မမှားသေးခင် သိစေချင်

ကြက်ဆူတောသားများကား ခေတ်အမျိုးမျိုး စနစ်အမျိုးမျိုးနှင့်
အကျွမ်းတဝင်ရှိခဲ့ဖူး၏။ အားလုံး သည်ဟုတ်မလိုလိုနှင့် နွားချေးများသာတည်း။
ထိုစနစ်အမျိုးမျိုးကို ကိုယ်တိုင်ကြုံဖူးကြသဖြင့် သူတို့ခမျာ
ရှင်ကြီးဝမ်းထဲသို့သော်လည်းကောင်း၊ ရှင်ငယ်ဝမ်းထဲသို့သော်လည်းကောင်း
ဝင်ခဲ့ဘူးသော မအူမလည် သူငယ်၏အဖြစ်ကဲ့သို့ နံစော်ခဲ့ဖူး၏။
ပူလောင်ခဲ့ဖူး၏။ လင်ယူမှားသော လင်ဆိုးမယားကဲ့သို့လည်း တဖားဖား
ဖြစ်ခဲ့ရဖူး၏။ အဓမ္မအကျင့်ခံခဲ့ရသော လုံမပျိုကဲ့သို့ နာလည်းနာ နံလည်းနံ
ခံစားရလည်းခက်ဆို သကဲ့သို့ အတိဒုက္ခလည်းရောက်ခဲ့ရပေ၏။

အကယ်စင်စစ်သူတို့ဘဝကား လွန်စွာသနားစရာကောင်းလွန်းလှချေ၏။ သို့သော်လည်း
သူတို့ကား ဘာကိုမှ စနစ်တကျမလေ့လာ။ တို့ဝမ်းစာရှာဖို့ တို့တာဝန်သာ။ ဘယ်
သူကြီး တက်တက် ကိုယ့်ထမင်းကိုယ် ရှာစားရတာ။ ဘယ်သူမှ
တို့ကိုထမင်းလာကျွေးမှာမဟုတ် စသည့် အတ္တာဟိ အတ္တနော နာထော စိတ်ဓာတ် ကို
အစဉ်မွေးမြူထားသူများဖြစ်လေ၏။

ထို့ကြောင့် ကြက်ဆူတောရွာသားများအား နိုင်ငံရေးအတွေးအမြင်
ဖွင့်ပေးရန်အတွက် ကြက်ဆူ တောသား ပညာရှင်အသီးသီးကား Google Tea Shop တွင်
တွေ့ဆုံပြီး သူတို့ချင်း ပထမဦးဆုံး အမြင်ဖ လှယ်ကြလေ၏။

ရှေးဦးစွာ ဖြတ်သန်းမှု ကာလသက်ရှည်သည့် ရှေးဟောင်းကဝိ စတုသစ္စ
မောင်လွမ်းမိုးလေးက စ တင်၍ ဆွေးနွေးလေ၏။

” တို့ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံအရတော့ သိုးဆောင်းအုပ်ချုပ်တာ၊
နိပွန်တွေအုပ်ချုပ်သွား တာ မမီလိုက်တော့ဘူး၊ တို့တွေခေတ်က
ရဲရဲတောက်အနီခေတ်ကွ၊ တို့တွေရဲ့ ရဲရဲတောက်အနီဆိုတာ ခု ခေတ်
မင်းတို့သိနေကြတဲ့အနီမဟုတ်ဘူး၊ ပစ္စည်းမဲ့ ဘုံဝါဒကိုအခြေခံထားတဲ့အနီကွ၊
ကိုယ့်ဆရာသမားများ ကလည်း အပြောအဟောကောင်း။တစ်ဦးတစ်ယောက်တည်းက
ကြွယ်ဝချမ်းသာတာမျိုးမဟုတ်ဘဲ ဘုံပိုင် ဆိုင်တဲ့အခြေအနေအတိုင်း
အားလုံးဝိုင်းလုပ် တစ်ဦးချင်းစီလုပ်အားရဲ့
အချိုးပမာဏအတိုင်းခံစားခွင့်ရှိတယ် ဆိုတော့ အားလုံးက ကြိုက်ကြတာပေါ့။
ပြီးတော့ ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ဆည်းကပ်မှုမရှိရဘူးလကွာ။ပို ပြီး
ကြိုက်သလိုလိုရှိလာကြတယ်။ ဆရာသမားများအပြောကောင်းပုံက ကျောက်ဆစ်ရုပ်တောင်
ခေါင်း ငြိမ့် ရ လောက်တယ်။ နောက်ပြီး ဗီးနပ်စ်ကျောက်ဆစ်ရုပ်ကတောင်
လက်ဆွဲနှုတ်ဆက်ချင်လောက် အောင်စ ကား ပြောကောင်းကြတယ်။ နောက်ပြီး
သူနဲ့ခေတ်ပြိုင်က ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ရာ ဘာသာအ ဖြစ်ပြ
ဋ္ဌာန်းမယ်ဆိုတဲ့ဝါဒပဲ ၊ဒါပေမယ့်လည်းကွာ၊ အနီတွေကနောက်ပိုင်း စိနကုန်းကျေးရွာက
မဟာခေါင်း ဆောင်ကြီး တစ်ဦးရဲ့ ယဉ်ကျေးမှုတော်လှန်ရေးအပြီးမှာ
အဲဒီဝါဒရဲ့နောက်မြီးဆွဲပီပီ ပါတီတွင်းဖြုတ် ထုတ် သတ်လုပ် လာကြတယ်။
သားကအဖေကို ပြန်သတ်လာတယ်။ ဆရာတပည့်ချင်း စားအိုးစားခွက်တစ်ခုအ တွင်း အတူ
စားလာတဲ့ လုပ်ဖော်ကိုင်ဖက်ချင်း ပြည်သူ့ခုံရုံးမှာတင်ပြီး
ဖြုတ်ထုတ်သတ်လုပ်လာတယ်၊ ဘာသာတရားကို စော်ကားလာတယ်၊ ကြာတော့
သူလဲကျသေဆုံးသွားသလို ဘာသာတရားကို အခြေခံတဲ့ အ ယူအဆလည်း
မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ ပြောချင်တာက ဘာအယူအဆပဲဖြစ်ဖြစ်၊ တို့တွေရဲ့
ဂေါတမ ဗုဒ္ဓက ကာလာမ သုတ်မှာ လမ်းညွှန်သွားသလို ဘယ်သူပြောပြောမယုံနဲ့
ကိုယ့်အတွေ့အကြုံ ကိုယ့်ဖြတ် သန်းမှု ကိုယ့်အသိဉာဏ်နဲ့
ဖြစ်နိုင်မဖြစ်နိုင်ဆုံးဖြတ် လက်ခံသင့်မှလက်ခံပေါ့ကွာ”

ထိုအချိန်တွင် မန်ဒါလီမီဒီယာမှ အယ်ဒီတာ “ဆက်နေဂျင်းကောင်” ကလည်း
ဝင်ရောက်ဆွေးနွေးလေ၏။

” ကျုပ်ဆွေးနွေးမှာတော့ ကြက်ဆူတောနည်း ကြက်ဆူတောဟန်နဲ့ ချီတက်တဲ့
ကြက်ဆူတောဟန် ဆိုရှယ်လစ်စနစ်ပဲ။ သူကတော့ စတုသစ္စကြီးပြောတဲ့ အနီဝါဒနဲ့
ဆက်နွယ်ပတ်သက်နေတယ်။ အနီလို မကြမ်းတမ်းပေမယ့်
သူလည်းဘုံပိုင်ဆိုင်မှုနွှယ်တယ်။ မူဝါဒတွေ၊ စည်းမျဉ်းတွေ
ကောင်းသလိုလိုရှိပေမယ့် ပါတီတွင်း ဒီမိုကရေစီရှင်သန်ရမယ်ဆိုတာတော့
စည်းမျဉ်းထဲပဲရှိတာ။ လူကိုခင်တဲ့အခါ မူကိုပြင်တယ်။ ရွာပိုင်
စနစ်ပြဋ္ဌာန်းထားပေမယ့် နီးစပ်ပတ်သက်ရာ အဆင်ပြေသလို၊
ခေါင်းဆောင်ကြီးတွေကချမ်းသာသွားတယ်။ ရွာသားပြည်သူအများစုကတော့
ဆင်းရဲလာတယ်။ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတယ်။ ပညာရေး စနစ်
နည်းနည်းနိမ့်ကျလာသော်ငြားလည်း နည်းနည်းတော့ အဆင့်မီသေးတယ်လို့ဆိုနိုင်တယ်။
အဆိုးဆုံးက ဗဟိုချုပ်ကိုင်မှုနဲ့ အထက်အောက် အတိုင်အဖောက်ညီညီ
လိမ်လည်လှည့်ဖျားနေလို့ နောက်ဆုံးတော့ သမိုင်းရေစီး လှိုင်းကြီးလေထန်
ဖြစ်ရပ်မှန်ဆိုပြီး ကင်ပွန်းတပ်ခံရတဲ့ အဖြစ်တွေဟာ ဟကြောင်းနဲ့အတူရော
ပြီးဖြစ်ပေါ်လာခဲ့တာပေါ့ကွယ်။ ဒီဖြစ်ရပ်ဟာ ကြက်ဆူတောသမိုင်းရဲ့
ညစ်ထေးမှုအစပဲလေ”

ဆရာသမား “ဆက်နေဂျင်းကောင်” ရဲ့ စကားဆုံးသောအခါ ကဗျာဆရာ
မြတ်ထွင်ဦးပိုင် က ဝင်ရောက်ဆွေးနွေးပြန်လေ၏။

” ကျွန်တော်ကတော့ ဆရာသမားတို့ခေတ်တွေကို ဒဏ္ဍာရီလိုပဲကြားခဲ့ဖူးတယ်။
ချိုချိုချောင်ချောင် ပညာရေးစနစ်ကိုမီခဲ့တယ်။ ခုအခါမှာ အဆင့်မမီဘူးလို့
ဆုံးဖြတ်သုံးသပ်ကြတဲ့ ပညာရေးကို မီခဲ့တယ်။ ကျုပ် တို့ခေတ်ဟာ
ဆရာချင်း(ဂျင်း)တို့တွေရဲ့ ခေတ်လောက်မကျပ်တည်းကြပေမယ့်
အကြောက်တရားလွှမ်းမိုးခံ ခဲ့ရတဲ့ တကယ့်ကြောက်ခေတ်ကြီးပဲ။ လေတောင်
သိပ်ကျယ်ကျယ်မလည်ရဲဘူး။ ပူ ဆိုတဲ့အသံကြားရင် ဆူ ပူအုံကြွမှုနဲ့မှားပြီး
ဆွဲစိခံရမှာ ကြောက်လို့ဗျ၊ နောက်ပြီး ကျွန်တော်တို့ငယ်ငယ်က
ကြက်ဆူတောအသံလွှင့် ဌာနကလွှင့်တဲ့ သီချင်းတစ်ပုဒ်ကြားဖူးတယ်၊
ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ အလှဆုံးကျေးရွာ သယံဇာတပေါ ကြွယ်ဝသည်
ဆိုတာမျိုးပေါ့ အားလုံးဘုန်းတော်ကြောင့် မျိုးကန်းကုန်ကြတယ်၊
ကျွန်တော်ဒီလောက်ပဲ ပြော ရဲပါတယ်”

ကဗျာဆရာမြတ်ထွင်ဦးပိုင်၏စကားဆုံးသောအခါ မီဒီယာ့ဘိုးအေ
မင်းဗညားထွေးကလေးက လည်း သူ့အတွေ့အကြုံကို ပြန်လည်၍ ဖောက်သည်ချပြန်လေ၏။

” ကျွန်တော်တို့ အရွယ်ရောက်စအချိန်မှာပဲ အသင်းကြီးဆိုတာ
လူမှုရေးအသင်းဖွဲ့လိုလိုနဲ့ ပေါ် ပေါက်လာခဲ့တယ်လေ။ လူကလည်းငယ်သေး
နေရာကလည်းအပေးခံရချိန်ဆိုတော့ ကြွစောင်းကြွစောင်းနဲ့ ပေါ့။
အဲ့ဒီအသင်းထဲမှာ အစောပိုင်းကာလ စစ်မှန်တဲ့လူမှုရေးသမားတွေပါဝင်သလို
နိုင်ငံရေးဂျပိုးတွေလည်း ပါဝင်ပတ်သက်လာတော့ လူရည်လည်ကုန်ကြတယ်။ ဖြတ်တတ်
ခုတ်တတ် နေရာယူတတ်လာကြတယ်။ ၂၀၁၀ မတိုင်ခင်မှာ အသင်းကြီးကို
နိုင်ငံရေးပါတီအသွင်ပြောင်းတော့မယ်ဆိုတော့ ကျွန်တော်လည်း ဝန်
ထမ်းတစ်ယောက်ဖြစ်နေ။ တတ်သင့်တဲ့ အဌာရသတွေလည်းတတ်ကျွမ်းလာဆိုတော့
အေးရာအေးကြောင်း တာ့တာလုပ်ပြီး၊ ဝန်ထမ်းတစ်ဦးအဖြစ်ဆက်ပြီးရပ်တည်ဖို့
မှတ်တိုင်တွေ့တော့ အပြေးဆင်းခဲ့တာပါပဲဗျာ”

ထိုအခါ ထုံးစံအတိုင်းပင် စကားဝိုင်းတို့၌ ချောင်ကုပ်နေလေ့ရှိသော
ဆရာချွန်အား စကားဝိုင်းထဲသို့ ပါဝင်လာစေရန် ဝိုင်းဝန်း၍
အချွန်နှင့်မလေတော့သည်။

” ဟေ့ ချွန်ဆရာတစ်ယောက် ဘယ်ပျောက်နေလဲ၊ ပျောက်သွားတာ အရင်ဆေးတွေနဲ့ပဲလား”

ထိုအခါ အေးရာအေးကြောင်း ထောင့်ကပ်နေသော ဆရာချွန်ခမျာမှာလည်း
စကားဝိုင်းတွင်းသို့ ဝင်ရောက်လာရလေတော့သည်။

” မောင်ရင်တို့က အမှုတွဲထဲ ဆွဲထည့်တော့ ကိုယ်ကလည်းသိပ်မပြောချင်ပေမယ့်
ပြောရသေးတာ ပေါ့။ သိုးဆောင်းတို့ နိပွန်တို့ အနီတို့ ဘာသာရေးအခြေခံတဲ့
လစ်ဘရယ်ဝါဒတို့ တစ်ပါတီအာဏာရှင်စနစ် တို့ အဝတ်အစားပြောင်းကြောက်ခေတ်တို့
ဒါတွေကိုကြည့်ကြရင် တို့တွေကို တစ်နည်းနည်းနဲ့ လွှမ်းမိုးသွားခဲ့
ကြတာချည်းပဲ၊ မီဒီယာဘိုးအေလေးက အသင်းခေတ် ထဲထဲဝင်ဝင်လုပ်ခဲ့ပေမယ့်
သိုသိုသိပ်သိပ်ဆိုသွားခဲ့ တော့ အရေးကြီးတာတွေကျန်နေသပေါ့။ သူတို့ဟာ
အသင်းကို ပါတီအဖြစ်ပြောင်းလဲပြီး ဒီမိုကရေစီမျိုးစေ့ ချပေးအံ့ဆိုတဲ့
မဟာဂရုဏာကြီးနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်မယ်။ ဘယ်သူကသမ္မတ၊ ဘယ်သူဝန်ကြီး
ချုပ်၊ ဘယ်ပြည်နယ်နဲ့တိုင်းမှာ ဘယ်သူတွေနေရာပေး အသေးစိပ်စီမံခဲ့ကြသကွ။
ပြီးတော့ တစ်ဖွဲ့တည်းနီးပါး ပြိုင်ရတော့ သူတို့အနိုင်ပဲလေ။

နောက်ပိုင်းကြားဖြတ်ကျမှ ခုခေတ်အနီတွေ နေရာရလာကြတာပေါ့။ နေ ရာ
နည်းပေမယ့် လွှတ်ထဲတော့ အဲ့ဒီအချိန်က

အတော်လေးကြိုးစားရုန်းကြရှာသားပဲ။ အာဏာရပါတီကလည်း
ဆီးသီးဗန်းမှောက်လိုက်၊ ဝေဿန္တရာလှည်းမှောက်လိုက်နဲ့ဆိုတော့
ကွာလတီမကောင်းတဲ့ နယူးပါဖောမဲန့် တွေပေါ်လာတယ် စာရင်းရှိပြီး
အကောင်အထည်မပြနိုင်တဲ့ အခြေအနေကိုရွာသားတွေသိလာ ကြ တယ်။ ဒီတော့ ၂၀၁၅
ရွေးကောက်ပွဲမှာ အစိမ်းကို စိမ်းကားလိုက်ကြပြီး အနီကို
တရွာလုံးနီးပါးထောက်ခံ လိုက်ကြတယ်။ အဲ ဒီမှာလည်း အနီစိတ်ဓာတ် မပြတ်သားတဲ့
အခွင့်အရေးသမားတွေပါလာတော့ အရွေ့ကို သိပ်မလုပ်နိုင်ခင် ထင်ရှားတဲ့
လုပ်စားအနီများကိုရှင်းထုတ်ခဲ့သေးတယ်။ နောက် ၂၀၁၇ မှာကျတော့ အနီ
တွေအရည်ချင်းမရှိဘူးဆိုပြီး ကြိုကြားကြိုကြား ပုံရိပ်ကောင်းတဲ့
အစိမ်းတွေကို မဲပေးရွေးချယ်ခဲ့ကြပြန်တယ်။ ဒါပေမယ့် အစိမ်း က
ရွေးချယ်ပွဲမတိုင်ခင်ကပဲ မျက်နှာတော်ကို ဖူးမျှော်ခွင့်ရလိုက်ပြီး
အလွန်အလုပ်များတဲ့ ကာလသားလို ရွေး ချယ်ခဲ့တဲ့ နယ်ပယ်မှာ
မျက်နှာတော်တောင်ဖူးခွင့်မရ အသံမကြားရတာ ကြာလှပေါ့ ၊လူ
မြင်ရင်မှတ်တောင်မှတ်မိပါ့ ဦးမလားပဲ။ ခုလည်း ၂၀၁၈ မှာ
အဖြေအမျိုးမျိုးထွက်ခဲ့ပြီးပြီ။ ဟုတ်ပြီ နှစ်တွမ်တီး (၂၀၂၀) ကျရင်
ဘာကိုရွေး ချယ်ကြမလ၊ဲ ဘယ်လိုရွေးချယ်ကြမလဲဆိုကတော့ တို့တွေ စေတနာဆိုးနဲ့
ဓားမိုး အုပ်ချုပ်တာလဲခံခဲ့ရဖူးတယ်၊ ပထွေးဆောင့် ဆောင့်တာလည်းခံခဲ့ရဖူးတယ်
ဖအေ အလို့ နည်းနည်းလေး ဒုက္ခဖြစ်တာလဲကြုံဖူးတယ် ၊အသားလိုလို့
အရိုးတောင်းတာလည်း ခံခဲ့ရဖူးတယ်ဆိုတော့ ကိုယ်ခံစားခဲ့ဖူး တဲ့ ဒုက္ခတွေကို
သင်ခန်းစာယူ အသိမှန် အမြင်မှန်ထားပြီး မမှားအောင် ရွေးချယ်ပါလို့သာ
ပြောလိုက်ပါရ စေ။”

ဆရာချွန်လည်းသူ့စကားဆုံးသည့်အခါ Google Tea Shop မှ ကော့ကော့
ကော့ကော့ဖြင့် ထွက်ခွာ သွားလေတော့သည်။

ဆရာချွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.