လက်ရှိမြန်မာ့ရုပ်ရှင်လောက၏ အရည်အသွေးနိမ့်ကျလာသည့် အခြေအနေကို လူမှုကွန်ရက် Facebook တွင် သရော်သည့် မြန်မာပေါကား များရပ် Event လှုပ်ရှားမှုအပေါ် ရုပ်ရှင်သရုပ်ဆောင်တချို့က အကဲဆတ်ခဲ့ကြသည် ကိုတွေ့မြင်ရသည်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဒါရိုက်တာရီဇော်နှင့် တွေ့ဆုံမေးမြန်းထားသည် များထဲမှကောက်နုတ် ဖော်ပြအပ်ပါသည်။dyz

ဟင်္သာမီဒီယာ ။ ။ ပထမဦးဆုံးလက်ရှိရုပ်ရှင်ဇာတ်ကားတွေ ကွာလတီတွေကျနေတဲ့အပေါ် ဘယ်လိုကြောင့်လို့မြင်ပါ လဲခင်ဗျာ။ ကွာလတီကောင်းတဲ့ကားတွေထွက် လာအောင်ဘယ်လိုမျိုးလုပ်သင့်တယ်လို့ဆရာထင်ပါသလဲ။

D.YZ ။ ။ ကွာလတီကျနေတယ် ဆိုတာတိုင်းပြည်ရဲ့စီးပွားရေးနဲ့ဆိုင်တယ်။ ရုပ်ရှင်လုပ်ငန်းက လည်းစီးပွား ရေးပဲ ဆိုတော့တိုင်းပြည်စီးပွားရေးမကောင်းရင် ရုပ်ရှင်ရဲ့အရည်အသွေးလည်း ကျမှာပဲ။ တိုင်းပြည်မှာကရုပ်ရှင် စီးပွားရေးလုပ်ငန်း ပျက်စီးနေတာ တော်တော်ကြာခဲ့ပြီ တိုင်းပြည်မှာက အခုမှပြန်လည်ထူထောင် ခါစဆိုတော့ တစ်နိုင်ငံလုံးမှာက မြန်မာကားပြလို့ရတဲ့ရုပ်ရှင်ရုံက ၂၉ ရုံပဲရှိခဲ့တယ် အဲ့ဒါကနေအခု ပြန်လည်တိုးချဲ့လာလိုက် တာအခုဆို ၄၃ ရုံရှိလာပြီဆိုတော့ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ကျတော့ ၄၃ ရုံဆိုတော့အင်မတန်နည်းတယ် ရုံ ပေါင်းက ၄၃ ရုံပိတ်ကားပေါင်း ၆၈ ပိတ်ကားရှိတယ် ၆၈ ပိတ်ကားလောက်က ရတဲ့ဝင်ငွေနဲ့ ရုပ်ရှင်ကားကြီး ရိုက်ရတဲ့အခါမှာ ဒီဘတ်ဂျက်က ကားကောင်းတစ်ကားထွက်ဖို့ အတွက်ပြန်ရနိုင်တဲ့ ငွေအမောက်နဲ့ ချိန်တဲ့အခါ ဇာတ်ကားအတွက် သုံးရတဲ့ဘတ်ဂျက်က အကန့်အသတ်ရှိနေတဲ့အခါမှာ စိတ်ကြိုက်အကောင်းဆုံး ဇာတ်ကားတစ် ခုထွက်လာဖို့ဆိုတာ ငွေများများသုံးဖို့လိုတယ် အဲ့တော့အဲ့ငွေကိုမသုံးနိုင်ဘူး တိုင်းပြည်တွင်းက နေပြန်မရနိုင်ဘူး မြို့အတော်များများမှာလည်း ရုပ်ရှင်ရုံကမရှိတဲ့အခါ ရုံတင်တဲ့အချိန်ကာလ အတွင်းမှာ ဝင်ငွေကပြန်မရနိုင်ဘူး အကန့်အသတ်ဖြစ်နေတယ် အဲ့ဒီအကန့်သတ်က ရုပ်ရှင်ရဲ့ကွာလတီကို ထိန်းချုပ်ထားတာ။ တိုင်းပြည်စီးပွား ရေးနဲ့ဆိုင်တယ်။

ဟင်္သာမီဒီယာ ။ ။ ကိုလွင်မိုးတို့အခုရုပ်ရှင်ရုံတွေ ထပ်ချဲ့ပြီးဆောက်နေတယ်ပေါ့ဆရာ အဲ့လိုမျိုး ရုပ်ရှင်ရုံ တွေများ လာတဲ့အခါ မှာရောဆရာ ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။

D.YZ။ ။ ရုပ်ရှင်ရုံတွေများလာတာနဲ့ အမျှတော့ဝင်ငွေကတက်လာမှာပဲ ဝင်ငွေတိုးတက်လာတာနဲ့အမျှ ဇာတ် ကားရဲ့အရည်သွေးကို မြှင့်ပြီးရိုက်လာနိုင်မှာပ ဲဒါတစ်ပိုင်းပေါ့ ဒီနောက်တစ်ခုက ဒီအများစုက ရုပ်ရှင်လောကရဲ့ ဖြန့်ချိရေးစနစ် တွေကိုနားမလည်ကြဘူး တကယ်တော့ဖြန့်ချိရေးလုပ်ငန်းက အရေးကြီးတယ် တိုင်းပြည်မှာက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ် အစိတ်လုံးလုံးရုပ်ရှင်ရုံတွေ ပျက်စီးသွားခဲ့တယ် ဆိုရှယ်လစ်စနစ်နဲ့အတူတူ တစ်ခါ တည်း ပြိုကျကုန်တဲ့အထဲမှာ ရုပ်ရှင်တွေလည်းပါတယ် ရုပ်ရှင်ရိုက်ဖို့အတွက် ဖလင်မရှိတော့တဲ့ကာလမှာ ဗီဒီ ယိုပေါ်လာတယ် ဗီဒီယိုဖြန့်ချိတဲ့စနစ်က အဲ့ဒီခေတ်ထဲကအတိုင်း မူပိုင်စနစ်လို့ခေါ်ဒေသအလိုက် မြို့ရွာ အလိုက်မူပိုင်ကြေးနဲ့ ဇာတ်ကားဖြန့်တဲ့စနစ် ပေါ်ပေါက်ခဲ့တယ် အဲ့ဒီကနေပြီးတဖြည်းဖြည်းနဲ့ ပြောင်းလာတဲ့အခါ မှာ အခုချိန်ထိတော့မူပိုင်စနစ်နဲ့ ဖြန့်ချိနေတာရှိသော်လည်း မူပိုင်စနစ်နဲ့ဖြန့်ချိရေးစနစ်က တော်တော်ပြိုလဲသွားပြီ အဲ့တော့ တစ်ပြိုင်နက်ထဲပိုကောင်းတဲ့စနစ်တစ်ခုပေါ့နိုင်ငံတကာမှာလည်းကျင့်သုံးနေတဲ့ Pre စနစ်ပေါ့ ပြည်သူ လူထုကို တိုက်ရိုက်ဖြန့်ချိရောင်းချတာ အဲ့လိုပြည်သူလူထုကို တိုက်ရိုက်ဖြန့်ချိတဲ့စနစ်က ခိုးကူးမရှိလျှင် အောင် မြင်နိုင်တယ် ခိုးကူးခွေရှိနေလျှင်တော့ ဒီ Pre စနစ်ကမအောင်မြင်နိုင်ဘူး မူပိုင်စနစ်မှာကမြို့နယ်အလိုက် မူပိုင် ရှင် တွေရှိတယ် အဲ့မူပိုင်ရှင်တွေကနေပြီး သူကလိုင်စင်ရှိတဲ့သူကိုသာ ဖြန့်ချိတယ် လိုင်စင်ရှိတဲ့ငှားရမ်းရေး တွေ လိုင်စင်ရှိတဲ့ ဖြန့်ချိရေးအသေးတွေက နေပြီးမြို့နယ်သေးသေး ကနေအဆင့်လိုက်အဆင့် လိုက်ဖြန့်ချိတာဖြစ်တဲ့ အတွက် သူကစည်းစနစ်တကျ တည်ဆောက်ထားတယ်လို့ ပြောလို့ရတယ် ဒီလုပ်ငန်းက အများပြည်သူကို တိုက်ရိုက်ရောင်းချတာ မဟုတ်ဘဲနဲ့ အများပြည်သူဈေးသက်သာစွာနဲ့ ငှားကြည့်နိုင်အောင်လို့ လိုင်စင် ကိုင် ဆောင်ထားတဲ့သူတွေကို လိုင်စင်ကိုင်ဆောင်ထားတဲ့သူ အချင်းချင်းပြန်လည်ရောင်းချတာ အဲ့တာကိုမူပိုင် စနစ်လို့ခေါ်တယ် အဲ့တော့မူပိုင်စနစ်က ဒီလောက်နှစ်တွေကြာလာ တဲ့အခါမှာမူပိုင်စနစ်က အသားထဲက လောက် ထွက်သူတွေရှိတယ် ဒီလုပ်ငန်းကိုပဲလုပ်ကိုင်ရင်းနဲ့ မမှန်မကန်လုပ်ကိုင်တဲ့သူတွေ ဒီလုပ်ငန်းဒီလောက ကြားထဲမှာများ လာတဲ့အခါ ဒီမူပိုင်စနစ်ကပြိုကျပျက်စီးလာတယ် ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင်က ဖြန့်ချိတဲ့အခါမှာ မှန်မှန်ကန်ကန်ဖြန့်ချိတာမဟုတ်ဘဲနဲ့ မူရင်းအချပ်တွေကိုဖြန့်ချိတာမဟုတ်ဘဲနဲ့ ကူးပြီးတော့ ဖြန့်ချိတဲ့အလုပ်တွေ လုပ်လာကျတဲ့အခါမှာဒီစီးပွားရေးကယိုင်လာတယ် ဒါကိုပြန်တဲ့မတ်ဖို့ ကဥပဒေစိုးမိုးဖို့လို တယ် ဥပဒေစိုးမိုးဖို့ဆိုတာ အခုအခြေအနေမျိုးမဟုတ်ဘူး ဥပဒေအတိအကျစိုးမိုးဖို့ လိုတယ်မမှန်မကန် လုပ် ကိုင်တဲ့ လုပ်ငန်းတွေဆို အရေးယူပေးရမယ် ဒီလိုဟာတွေမှာ ပျက်ကွက်တယ် ဒဏ်ငွေတစ်သောင်းနှစ်သောင်း လောက်နဲ့ ပြီးသွားတာတွေလည်း ရှိတဲ့အခါကျတော့ ပိုပိုပြီးတိုးပြီးအတင့်ရဲလာတဲ့ အခါမှာဒီခိုးကူး ကပိုပြီးကျယ် ပြန့်လာတယ်နောက်ဆုံးတော့ Pre စနစ်ကခိုးကူးရှိနေတဲ့အခါမှာ Pre စနစ်နဲ့ဖြန့်ချိတဲ့ အခါမှာပြည်သူလူထု ကို တိုက်ရိုက်ဖြန့်ချိတဲ့အခါမှာ လိုင်စင်ရှိစရာမလိုဘူး လိုင်စင်ရှိသူရောမရှိသူရော ဘယ်သူမဆို လွတ်လပ်စွာဝယ်ယူ နိုင်တယ် ဆိုတဲ့ဟာက ပိုကောင်းတဲ့ ပိုလွတ်လပ်တဲ့ ဖြန့်ချိရေးစနစ်ပေါ့ နိုင်ငံတကာမှာလည်း ဒီတိုင်းပဲ တရားဝင် အလိုက်ဖြန့်ချိတဲ့ DVD ကားတွေကို နိုင်ငံမှာတာဝန်ခံထားတဲ့သူက နေတစ်ဆင့်ဖြန့်ချိတယ် အဲ့ဒီအခါမှာ ပြည်သူ လူထုက တိုက်ရိုက်ဝယ်ကြည့်နိုင်တယ် ငှားကြည့်တာထက်တော့ ဝယ်ကြည့်တာက ဈေးပိုပေးရတယ် ကျွန် တော်တို့ တိုင်းပြည်ကတော့ ဆင်းရဲတဲ့အတွက် ရုပ်ရှင်ဆိုငှားကြည့်တဲ့ ယဉ်ကျေးမှုထွန်းကား လာတယ်ပေါ့ တဖြည်းဖြည်းနဲ့ Pre စနစ်သာအောင်မြင်လာမယ် တရားဥပဒေသာဖိဖိစီးစီးရှိလာမယ်ဆိုလျှင် Pre စနစ်နဲ့ ပြည်သူ လူထုကို အချပ်ရေများများ ရောင်းရမယ်ဆိုရင် အရေတွက်များတာနဲ့အမျှ တစ်ချပ်ခြင်းရဲ့ တန်ဖိုးကိုလည်း လျှော့ချပြီး ရောင်းလာနိုင်မယ် Pre စနစ်သာအောင်မြင်လာမယ်ဆိုရင် ဗီဒီယိုသာမကဘူး ရုပ်ရှင်ကားကြီးတွေ ကို ရုံတင်ပြီးလို့အချိန်ကာလကြာတဲ့အခါ ခြောက်လတန်သည် သတ်မှတ်ထားတဲ့ ကာလရောက်တဲ့အခါ ပြည်သူ ကို DVD အနေနဲ့ဖြန့်တဲ့အခါ ဝင်ငွေတစ်ခုရလာမယ် ရုပ်ရှင်ရုံတင်တဲ့ဝင်ငွေလည်းရမယ်ဆိုရင် ရုပ်ရှင်ဝင်ငွေ တိုး လာမယ် ဒီ Pre စနစ်ကတော့အောင်မြင်ဖို့လိုတယ် Pre စနစ်ကို ဥပဒေနဲ့အတိအကျ ပြဋ္ဌာန်းပြီးခိုးကူးခွေ မရှိ အောင် တိုင်းပြည်မှာလုပ်နိုင်မယ်ဆိုရင် ရုံတင်ရငွေနဲ့ အခွေရောင်းရငွေတွေရလာမယ်ဆိုရင် ရုပ်ရှင်ရိုက်တဲ့ အခါ ငွေသုံးလာနိုင်မယ် ရုပ်ရှင်ကွာလတီလည်းတက်လာမယ်။

ဟင်္သာမီဒီယာ ။ ။ အခုလက်ရှိ ကွာလတီကောင်းတဲ့ကားတွေက သိပ်မရှိတော့ အရေအတွက်ကို ဦးစားပေးတဲ့ သဘော သက်ရောက်နေတဲ့ အခြေအနေအပေါ် သုံးသပ်ပေးပါဦး

D.YZ ။ ။ ဒီကိစ္စကိုပြောရရင် တစ်နှစ်ကိုမြန်မာဗီဒီယိုကတစ်ထောင် ထောင့်နှစ်ရာလောက်ထွက်တယ် တိုက်ပေါင်း က နှစ်ရာကျော်လောက်ရှိတယ် ဒီလိုဗီဒီယိုကားတွေတစ်ထောင် ထောင့်နှစ်ရာ လောက်ထွက်တယ်ဆိုတာ များ လွန်းတယ် တိုင်းပြည်မှာဆိုရင်မလိုအပ်တဲ့ ဖျော်ဖြေရေးအတွက် အပျော်အပါး လိုက်စားတာ များလွန်းတယ်လို့ ပြောလို့ ရတယ်ပေါ့ဗျာ။ ဒါကလည်း စီးပွားရေးလုပ်ငန်း ဖြစ်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် တွေထုတ် လုပ်သူတွေကို သွားကန့်သတ်လို့မရဘူး သူမှာရှိတဲ့အရင်းနှီးနဲ့ သူတတ်နိုင်တဲ့ အနေထားကို ထုတ်လုပ်မှာပဲ အရေအတွက်များများ ထုတ်လုပ်မှ သူ့အတွက်မြတ်မယ် လုပ်ငန်းထူထောင်လို့ရမယ် အဲသူတွေရှိနေတဲ့ အဲလို ဖောင်းပွနေမှာပဲ ဒါကိုထိန်းချုပ်ဖို့ မလွယ်ကူဘူး အရေအသွေးကို ဂရုစိုက်တဲ့သူနဲ့ ဂရုမစိုက်တဲ့သူ ဒါကတော့ ပရိသတ်ကနေ ရွေးချယ်ဆုံးဖြတ်သွားရမှာပဲ ပရိသတ်က အရည်အသွေး ကောင်းတဲ့ကားတွေ ကိုပဲရွေးကြည့်ရင် အရည်အသွေး ကောင်းတဲ့ကားတွေပဲ ရောင်းရမှာပေါ့။

ဟင်္သာမီဒီယာ ။ ။ အခုရုပ်ရှင်လောကသားတွေအရှုံးပေါ်နေတယ်လို့ပြောတဲ့အပေါ်ဆရာဘယ်လိုမြင်လဲ။

D.YZ ။ ။ အရှုံးပေါ်တယ် ဆိုတာမှန်ပါတယ် ဘာလို့လဲဆိုရင် ကျွန်တော်ပြောတဲ့ ဖြန့်ချိရေးစနစ်တွေက တရားဥပ ဒေ စိုးမိုးမှုယိုယွင်းနေတဲ့ အချိန်မှာတော့ ဒီအရင်းအနှီးစိုက်ထုတ် ပြီးတော့ ထုတ်လုပ်ထားတဲ့ ဇာတ်ကားတစ်ခု ကို အရင်းပြန်ရဖို့မလွယ်ပါဘူး ဘာကြောင့်ဆိုတစ်နိုင်ငံလုံးမှာ ခိုးကူးတဲ့ သူအရေအတွက်က ပိုများလို့ အဲ့တော့ ခိုးကူးတဲ့သူများနေသရွေ့ ကားရဲ့အရင်းပြန်ရဖို့ မလွယ်ဘူး အနုပညာတစ်ခုထုတ်လုပ်တယ် ဆိုတာ တစ် ယောက် တည်းလုပ်လို့မရဘူး အသိပညာရှင် အတတ်ပညာရှင် တွေနဲ့ပူးပေါင်းလုပ်ရတာ ဆိုတော့ကုန်ကျ စရိတ်ရှိမယ် အဲ့ကုန်ကျစရိတ်ကို ပြန်ရမှသာလျှင်လည်း နောက်ထပ်ပြီးထုတ်လုပ်နိုင်မယ် ဒီလိုလက်ရှိတိုင်း ပြည်ရဲ့ အခြေအနေအရ ထုတ်လုပ်လိုက်တဲ့ ဇာတ်ကားရဲ့အရင်း ပြန်မရနိုင်ဘူး ဒီတော့အနုပညာရှင် တွေရဲ့ ဝင်ငွေကို ထိခိုက်တယ် ဒီတော့ထပ်ပြီး မထုတ်လုပ်နိုင်တော့ဘူး ဒါကိုဘာကြောင့်ဖြစ်ရတာလဲဆိုရင် တရား ဥပဒေစိုးမိုးမှု အားနည်းတယ်လို့ ကျွန်တော်တို့အမြဲပြောတယ် တကယ်တော့ ဒီထက်ပို ပြတ်သားတဲ့ ဥပဒေ လိုအပ်တယ် မှန်ကန်တဲ့တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေလိုအပ်တယ် ပြည်ထဲရေးလိုဌာန ကလည်း ဒါလက်ရှိ ဥပဒေအရဘယ်ဟာက ဥပဒေနဲ့ငြိစွန်းတယ်ဆိုတာ ခွဲခြားပြီးတော့နားလည်ဖို့လိုတယ် ဒီလိုမျိုး ရုပ်ရှင်ဥပဒေဟာ နားလည်ဖို့ခက်ခဲတယ်၊ ကျွန်တော်တို့ရုပ်ရှင်လောက ရှုံးတယ် မှန်တယ် ကျွန်တော်တို့ လောက က ကိုယ်ပိုင်မင်းသားရှိမှ ဇာတ်ကားရိုက်လို့ရမယ် မဟုတ်ရင် အောင်မြင်နေတဲ့ထိပ်ဆုံးရောက်နေတဲ့ မင်းသားသုံးလက် လောက်ကိုမှီခို ပြီးရိုက်ရမယ်ဆိုရင် သူတို့ဆီကရိုက်ရက်ရဖို့ အင်မတန်ခက်တယ် ဇာတ် ကားကောင်းကောင်း တစ်ကားရိုက်ဖို့ အတွက်လည်း အောင်မြင်နေတဲ့မင်းသားနဲ့ ရိုက်ရက်ရဖို့ ရက်စောင့် နေမယ်ဆို မလွယ်ဘူး ဘာကြောင့်ဆို သူတို့ကအချိန်မပေးနိုင်ဘူး အချိန်ကငွေနဲ့ ဆက်ထားသလို ဖြစ်နေ တာသူတို့လည်း အောင်မြင်ဖို့အချိန်တွေ အများကြီးပေးထားခဲ့ရတာ အောင်မြင်လာပြီဆိုတော့ သူတို့ ရက်တွေက အဖိုးတန်လာတယ် အဲ့တော့ ထုတ်လုပ်ရေး တိုက်တွေက ကိုယ်ပိုင်သရုပ်ဆောင် တွေကိုမွေးမြူ ရတယ် ရိုက်ကူးရတယ် ကိုယ်ပိုင်သရုပ်ဆောင်သစ် တစ်ယောက်ကို ပရိသတ်အားပေးဖို့ သိဖို့ဆိုတာ အရင်းနှီး ပြုကြရတယ် ဇာတ်ကားအရေအတွက်ပေါင်းမြောက်မြားစွာအရှုံးခံပြီးရိုက်ကြရတယ် ပရိသတ်မသိသေးခင်မှာ ဝင် ငွေ ပြန်မရသလောက်ဘဲ ပရိသတ်ကသိလာပြီ အားပေးလာပြီဆိုတော့မှ ဇာတ်ကားတစ်ကား ချင်းစီက ရ သင့် ရထိုက်တဲ့တန်ဖိုးကို အရင်းပြုကြရတယ် အဲ့လိုနဲ့ဒီလုပ်ငန်းကိုလည်ပတ်ကြရတယ် အချို့လည်း မအောင် မြင်ဘဲ ပျောက်ကွယ်သွားကြတယ် ဒါဒီလုပ်ငန်းရဲ့ သဘောသဘာဝပဲ။ အဲ့တော့ အောင်မြင်တဲ့ သရုပ်ဆောင် ဆိုတာ ရုပ်ရှင်လောကမှာ လက်ချိုးရေလို့ရတယ် သရုပ်ဆောင် အများစုကတော ့ဝင်ငွေနည်းကြတယ် မရိုက် ကြရဘူး ဇာတ်ပို့ဇာတ်ရံတွေဆိုတာတော့ မပြောနဲ့တော့ ထိပ်ဆုံးရောက်နေတဲ့ သရုပ်ဆောင်ကိုသာလျှင် ပရိတ် သတ်က ကွက်ပြီးမြင်တယ် သူတို့ပိုက်ဆံ အများကြီးရကြတယ် သူတို့အောင်မြင်ဖို့ ဖြတ်သန်းခဲ့ ရတာကို ပရိ သတ်က မမြင်ဘူး။သူတို့ကသူတို့ အောင်မြင်နေတဲ့ အခိုက်တန့်လေးမှာ သူတို့ဇာတ်ကားအရေအတွက် တွေ အများကြီးရိုက်ကျရတယ် နေပူမရှောင်မိုးရွာမရှောင် ဒါကိုကျွန်တော် စိတ်မကောင်းဘူး ဒါကလည်း အား ပေးတဲ့ ပရိသတ်အမှားမဟုတ်ဘူး ဖြန့်ချိတဲ့စနစ်ရဲ့အမှား သရုပ်ဆောင်တွေရဲ့ အောင်မြင်တဲ့ အခိုက်အတန့် မှာ ကားတွေအများကြီး ရိုက်အောင်တွန်းပို့ပေး နေတဲ့သဘော အနုပညာသမားတွေရဲ့ အရေအတွက် လျော့ကျ သွားအောင် မူပိုင်မင်းသားဈေးကွက်နဲ့ ဖြန့်ချိတဲ့စနစ်ရဲ့အမှားကြောင့် ဒီပြဿနာကြုံတွေ့ရတာ။ အရေအတွက် တွေ ဖောင်းပွပြီးတော့ မကောင်းတဲ့ကားတွေ ထွက်လာရတာက ကားတစ်ကားကို သုံးရက်နဲ့ရိုက်တယ် ငါး ရက်နဲ့ ရိုက်တယ် ဆိုတဲ့အဖြစ်ဆိုးတွေ ဖြစ်လာရတာဟာ ဖြန့်ချိရေးစနစ်ကြောင့်ပဲ မူပိုင်ဖြန့်ချိရေး စနစ်မှားတယ် လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ဘူး မင်းသားဈေးကွက်နဲ့ ဖြန့်ချိတဲ့အချက်ကြောင့် ဒီလိုမျိုးတွေဖြစ်လာတာ။ မင်း သားဈေးနှုန်းက ဘာလဲဆိုရင် ဥပမာလက်ရှိနာမည် အရမ်းကြီးနေတဲ့ မင်းသား ဘာကားရိုက်ရိုက် ဆယ်သိန်း ကောင်းတာရော မကောင်းတာ ရောပေးတယ် ဒီတော့ကြိုးစားလိုစိတ် နည်းလာတယ် နွားထီး ငါးကျပ် နွားမ ငါးကျပ် ဖြစ်လာတဲ့အခါမှာ ဈေးကွက်သတ်မှတ်မှု ရှိပြီးသားဆိုတော့ ကားကောင်းဖို့ အဓိက မဟုတ်တော့ဘူး ကားဖြစ်ဖို့ပဲ အရေးကြီးတယ်ဆိုတာမျိုး ဖြစ်လာတယ် အဲ့တော့ ဈေးကွက်ရဲ့ သတ်မှတ်မှုပုံ လွဲမှားမှုရယ်ကနေ ပြီးတော့တစ်ဆင့် ပြန်လည်ဖြန့်ချိတဲ့အခါမှာ နယ်တွေကိုရောက်သွားတဲ့အခါ မြန်မာနိုင်ငံရဲ့ အခြေအနေအရ လမ်းပန်းဆက်သွယ်မှု အခက်ခဲတွေရှိတယ် အဲ့ဒိကရွာလေးတွေမြို့လေးဆိုရင် တစ်လမှတစ်ခါလောက် နှစ်ခါ လောက်ပဲ မြို့ကြီးကိုတက်လာပြီး ဒီဇာတ်ကားကိုဝယ်တယ် အဲ့ခါမှာ တစ်လတွင်း ထွက်ထားတာ ဆယ်ကားရှိ ရင် ဆယ်ကား ဒီဆယ်ကားလုံးကို မူပိုင်ဖြန့်ချိသူ တစ်ဆင့်ခံဖြန့်ချိသူက ကားတွေအားလုံးကိုတွဲလိုက်တယ် ဒီ ကားထဲမှာ အကောင်းဆုံး မင်းသားဇာတ်ကား နှစ်ကားပါမယ် အလယ်အလတ်ကား သုံးလေးကားပါမယ် အောက်ကားလို့ခေါ်တဲ့ ဈေးနှုန်းချိုချိုနဲ့ အရင်းနည်းနည်းနဲ့ ရိုက်ထားတဲ့ကား လေးငါးကားလောက်ပါမယ် တွဲပြီးပေးလိုက်မယ် သူကတစ်ခေါက်လာတဲ့ အခါမှာတွဲပြီးပေးလိုက်တော့ တွဲရောင်းတဲ့ စနစ်ကြီးပေါ်လာတယ် တွဲရောင်းတဲ့ အခါကျတော့ ဒီဆယ်ကားလုံးဆို ငါးထောင်တစ်သောင်းပဲ ပေးဆိုတာဖြစ်လာတယ် အဲ့ခါမှာ ကောင်းကောင်း မကောင်းကောင်း ကြိမ်နှုန်းနဲ့ တန်းညှိလိုက်တဲ့ အခါမှာကားရဲ့ကွာလတီကို မကြည့်တော့ဘူး အရေတွက် ကိုပဲကြည့်တော့တယ် ဒါကိုရုပ်ရှင်အစည်းရုံး ကသော်လည်းကောင်း ထုတ်လုပ်သူက သော် လည်းကောင်း တွဲရောင်းခိုင်းတာ မဟုတ်ဘူးနယ်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ တစ်ဆင် ခံဖြန့်ချိသူတွေ ကလာတုန်းမှာ အဆင်ပြေအောင်လုပ်ပေးရင်းနဲ့ တွဲရောင်းတဲ့စနစ်ကြီးဖြစ်သွားရတယ် အဲ့ဒီစနစ်က အခုရန်ကုန်ကတိုက်တွေကိုပါ ကူးစက်လာပြီ တရားဝင်လုပ်ပေးတာ မဟုတ်သော်လည်း တရား ဝင်ကဲ့သို့ ဖြစ်လာပြီ အဲ့အခါမှာ အရေအတွက်က အရေးကြီးလာပြီး အရည်အသွေးက အရေးမကြီးသလို ဖြစ် လာတယ် အဲ့ဒါသည် မူပိုင်စနစ်နဲ့ဖြန့်ချိတာကို ဖျက်ဆီးလိုက်ခြင်းတစ်ခုပဲ။ ဒါကိုဖြေဖျောက်နိုင်တာ Pre စနစ်ပဲ အများပြည်သူကို တိုက်ရိုက်ရောင်းချတာ ဖြစ်တဲ့အတွက် ကားကောင်းရင် များများရောင်းရမယ် မခိုးတာ မခိုး ကူးနဲ့ အဲ့ဒါသည် အရည်အသွေးကောင်းကို ဖြစ်ပေါ်လာစေမယ့် စနစ်ပဲ။

ဟင်္သာမီဒီယာ ။ ။ အစိုးရက ရုပ်ရှင်လောကကို ဘတ်ဂျက်ထောက်ပံ့တာမျိုး လုပ်ပေးဖို့လိုတယ် ဆိုပြီး ပြောတာမျိုးတွေ ရှိ တယ်၊ နိုင်ငံတကာမှာရော အဲ့ဒီလိုထောက်ပံ့ပေးမှုမျိုးတွေရှိလား၊ ထောက်ပံမှုပေးဖို့ လိုအပ်တယ်ဆိုတဲ့ အပေါ်ကို ဘယ်လို သုံးသပ်ပါသလဲ။

D.YZ ။ ။ နိုင်ငံတော်ကထောက်ပံ့ကူညီဖို့ ဆိုတာ ကျွန်တော်နားလည် တဲ့အပိုင်းကို ပြောပြရရင် မြန်မာပြည်မှာ လက်ရှိအ ချိန်မှာ ဘာတွေထွက်လာမလဲ ဆိုတာကို ကမ္ဘာကစိတ်ဝင်စားနေတဲ့ တိုင်းပြည်ဖြစ်နေတယ်၊ ဒီလိုအချိန်မျိုးကို တောင်ကိုရီးယား နိုင်ငံလည်း ကြုံဖူးတယ်၊ တောင်ကိုရီးယားနိုင်ငံက သူရဲ့နိုင်ငံထုတ်ကုန်တွေကို ရောင်းချဖို့အနုပ ညာလက်နက်ကို အသုံးပြုတယ်၊ ရုပ်ရှင်လောကကို စနစ်တကျ အကယ်ဒမီတွေ University တွေ ထူထောင်ပြီး တော့ သင်တန်းတွေသင်ပေးပြီးတော့ Product ထုတ်ပေးဖို့ နိုင်ငံတော်က ကူညီပေးတယ်၊ ဒါကိုလည်း ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာန လက်အောက်မှာ ထားပြီးတော့ ဒီလုပ်ငန်းကိုလုပ်တယ်၊ စီးပွားရေးလုပ်ငန်းကဲ့သို့ တင်မဟုတ်ဘဲ လက်နက်ကိရိယာ တစ်ခုအနေနဲ့ပါ သုံးပြီးတော့ ကမ္ဘာကိုထိုးဖောက်တယ်၊ အဲ့တော့ သူ့ရဲ့ကင်မ်ချီတွေ နောက် ဆက်တွဲ ထုတ်ကုန်တွေ အားလုံးကိုကိုရီးယား ရုပ်ရှင်တွေ ပေါက်သွားတာနဲ့အမျှ နောက်ကနေတွဲပြီးတော့ ရောင်းတယ်၊ ကျွန်တော်တို့တိုင်းပြည်ကလည်း နောက်ကျပြီးမှ လွတ်လပ်လာတဲ့ တိုင်းပြည်လို့ပြောလို့ရတယ်၊ အဲ့ တော့ ဒီလိုအချိန်မျိုးမှာ ဒါကိုအာရုံစိုက်ပြီးတော့ နိုင်ငံတော်က လက်နက်တစ်ခု အနေနဲ့အသုံးပြုပြီးတော့ ကမ္ဘာ့ ဈေးကွက်ကို ထိုးဖောက်ဖို့ စိတ်ကူးရှိတယ် ဆိုရင်တော့ ဒီအနုပညာ ထုတ်ကုန်လမ်းကြောင်းဟာ မြန်မာ့ယဉ် ကျေးမှုတွေဟာ ကမ္ဘာနဲ့စိမ်းတဲ့အတွက် အင်မတန်အသုံးပြုလို့ကောင်းတဲ့ လက်နက်တစ်ခုပဲ၊ နိုင်ငံတော်ဘက်က ဒါကို စိတ်ဝင်စားမယ်၊ အသုံးပြုပြီးတော့ ထိုးဖောက်မယ်ဆိုရင် နောင်ကိုမြန်မာ့ထုတ်ကုန်တွေကို ထုတ်ရောင်းဖို့ အတွက် ရုပ်ရှင်အနုပညာကို ရှေ့ကနေခင်းပြီးတော့ နိုင်ငံတကာဈေးကွက်ကို တိုးဝင်သွားမယ်ဆိုရင် ဖြစ်နိုင်တဲ့ ရနိုင်တဲ့ Credit ဖြစ်တဲ့အတွက် ဒါကိုအသုံးရကောင်းမှန်းသိရင် အသုံးချချင်ရင်တော့ နိုင်ငံတော်ရဲ့ အားပေးမှု ကူညီဖို့ အများကြီးလိုအပ်တယ်၊ အဲ့လိုမှမဟုတ်ရင်တော့ ရုပ်ရှင်လောကက ရုပ်ရှင်လောကပဲ သူ့ထုတ်လုပ်သူနဲ့ သူ သူ့ဈေးကွက်နဲ့သူ လုပ်ဖို့ ဖြည်းဖြည်းကြီးထွားလာဖို့ ဆိုရင်တော့ ဒီတိုင်းပြည်ထဲ မှာပဲ တရားဥပဒေစိုးမိုးတဲ့ အ ချိန်တစ်ခု ရောက်သွားပြီဆိုရင် ဒါရုပ်ရှင်လောက က တဖြည်းဖြည်းချင်းတိုးတက်လာမှာပဲ၊ ဒီမှာက လိုအပ်တဲ့ ချေး ငွေကိစ္စတွေ ဘဏ်ကိစ္စတွေကတော့ ကူညီဖို့ လိုရင်လည်း လိုအပ်မယ်၊ နိုင်ငံတော်ကနေပြီးတော့ ထုတ်လုပ်သူတွေ ကို တကူးတကကြီး ထောက်ပံ့ဖို့တော့ မလိုပါဘူး။

ဟင်္သာမီဒီယာ ။ ။ မြန်မာကားတွေ အရည်အသွေးမရှိတာ နည်းပညာလိုအပ်ချက်ကြောင့်လို့ ပြောတာတွေ ရှိတယ်၊ နည်းပညာမလို အပ်ဘဲနဲ့ရော ဇာတ်ကားကောင်းတွေ ထုတ်လုပ်လို့မရနိုင်ဘူးလား ဆိုတာ ပြောပြပေးပါ။

D.YZ ။ ။ ရပါတယ်၊ နည်းပညာကြောင့် မြန်မာကားတွေ အရည်အသွေးနိမ့်နေတာ မဟုတ်ပါဘူး၊ မြန်မာကားတွေ အရည် အသွေး နိမ့်နေတာဟာ ရိုက်ကူးထုတ်လုပ်တဲ့ ထုတ်လုပ်ရေးတွေဟာ မြန်မာပရိသတ်နောက်ကို လိုက်ကြတယ်၊ ဘာကြောင့်လဲဆိုတော့ အများစုမြန်မာပရိသတ်တွေက မြန်မာကားဆိုရင် ဒီလိုကားမျိုး တွေပါပဲလို့ အရိုးစွဲမြင်နေ ကြတဲ့ ပရိသတ်တွေရှိတယ်၊ အဲ့ဒါကြောင့် အဲ့ဒီပရိသတ်တွေအတွက် ထုတ်လုပ်သူ တွေကနေပြီးတော့ ပရိသတ် အကြိုက် ဝင်ငွေရအောင် ကားကိုရိုက်တဲ့ အခါမှာ ခုလိုစကားတွေ ထွက်ပေါ်လာတာ များတယ်၊ ဘာလို့ဒီလို ဖြစ် ရတာလဲ ဆိုရင် ပရိသတ်နောက်ကို လိုက်လို့ပဲလို့ ပြောရမှာပါပဲ၊ ပရိသတ်နောက်ကို ဘာလို့လိုက်ရတာလည်း ဆို ရင် ငွေကြေးအရ အောင်မြင်ချင်လို့ပဲ ပြောရမှာပါ၊ အဲ့တော့ မြန်မာပရိသတ်အများစုကလည်း ရုပ်ရှင်ကိုသွားကြည့် တဲ့ ပရိသတ်နဲ့ ဗီဒီယိုကြည့်တဲ့ ပရိသတ်နဲ့ အရည်အသွေးချင်း မတူကြဘူး၊ အဲ့တော့ရုပ်ရှင်ရုံကို သွားကြည့်တဲ့ပ ရိသတ်က များသောအားဖြင့် အပေါ်အပါး ဟာသဇာတ်ကားတွေကို သွားကြည့်တာများတာကြောင့် ထုတ်လုပ် သူတွေကလဲ အဲ့လိုဇာတ်ကားတွေကို လိုက်ရိုက်ကြတယ်၊ မြန်မာရုပ်ရှင်ကားက ပြောရရင် ရုပ်ရှင်ကားနဲ့မတူဘူး၊ ပြဇာတ်တစ်ခုကို ရိုက်ပြထားသလိုပဲ၊ အဲ့တောရုပ်ရှင်ကားတစ်ကား အဆင့်မြင့်ဖို့ဆိုတာထက် ရုပ်ရှင်ပီပီသသ တင်ပြဖို့ဆိုတာ တကယ့်သဘာဝကျကျ သရုပ်ဆောင်ထားတဲ့ အဖြစ်ပျက်တစ်ခုကို အပြင်မှာ ဖြစ်နေတဲ့အတိုင်း မြင်နေရသလိုမျိုး အသက်ဝင်အောင် ရိုက်ပြဖို့ လိုတာကိုး၊ ရုပ်ရှင်က သူ့သီအိုရီနဲ့သူရှိတယ်၊ အဲ့တော့ အများ ပြည်သူနားလည်တဲ့ ပုံသဏ္ဍာန်နဲ့ ဒီနိုင်ငံတကာက နားလည်ထားတဲ့ ရုပ်ရှင်ရဲ့သီအိုရီက ကွဲပြားနေတယ်၊ ဒါကို ရိုက်ကူးတဲ့သူတွေ ကိုယ်တိုင်က အကောင်းဆုံးရိုက်ပြနိုင်လို့ရှိရင် ပီပြင်တဲ့ရုပ်ရှင်တွေ ဖြစ်လာမှာပါ၊ ဒါကနည်း ပညာနဲ့ မဆိုင်ပါဘူး။

ဟင်္သာမီဒီယာ ။ ။ ဈေးကွက်ကို လူကဖန်တီးတာလား၊ လူကဈေးကွက်နောက်ကို လိုက်နေရတာလား၊ အရင်တုန်းက သင်္ကြန်မိုးလို ကားမျိုးဆိုရင် အနုပညာဖန်တီးမှုကို ပရိသတ်ကလိုက်ကြည့်တာ၊ ခုတော့ပရိသတ်ကြည့်ချင် တာကို လိုက်ရိုက်ရ တဲ့ ပုံစံမျိုးဖြစ်နေတာကို ပြောပြပေးပါဦး။

D.YZ ။ ။ ပြောရမယ်ဆိုရင် ဘာဖြစ်လို့ ပေါတဲ့ကားတွေ များလာလဲလို့ ပြောရမယ်ဆိုရင် ပေါတဲ့ကားကို ကြည့်တဲ့ပရိသတ် တွေများလာလို့ ပြောရမှာပဲ၊ ပေါတဲ့ကားသာလျင် ငွေပိုရတယ်ဆိုပြီးတော့ ထုတ်လုပ်သူတွေက ရိုက်ကြတယ်၊ ထုတ်လုပ်ကြတယ်၊ ဆိုတော့ဒါကတော့ ရုပ်ရှင်ဇာတ်ကားတစ်ကား ထုတ်လုပ်ရတယ်ဆိုရင် ငွေကြေးရင်းနှီးမြှုပ်နှံ မှုကြီးမားပါတယ်၊ အဲ့တော့ ကိုယ့်ရဲ့ကားကို ပရိသတ်လာကြည့်ဖို့ဆိုတာ အင်မတန်ကြီးတဲ့ Risk ကိုယူပြီးတော့ ရိုက်ကူးထုတ်လုပ်ရတာ၊ ရုပ်ရှင်ဇာတ်ကားတစ်ခုကို ပရိသတ်ဘယ်လောက် အားပေးမလဲဆိုတာ unseen ပဲ မ မြင်ရဘူး၊ ရှေ့ခေတ်တုန်းက ကြည့်ရမယ်ဆိုရင် ဆရာမောင်ဝဏ္ဏ ရိုက်တဲ့ “လွမ်းအောင်ရယ်တတ်သူ” ဆိုရင်ရုံထဲ မှာ လူမရှိဘူး၊ “ခုနစ်စင်အလွမ်း “ ဆိုရင်လဲ လူမရှိဘူး၊ အကယ်ဒမီရတော့မှသာ လူတွေက ပြန်ပြမှသာလာကြည့် ကြတာ၊ ဆိုတော့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖန်တီးပြီးတင်ဆက်ခဲ့သော်လည်းပဲ ပရိသတ်အများစုက နား လည်နိုင်တဲ့ အခြေအနေ အားပေးနိုင်တဲ့ အခြေအနေမရှိဘဲ ပျက်ကွက်ခဲ့တာကို တွေ့ရတယ်၊ အဲ့တော့ အများ နားလည်တဲ့ အများကြိုက်တဲ့ ကားမျိုးတွေထုတ်လုပ်ရတာက ရင်းနှီးထားတဲ့ ငွေကြေးတွေ တစ်စုံတစ်ရာ အ နည်းဆုံး အရင်းပြန်ရနိုင်တယ်ဆိုတဲ့ အခြေအနေမျိုး ရှိတဲ့ဇာတ်လမ်းမျိုးတွေကိုပဲ ရွေးပြီးရိုက်ရတဲ့ အခြေအနေကို ရောက်လာတယ်၊ ရုပ်ရှင်ရုံအရေအတွက်ကလည်း နည်းတဲ့အတွက် ပြခွင့်ရတဲ့ မြို့အရေအတွက်ကလည်း နည်းတဲ့အ တွက် ပြန်ရနိုင်တဲ့ ငွေကြေးအရေအတွက် ကလည်းနည်းတယ်၊ အဲ့တော့အရင်တုန်းက သင်္ကြန်မိုးလို ဇာတ်ကားကြီး ရိုက်နိုင်ခဲ့တယ် ဆိုတာကျတော့ အရင်တုန်းက ရုပ်ရှင်ရုံပေါင်းက ရာနဲ့ချီရှိတယ်၊ လေးရာငါးရာလောက် ရုံတွေ ရှိတဲ့အချိန်မှာ တစ်မြို့နည်းနည်းစီရရင်တောင် အရင်းပြန်ရဖို့က မခက်ခဲဘူး၊ မြို့ပေါင်းမြောက်များစွာမှာ ရုပ်ရှင်ရုံတွေ အများကြီးရှိတဲ့အတွက် ဒီလိုကားမျိုးတွေကိုလည်း ခမ်းခမ်းနားနား ရိုက်ကူးထုတ်လုပ်နိုင်ခဲ့တယ်၊ ဒါဘာလို့လဲဆိုရင် ငွေကြေးသုံးနိုင်လို့ ငွေကြေးသုံးနိုင်တဲ့ အကြောင်းအရင်းက ရုပ်ရှင်ရုံတွေ အများကြီးရှိတဲ့အတွက် ငွေကြေးပြန်ရ နိုင်တဲ့ အနေအထားရှိလို့ စစ်အစိုးရ လက်ထက်တစ်လျှောက်လုံးမှာ ရုပ်ရှင်ရုံတွေ ပျက်စီးသွားပြီးတဲ့ အချိန်က စပြီးတော့ ရုပ်ရှင်ရဲ့အရည်အသွေး ကျဆင်းခဲ့ရတာ၊ တိုက်ရိုက်အချိုးကျပါတယ်၊

ဟင်္သာမီဒီယာ ။ ။ နိုင်ငံခြားကားကူးခွေတွေ ရောင်းချခွင့်ပိတ်လိုက်တယ်နောက်ပြီးနိုင်ငံခြားကား တွေပိတ်လိုက်ရင် မြန်မာကားတွေကို လူပိုကြည့်လာနိုင်မယ်လိုမြင်နေတဲ့အပေါ်ရော ဘယ်လိုသုံးသပ်လဲခင်ဗျာ။

D.YZ ။ ။ နိုင်ငံခြားကားတွေကို ရောင်းခွင့်ပိတ်လိုက်တယ်ဆို မြန်မာကားတွေကို ပိုကြည့်နိုင်လားဆိုတာက အထင်အမြင် လွဲမှားနေတဲ့ မေးခွန်းတစ်ခုပဲ၊ တကယ်တော့ နိုင်ငံခြားကားကြည့်တဲ့ ပရိသတ်နဲ့ မြန်မာကားကြည့်တဲ့ ပရိသတ် ဘာ conflict မှမရှိပါဘူး၊ နိုင်ငံခြားကား အခွေတွေဟာ ခိုးကူးခွေအနေနဲ့ ဘာလို့ရှိနေတာလဲဆိုရင် ကျွန်တော်တို့ တိုင်းပြည်က ဆင်းရဲတယ်၊ နိုင်ငံခြားကား ခိုးကူးတွေမဟုတ်ဘဲ တရားဝင်ဖြန့်မယ်ဆိုရင် ကျွန်တော်တို့ဝယ်မ ကြည့်နိုင်ပါဘူး၊ ဇာတ်လမ်းတစ်ခွေကို ၂၅ ဒေါ်လာကနေ ဒေါ်လာ ၅၀ ကြားလောက်ပေးရပါတယ်၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဝယ်မကြည့်နိုင်ပါဘူး၊ ကိုယ်တိုင်လည်း နိုင်ငံခြားကားခိုးကူးခွေတွေပဲ ကြည့်ရပါတယ်၊ နိုင်ငံခြားခိုးကူး ခွေတွေကို ပိတ်ဖို့၊ ဖမ်းဖို့ ရုပ်ရှင်အစည်းအရုံးကလဲ မပြောဘူး၊ ရုပ်ရှင်လောကသားတွေကလဲ မပြောဘူး၊ ကျွန် တော်တို့လည်း အဲ့ဒါကိုမပိတ်စေချင်ဘူး၊ ဒါပေမယ့် ဥပဒေအရ စစ်အစိုးရလက်ထက်တုန်းက ပြဋ္ဌာန်းထားတဲ့ ၁၉၉၆ ရုပ်ရှင်ဗီဒီယို ဥပဒေကတော့ ဆင်ဆာမဲ့ဆိုရင် ခိုးကူးခွေတွေလို့ပဲ သတ်မှတ်ထားတယ်၊ အဲ့တော့ဥပဒေနဲ့ ငြိစွန်း နေတယ်၊ ဥပဒေနဲ့ညီအောင် ဘယ်လိုလုပ်မလည်းဆိုတာကတော့ အစိုးရကစဉ်းစားရမယ့် ကိစ္စတစ်ခုပဲ၊ တိုင်းပြည် က ဆင်းရဲတဲ့အတွက် ညာဏပစ္စည်းမူပိုင်ခွင့်တွေက ဒီတိုင်းပြည်ထဲမှာ တရားဝင်စတင်ပြီး အရေးယူလို့ရပြီဆိုတဲ့ အခြေအနေမျိုးမရှိသေးဘူး၊ မရှိသေးတဲ့ကာလမှာ ကျွန်တော်တို့က နိုင်ငံခြားကားဆို ခိုးကူးခွေတွေကိုပဲ အားကိုး ပြီး ကြည့်ရှုနေရဦးမှာပဲ၊ အများပြည်သူက ကြည့်ချင်သလို ကျွန်တော်တို့ကလည်း ကြည့်ချင်တယ်၊ အဲ့တော့ဒါကို တော့ မဖမ်းစေချင်ဘူး၊ သို့သော် ဒါဟာဥပဒေနဲ့ မညီတဲ့ကိစ္စတစ်ခုဖြစ်တဲ့ အတွက် ဥပဒေနဲ့ညီအောင် အစိုးရက နေပြီးတော့ အသေအချာစဉ်းစား တိုင်ပင်ပြီးလုပ်ရမယ့် ကိစ္စတစ်ခုလို့တော့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော် တို့က ဥပဒေနဲ့အညီ အရေးယူပေးစေချင်တယ် ဆိုတာက ဒီမှာထုတ်လုပ်သူ၊ ရင်းနှီးမြှုပ်နှံထားသူတွေရှိတဲ့ သီ ချင်းခွေ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား အခွေတွေ အငြိမ့်ခွေတွေ ပြဇာတ်အခွေတွေ ကိုခိုးတဲ့သူတွေကိုသာ ကျွန်တော်တို့က အရေးယူပေးပါလို့သာ တောင်းဆိုချင်တာ၊ ၉၆ တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကလည်း စစ်အစိုးရ လက်ထက်တုန်းက ထုတ်ခဲ့တဲ့အတွက်ကြောင့် ထုတ်လုပ်သူတွေကိုသော် လည်းကောင်း၊ အနုပညာသမားတွေ ကိုသော်လည်းကောင်း၊ ကာကွယ်တဲ့ဥပဒေ မဟုတ်ဘူး၊ မပြည့်စုံဘူး၊ အဲ့အတွက် ခုရုပ်ရှင်ဥပဒေအသစ် ရေးဆွဲ ထားတယ်၊ အဲ့ဥပဒေကို သေချာပြန်လည်သုံးသပ်ပြီးတော့ ခေတ်နဲ့လျော်ညီအောင် အမြန်ဆုံးပြဋ္ဌာန်းပေးစေချင် တယ်။ နိုင်ငံခြားကားတွေ ဖမ်းလို့ မြန်မာကားတွေကို လူပိုကြည့်လာမှာလား ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ အနေနဲ့ တစ်ခါမှ မစဉ်းစားဖူးဘူး၊ နှိုင်းယှဉ်စရာမဟုတ်တဲ့ ကိစ္စနှစ်ရပ်ပါ၊ ကျွန်တော်တို့ခေါင်းထဲမှာ လုံးဝမရှိပါဘူး။

ဟင်္သာမီဒီယာ ။ ။ မြန်မာရုပ်ရှင်ကားတွေကို ခိုးကူးတဲ့သူတွေကို ဖမ်းခိုင်းတယ်၊ ဒါပေမယ့် အချို့သောမြန်မာကားတွေဟာ နိုင်ငံခြား ကားတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တစ်ကားလုံးဖြစ်စေ၊ နောက်ဆုံးအချို့ကားတွေဆို ပိုစတာ၊ ဗီနိုင်းတို့ကအ စ ကူးယူမှီငြမ်းထားတာတွေရှိတယ်၊ ကိုယ်တိုင်ကသူများဆီက ကူးထားတာဖြစ်နေတယ်ဆိုတော့ အဲ့နှစ်ခုကို ဘယ်လို မြင်ပါသလဲ။

D.YZ ။ ။ ကျွန်တော်နှစ်ပိုင်းခွဲဖြေပါမယ်၊ ဒီဘက်ကပိုင်ရှင်ရှိတဲ့ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းစသဖြင့် ပေါ့၊ ဒါတွေကို မကူးရဘူးဆိုတာက ဥပဒေကပြဋ္ဌာန်းထားတာ၊ လောကပါလတရားထဲမှာလည်း ပါပြီးသား သူတစ်ပါးပိုင်ဆိုင် တဲ့ ပစ္စည်းကို မခိုးရဘူး၊ မကူးရဘူး၊ ဒါတွေကခိုးရင် ကူးရင် ဒါကဥပဒေနဲ့အညီ အရေးယူရ မယ်ဆိုတာကတော့ အမှန်တရားတစ်ခုပဲ၊ ဒါကသက်သက်ပဲ၊ တခြားတစ်ဖက်က သူများနိုင်ငံက ရုပ်ရှင်ဇာတ် ကားတစ်ခုကို မှီငြမ်းတာ၊ ခိုးကူးပြီးရိုက်တာ ပိုစတာပုံက အစအကုန်ခိုးချတာ စတဲ့ အဲ့လိုမျိုးလုပ်တဲ့ အပိုင်းက တော့ နိုင်ငံတကာမှာလည်းပဲ ဇာတ်ကားတစ်ကား ကောင်းပြီဆိုရင် တစ်နိုင်ငံက ဇာတ်ကားတစ်ကားကို နောက် ထပ်နိုင်ငံတွေက ပြန်ရိုက်တာတွေရှိတယ်၊ ပြန်ရိုက်တဲ့အခါမှာတော့ ရိုးသားဖို့လိုတယ်၊ ကိုယ်သည် သည်ဇာတ် ကားကို ပြန်လည်ဆန်းသစ် ဖန်တီးရိုက်ကူးပါသည်လို့ တရားဝင်စာတန်းတော့ ထိုးပေးဖို့လိုအပ်တာပေါ့၊ ဒါဟာ ခိုးတာမဟုတ်ဘူး၊ သူ့ရဲ့အနုပညာတစ်ရပ်ကို ကြိုက်လို့ လေးစားလို့ အားကျလို့ ကိုယ့်ရဲ့ဘာသာစကားနဲ့ ကိုယ့် တိုင်းပြည်ကလူတွေကို ကြည့်လို့ရအောင် ကိုယ့်ရဲ့လူနေမှု စရိုက်အလေ့အထနဲ့ အညီ ပြန်ရိုက်တာကြောင့် ပြန်လည်ရိုက်ကူးပါသည် လို့တော့ရိုးသားစွာ ကြေညာဖို့တော့လိုပါတယ်၊ Credit ပေးဖို့လိုတယ်၊ မူလပိုင်ရှင်ကို သူများနိုင်ငံတွေမှာလည်း အဲ့ဒီလိုယဉ်ကျေးမှုရှိတယ်၊ ကျွန်တော်တို့ရိုက်တဲ့ အခါမှာလည်း ကျွန်တော်တို့ကြိုက် တဲ့နိုင်ငံက ဇာတ်ကားကို မှီငြမ်းတယ်၊ ရိုုက်ကူးတယ်၊ ကျွန်တော်ရိုက်တဲ့ ကားမှာလည်း အဲ့လိုရိုက်တဲ့ ကားမျိုး တွေရှိတယ်၊ ရိုက်တဲ့အခါမှာ ကျွန်တော်တို့ တရားဝင်စာတန်းထိုးတယ် ထင်သာမြင်သာစွာနဲ့ပဲ ဒီဇာတ်ကားကို မှီငြမ်းပြီးတော့ ရိုက်ကူးပါသည်၊ ဘယ်နိုင်ငံက ဒါရိုက်တာဘယ်သူ၏ ဇာတ်ကားကို ရိုက်ကူးပါသည်လို့ ထင်သာ မြင်သာစွာ စာတန်းထိုးပါတယ်၊ အဲ့ဒါကပြန်လည် ဖန်တီးခြင်း၊ ပြန်လည်ဖန်တီးပိုင်ခွင့် ရှိတယ်၊ အဲ့တော့ဒီလို မဟုတ်ဘဲ မပြောဘဲနဲ့ ခိုးသုံးထားတယ်ဆိုရင်တော့ သိသွားတဲ့အခါမှာ သူခိုးလို့ပြောခံရမှာပဲ၊ ဒါရှင်းရှင်းလေးပဲ၊ ကိုယ်ကိုယ်တိုင်က ကြေညာထားရင်တော့ ဒါယဉ်ကျေးမှုပဲ၊ ကျွန်တော်ရိုက်ဖူးခဲ့တဲ့ ဇာတ်ကားမှာဆိုရင် စာတန်းထိုးပေးတယ်၊ ကျန်တဲ့တခြားသူတွေတော့ မပြောတတ်ဘူး၊ ဒါကတော့သူတို့ အပိုင်းပဲလေ၊ သူများနိုင်ငံတွေမှာတော့ တတ်နိုင်တဲ့သူတွေက ဝယ် ယူပြီးရိုက်တယ်၊ ကျွန်တော်တို့ကတော့ မဝယ်ယူနိုင်ပေမယ့် လေးစားကြိုက်နှစ် သက်လို့ မှီငြမ်းရိုက်ကူး ပါသည် လို့ တရားဝင်စာသားထိုးပေး ရင်တော့ ကျွန်တော်တို့က ခိုးယူတာမဟုတ် တော့ ဘူး၊ ကျွန်တော်တို့က သူ့ရဲ့ဇာတ် လမ်းကျောရိုးကို ယူပြီးတော့၊ ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ ဓလေ့ စကား တွေသုံးပြီး ပြန်လည်ဖန်တီးတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ဝန်းကျင်က ဟောလီးဝုဒ်မှာ ရိုက်ခဲ့တဲ့ကားတွေကို ဥရောပနိုင်ငံတွေမှာ ပြန်ရိုက်တာလည်း အများကြီးပါပဲ၊ ဒါကတောဓလေ့တစ်ခုပါပဲ၊ ရိုးသားမှုရှိဖို့တော့ လိုပါတယ်၊ အဲ့တော့ဒီမေးခွန်းက သီးခြားစီခွဲပြော ရမယ့် အပိုင်းလို့မြင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ အခုလက်ရှိ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ လူပြောများနေတဲ့ မြန်မာပေါကားများရပ် ဆိုတဲ့ Event အပေါ်မှာ ဘယ်လိုမြင်လဲ၊ အချို့အနုပညာရှင် အချို့ရဲ့ ဖြေကြားချက်တွေကို ပရိသတ်အချို့ကလည်း ပြန်ဆဲထားကြတာတွေ ရှိတယ် နှစ်ဖက်စလုံးကို ဘာများပြောချင်ပါသလဲ ခင်ဗျာ။

D.YZ ။ ။ ပြောရရင် လက်ရှိမြန်မာပေါကားတွေရပ် လို့ပြောနေတဲ့ ပရိသတ်ကလည်း မြန်မာကားတွေကို ကောင်း စေချင်တဲ့ စိတ်နဲ့ ပြောနေတာ၊ ကြိုဆိုရမယ့် ကိစ္စတစ်ခုပဲ၊ နောက်မြန်မာကားတွေကလဲ ဘာလို့ပေါနေလဲ ဆိုတာကလည်း ပေါတဲ့ကားတွေရှိနေတယ်၊ ရှိနေလို့လည်း အပြောခံနေရတာ၊ ဘာလို့ပေါတဲ့ကားတွေ ရှိနေလည်းဆိုတော့လည်း ဒါကလွတ်လပ်တဲ့ စီးပွားရေး လုပ်ငန်းဖြစ်တယ်၊ အဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် တွေက သူတို့ရဲ့အသိဉာဏ်နဲ့ သူတို့ စီးပွားရေးအခြေအနေနဲ့ ထုတ်လုပ်ချင်လို့ ထုတ်လုပ်တယ်၊ ငွေလိုချင်လို့ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒီလို ကားတွေကို ကြည့်တဲ့ပရိသတ်တွေကလည်း ကြည့်နေတယ်၊ အားပေးတဲ့ ပရိသတ်တွေရှိလို့လည်း ဒီလိုကား တွေ ထုတ်လုပ်နိုင်တာ၊ သူတို့ကိုက်လို့ ဖြစ်လို့နေမှာပေါ့၊ ကျွန်တော်ထင် တာပေါ့နော်၊ အားပေးတဲ့ ပရိသတ်တွေ ရှိနေတဲ့ အတွက်ကြောင့် ဒီလိုထုတ်လုပ်သူတွေရှိနေတယ်၊ တစ်ဖက်ကလည်း ဒီလိုအရေအတွက် ထုတ်လုပ်တာတွေ များလွန်းနေတဲ့အတွက် ကိုယ့်အမျိုးသားဂုဏ်ရည်လည်း ကျဆင်းရတယ်၊ ဆိုတဲ့အမြင်နဲ့ ကောင်း တဲ့စိတ်နဲ့ အဲ့လိုကားတွေ မထုတ်သင့်တော့ဘူးလို့ ဝိုင်းဝန်းတောင်း ဆိုကြတဲ့ သဘောပေါ့၊ အကြံပေးကြတဲ့ သ ဘောပေါ့၊ လက်ရှိအချိန်မှာတော့ ဒါတွေဟာ ရှိနေဦးမှာပဲ၊ ဘာလို့လည်းဆိုတော့ ဒါကျွန်တော်တို့ နိုင်ငံရဲ့ တ ကယ့် အခြေအနေမှန် ဖြစ်တဲ့အတွက် ကျွန်တော့အမြင်ကို ပြောရရင်တော့ မြန်မာဇာတ်ကား ဗီဒီယိုဇာတ်ကား တစ်နှစ်ကို ကားပေါင်း တစ်ထောင် ထောင့််တစ်ရာလောက် ထွက်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ အနာဂတ်အညွန့် အဖူးလူငယ်တွေကို ဖျော်ဖြေရေးဖောင်းပွလွန်းပြီးတော့ ပေါသွမ်းနေတယ်လို့ ကျွန်တော်မြင်တယ်၊ ဒီအမြင်ကို ရုပ်ရှင်အစည်းအရုံးမှာလည်း ထုတ်လုပ်သူတစ်ယောက် အနေနဲ့ကျွန်တော် ဆွေးနွေးဖူးတယ်၊ ဒီလောက်အရေအ တွက် အများကြီးထုတ်လုပ်နေတာဟာ မကောင်းဘူး၊ အဲ့ဒီအကျိုးကျေးဇူးကို အခုခံစားရတာပဲ၊ အရေအတွက် အရမ်းများပြီး ဖောင်းပွလွန်းတဲ့ အခါမှာတော့ ဒီအရည်အသွေးနိမ့်တဲ့ ဇာတ်ကားတွေ အရေအတွက် များလာမှာ တော့ သဘာဝတရားပဲ၊ ထုတ်လုပ် သူတွေကလည်း ပြန်ရတဲ့အတိုင်းအတာ အပေါ်မှာပဲမူတည်ပြီး ဈေးကွက်ဝင် အောင် ကိုက်အောင် ထုတ်လုပ်ရတဲ့အတွက် အရည်အသွေးနိမ့်တဲ့ ဇာတ်ကားအရေအတွက် ပိုများလာတာပေါ့၊ ဒါတွေကလည်း အရေအတွက်လျော့ထုတ်ဆိုပြီး ကန့်သတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး၊ ကောင်းလာဖို့အတွက် ကောင်း တာတွေကို ရွေးပြီးအားပေးကြပါ၊ ကောင်းတာတွေ ရွေးပြီးအားပေးတဲ့ ပရိသတ်တွေများလာရင် ကောင်းအောင် ရိုက်ပြီး ထုတ်လာကြမှာပါ၊ အပြန်အလှန် ဆက်စပ်နေတယ်လို့ မြင်ပါတယ်၊ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မပြော လိုပါဘူး။

ဟင်္သာမီဒီယာ ။ ။ ဖြည့်စွက်ပြောချင်တာမျိုးရှိရင်လည်း ပြောပေးပါဦး ခင်ဗျာ။

D.YZ ။ ။ ပြည်သူလူထုကလည်း ကိုယ့်တိုင်းပြည်ရဲ့ ရုပ်ရှင်အနုပညာတွေကို နိုင်ငံတကာအဆင့် ရောက်စေချင်ကြတာပေါ့၊ ဒါ ကြောင့်လည်း အားမလို၊ အားမရဖြစ်ပြီးတော့ ခုလိုဝေဖန်ထောက်ပြ ပြောဆိုတာတွေ ဖြစ်လာတာပေါ့၊ ဒါကိုကစိတ် ဝင်စားလို့ပဲလေ၊ ချစ်လို့ပြောတာ၊ မုန်းရင်ဘယ်သူက စကားထဲထည့်ပြောနေမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင် တယ်၊ အဲ့တော့ ပြောတဲ့အခါမှာတော့ အများပြည်သူဟာ ပြောဆိုထိတွေ့မယ့် အကြောင်းအရာကို သေချာနား လည်အောင်တော့ ကြိုးစားသင့်တယ်၊ သေချာနားလည်အောင်လို့ ရှင်းပြမယ့်သူလည်း လိုအပ်တာပေါ့၊ ဒါကြောင့်မို့ လည်း အချို့သောအနုပညာရှင်တွေက သူတို့သိသလောက်၊ မှတ်သလောက်၊ တတ်သလောက်နဲ့ ပြန်လည်ရှင်းပြရ တယ်၊ ကျွန်တော်လည်း ဖတ်ရတယ်၊ အချို့ည်း စေတနာနဲ့ပြောတာတွေ၊ တတ်နိုင်သလောက် ရှင်းပြတာတွေ တွေလည်းရှိသလို၊ လိုအပ်တာတွေ လည်းရှိသလို၊ ပြန်လည်ရှင်းပြခွင့် မရတဲ့သူတွေလဲ ရှိတယ်၊ သေချာမသိသေးတဲ့ ကိစ္စကို သေချာသိအောင် သိတဲ့သူတွေက ရှင်းပြဖို့တာဝန်ရှိတယ်၊ ဒါကြောင့် ဒီလိုပြဿနာရှိနေတဲ့ ကြားက ကျွန် တော်ခုလို ဝင်ပြောတယ်၊ ကျွန်တော်ပြောချင်လို့ ပြောတာလည်း မဟုတ်ဘူး၊ တတ်နိုင်သမျှကျွန်တော်ရှင်းပြတာကို ရှင်းပြသလောက် ရတဲ့အချက်အလက်နဲ့ ရှေ့ဆက်ပြီးစဉ်းစား နိုင်ကြမယ်ဆိုရင် ကျွန်တော်ကျေနပ်ပါပြီ။

ဟင်္သာမီဒီယာ ။ ။ခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Leave a Reply