မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်၊ မောင်ငံရပ်ကွက်ရှိ Vigen ပရဟိတကျန်းမာရေး ဆေးပေးခန်းတွင် ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီက လင်းမယားနှစ်ဦးက အမျိုးသမီးတစ်ဦးကို ဆဲဆိုကြိမ်မောင်း၍ ဦးခေါင်းကို တံတောင်ဆစ်ဖြင့် ထုကာ ကပ်ကြေးဖြင့် လိုက်ထိုးခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။

logo-copy

Vigen ပရဟိတ ကျန်းမာရေး ဆေးပေးခန်းအတွင်း မသီရိအေးသည် ဆေးဝါကုသမည့် လူနာများအား ဝင်ခွင့် လက်မှတ်များ ထုတ်ပေးနေစဉ် ယင်းဌာနတာဝန်ခံဖြစ်သူ မချမ်းလင်းမှ ရောက်ရှိလာပြီး နောက်နေ့အတွက် ကြိုတင်လက်မှတ်များကို တစ်ကြိမ်လျှင် ခြောက်ဦးသာသွင်းရန် ပြောဆိုရာမှ အခင်းဖြစ်ပွားခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦး အချင်းများနေစဉ် မချမ်းလင်း၏အမျိုးသား ရဲလင်းနိုင် ရောက်ရှိလာပြီး မသီရိအေးကို ကပ်ကြေးဖြင့် လိုက်ထိုးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကပ်ကြေးဖြင့်ထိုးသူ ရဲလင်းနိုင်နှင့် ဆဲဆိုကြိမ်းမောင်း၍ တံတောင်ဆစ်ဖြင့်ထုသူ မချမ်းလင်းတို့ကို မုပွန်နယ်မြေ ရဲစခန်းမှ (ပ) ၂၂ / ၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၉၄ / ၅၀၆ / ၃၂၃ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မုပွန်နယ်မြေ ရဲစခန်းမှ သိရသည်။

Leave a Reply