ပါလစ်၊ မလေးရှား

မလေးရှားရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဝပြီး ကိုယ်အလေးချိန်များနေပါက ရာထူးတိုးမည့်အစီအစဉ်ထဲ ပါမည်မဟုတ်ကြောင်း သိရသည်။

ရဲအရာရှိတိုင်းသည် သတ်မှတ်သည့် အလေးချိန်စစ်ဆေးမှုကို အောင်မြင်ရန်လိုအပ်ကြောင်း အများပြည်သူငြိမ်ဝပ်ပိပြားရေးဌာန ညွှန်ကြားရေးမှူး ဇာကစ်ဖ်လီ အဒူလာကပြောသည်။

ဤကဲ့သို့ လုပ်ဆောင်ခြင်းမှာ အရာရှိများအနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရေး ကျန်းမာသော နေထိုင်မှုပုံစံ ပေါ်ပေါက်လာရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

ပါလစ်မြို့တွင်ရာဇဝတ်မှုလျှော့ချရေးအတွက် ရည်ရွယ်လုပ်ဆောင်သော စက်ဘီးစီးပွဲတော်တွင် ပါဝင်ရင်း ၎င်းကထိုကဲသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မစ္စတာ ဇာကစ်ဖ်လီနှင့် သူ့အရာရှိများသည် ကီလိုမီတာ၂၀ စက်ဘီးစီးပွဲတွင် ပါဝင်ဆင်နွှဲနေကြခြင်းလည်းဖြစ်သည်။

ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးကောင်းမွန်စေရန်အတွက် ပြီးခဲ့သည့်နှစ်က ကျန်းမာကြံ့ခိုင်ရေး အစီအမံတစ်ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။

Leave a Reply