မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် မရမ်းကုန်းရပ်ကွက်၊ ပန်းပဲတန်း ရပ်ကွက်နေပြည်သူများတွေ့ဆုံပြီး
ဒေသခံ များ လက်ရှိအချိန်တွင် တွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းပေးရန် တင်ပြတောင်း
ဆိုခဲ့ကြောင်း မရမ်းကုန်း ရပ်ကွက်သူရပ်ကွက်သား များ က ဟင်္သာမီဒီယာသို့ပြောကြားသည်။
min min u

မရမ်းကုန်းရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက် ဒေသခံက အမှိုက်စွန့်ပစ်ခြင်း ကိစ္စရပ်များ၊ လမ်းဘေးဈေး
သည်များ စည်းကမ်းမဲ့ ရောင်းချနေခြင်းကိစ္စရပ်များ၊ လမ်းများ ပျက်စီးနေခြင်းကိစ္စရပ်မျာ၊ အထ္ထရံမြစ်ရေ
သန့်စင် ပေးရေးကိစ္စရပ်များ စသည်တို့ကို မွန်ပြည်နယ် အစိုးရအနေဖြင့် ဖြေရှင်းပေးရန် တင်ပြတောင်း ဆိုခဲ့
ကြောင်း၎င်းကဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးကလည်း အဆိုပါ ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးများနှင့် တိုင်
ပင်ကာ အမြန်ဆုံးဖြေရှင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

“ကျွန်တော် လက်ထက်မှာ မွန်ပြည်နယ် လူထုတွေနဲ့ မကြာခဏတွေ့ဆုံပြီးတော့ သူတို့တင်ပြ
တဲ့ အခက်ခဲတွေကို ဖြေရှင်းနိုင်သလောက် အတက်နိုင်ဆုံးဖြေရှင်းပေးမှာပါ၊”ဟုဝန်ကြီးချုပ်ကဆိုသည်။

ဇူလိုင်လ ၁၇ရက်နေ့မွန်းလွဲ ၁နာရီအချိန်မှာ ညနေ ၃နာရီ အချိန်ထိ ကျိုက်သုတ်ဘုရား ဓမ္မာရုံတွင်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ လျှပ်စစ်ဝန်ကြီး မင်းထင်အောင်ဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် နိုင်သောင်းညွှန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်နှင့် ဒေါ်နွယ်နွယ်
အောင်တို့သည် မရမ်းကုန်း ရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက် ရှိ ဒေသခံ ၅၀ကျော်နှင့်တွေ့ဆုံဆွေး
နွေးခဲ့ကြသည်။

Leave a Reply