မလေးရှားနိုင်ငံ အကောက်ခွန်ဌာနသည် ယာယီဂိုထောင်တစ်ခုကို ဝင်ရောက်စီးနင်းရာ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ဖိုး မူးယစ်ဆေးဝါးများကိုတွေ့ရှိခဲ့ပြီး နိုင်ငံခြားသား ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

တစ်အိတ်လျှင် ၂၅ ကီလိုဂရမ်ရှိသော မူးယစ်ဆေးဝါး အိတ်ပေါင်း ၃၇ အိတ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အကောက်အခွန် ညွှန်ကြားရေးမှူး ဆပ်ရိုမနီယန်က ပြောသည်။

တာဝန်သိပြည်သူတစ်ဦးထံမှ သတင်းပေးတိုင်ကြားမှုကြောင် ပြီးခဲ့သည့် သောကြာနေ့က စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဖမ်းဆီးရမိခဲ့သော နိုင်ငံခြားသားများမှာ အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်းဖြစ်ပြီး ထိုအထဲတွင် ပါကစ္စတန် ဆယ်ဦး၊ မြန်မာ လေးဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား လေးဦးပါဝင်ကြောင်း သိရသည်။ ၎င်းတို့အနက် ၇ ဦးသား တရားဝင်အထောက်အထားစာရွက်စာတမ်းပါဝင်သည်ဟုဆိုသည်။ အဖြူရောင် အိတ်ပေါင်း ၁၈၈၅ အိတ်ကို ကွန်တိန်နာနှစ်ခုပေါ်မှာ ဂိုထောင်ထဲသို့ သယ်ဆောင်နေစဉ်အတွင်းတွင် ၎င်းတို့ိကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အိတ်များမှာ ဆားအိတ်များ ဖြစ်သည်ဟုဆိုပြီး မလေးရှားကျွန်းဆွယ်ဘက်မှ မလေးရှားနိုင်ငံထဲသို့ သွင်းလာခဲ့ခြင်းဖြစ်သည်။ စစ်ဆေးကြည့်သောအခါ အဆိုပါ အိတ်များအနက် ၃၁ အိတ်တွင် ဟီးရိုးအင်းများ ပါဝင်ပြီး အခြား ခြောက်အိတ် ကီတာမင်းများပါဝင်နေကြောင်း သိရသည်။

အဆိုပါ အိတ်များမှာ ပါကစ္စတန်နိုင်ငံ ကရာချိမြို့က လာခဲ့ခြင်းဖြစ်ကြောင်းဆပ်ရိုမနီယန်က ပြောသည်။

ပြည်ပဒုစရိုက်ဂိုဏ်းပါဝင်နေခြင်း ရှိမရှိကိုမူ ၎င်းက ပြောဆိုခဲ့ခြင်းမရှိပေ။

‘ဒီအထဲမှာ မလေးရှားနိုင်ငံသားတွေ ပါဝင်မှုရှိမရှိ ကျွန်တော်တို့ စစ်ဆေးနေပါတယ်’ ဟု သူက ပြောသည်။
ထို့အပြင် မူးယစ်ဆေးဝါးများကို အခြားတစ်နိုင်ငံသို့ တင်ပို့ရန်အတွက် တစ်ထောက်နားသည့်နေရာအဖြစ် အသုံးပြုခြင်းဟုတ်မဟုတ်ကိုလည်း ၎င်းက အတည်ပြုခဲ့ခြင်း မရှိပေ။

ဖမ်းဆီးထားသည်များကို စနေနေ့က တစ်ပတ်စာ ချုပ်ရက် ရမန်ယူထားကြောင်းသိရသည်။ အဆိုပါ အမှုကို အန္တရာယ်ရှိသေား မူးယစ်ဆေးဝါးဥပဒေ (၁၉၅၂) ပုဒ်မ ၃၉(ခ) ဖြင့် အမှုဖွင့်ထားသည်။ အဆိုပါ ပုဒ်မအရဆိုလျှင် ပြစ်မှု ထင်ရှားပါက သေဒဏ်အထိ ချနိုင်ကြောင်း သိရသည်။

Source: Straits Times

Leave a Reply