အကြာက Cardiac arrest(နှလုံးနဲ့ပတ်သတ်တဲ့ရောဂါ)ကို ဆိုးရွားစွာခံစားနေခဲ့ရပြီး ဆေးရုံတက်ကာ ခြောက်ရက်အကြာမှာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။

ဝဲလ်ကင်စ်ရဲ့မိသားစုဝင်တွေကတော့ ဝဲလ်ကင်စ်ဆေးရုံတက်စဉ် ဝန်ဆောင်မှုတွေပေးခဲ့ကြတဲ့ စိန့်ဂျော် ဂျီယာဆေးရုံက ဝန်ထမ်းတွေနဲ့ဝဲလ်ကင်စ်အတွက် ဝမ်းနည်းစကားဆိုခဲ့ကြတဲ့မိတ်ဆွေတွေကို ကျေးဇူး တင်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဝဲလ်ကင်စ်ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်းက အသင်းရဲ့ကစားသမား၊ အသင်း ခေါင်းဆောင်နဲ့ အသင်းရဲ့လက်ထောက်မန်နေဂျာအဖြစ် တာဝန်ယူခဲ့သူဖြစ်တဲ့ ဝဲလ်ကင်စ်အတွက် အထူးဝမ်းနည်းကြေကွဲရကြောင်း တရားဝင်ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဝဲလ်ကင်စ်ဟာ အင်္ဂလန်မှာရှိတဲ့ပြည်တွင်းကလပ်အသင်းတွေအပြင် ဥရောပထိပ်သီး အေစီမီလန်နဲ့ ပီအက်စ်ဂျီအသင်းတွေမှာလည်း သွားရောက်ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဝဲလ်ကင်စ်ဟာ အင်္ဂလန် U-21 အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အက်စတွန်ဗီလာအသင်းက လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref:Daily Star

Advertisements
<

Leave a Reply