Advertisements

ထားဝယ်၊ ဇွန်

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် မေလ ၂၂ ရက်က စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ဆက်စပ်၍ ထားဝယ်တွင် ချုပ်နှောင်ထားသူ ထားဝယ်ကြီး(ခ)အောင်လွင်ကို စစ်ဆေးလျက်ရှိရာ ကနဦးတွေ့ရှိချက်အရ ၎င်း၏ ပိုင်ဆိုင်မှုမှာ ခန့်မှန်း ငွေကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော်ရှိသည်ဟု သိရသည်။

မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှ ရရှိသော အကျိုးရလဒ်ဟု ယူဆရသည့် အရာ များကို စစ်ဆေးရာ ထားဝယ်မြို့နေ အောင်လွင်ထံမှ ကျပ်သိန်း ၂၇,၀၀၀ ကျော်အပြင် မောင်မောင်(ခ)HJ Yassin ထံမှ ကျပ်သိန်း ၇၀,၀၀၀ ကျော်၊ ဇေယျာဟိန်းထံမှ ကျပ်သိန်း ၄,၀၀၀ ကျော်၊ မင်းနိုင်ထံမှ ကျပ်သိန်း ၅၀၀ ၊ နှင်းဦးလွင်ပိုင်ဆိုင်သည်မှာ ကျပ် သိန်း ၈၀,၀၀၀ ကျော်၊ မိုဟာမက် ဟူစိန်ပိုင်ဆိုင်သည်မှာ ကျပ်သိန်း ၅,၀၀၀ ကျော်ဟု ရဲတပ်ဖွဲ့က စိစစ်တွေ့ရှိချက်များအပေါ် မူတည်၍ ခန့်မှန်းဖော်ပြထားသည်။

ယင်းအမှုနှင့် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူများ၏ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။

ထားဝယ်ကြီး(ခ)အောင်လွင်ကို ထားဝယ်ဒေသခံအချို့က ပြင်ပိုး( ပ ္လန်ပိုး)ဟူသော အမည်ဖြင့် သိထားကြပြီး ပိုင်ဆိုင်မှုမှာ များပြားသည်ဟု ၎င်း ဖမ်းဆီးခံရပြီးနောက် ထားဝယ်မြို့ခံအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။ ၎င်းကို ဇွန်လ၁၂ရက်နေ့က မလွဲှတောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ထားဝယ်မြို့နေအိမ်မှ ICE (၁၀) ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်း၏ ထွက်ဆိုချက်အရ မောင်မောင်(ခ)HJ Yassin၊ ဇေယျာဟိန်း၊ ချင်ကျားမှု၊(ခ)မကျားဝေ(ခ) နှင်းဦးလွင်၊ အကိုကြီး(ခ)ကတုံးတို့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မလေးရှားသို့ တင်ပို့ခဲ့ကြောင်း၊ ၎င်းသည် ယခင်က မလေးရှား၌လည်း မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

ထားဝယ်မြို့ရှိ ၎င်းနေအိမ်တွင် ICE ဖမ်းဆီးရမိမှုကို ထားဝယ်မြို့တွင် အရေးယူမည်ဖြစ်ပြီး မလေးရှားတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုကို နေပြည်တော်၌ အရေးယူမည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်ထံမှ သိရသည်။

ရန်ကုန်ဆိပ်ကမ်းမှ မလေးရှားသို့ ရေလမ်းကြောင်းမှတဆင့် တင်ပို့ခဲ့သော အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မလေးရှားတွင် ဖမ်းမိခဲ့ပြီးနောက် တစ်လအတွင်း ဖမ်းမိခဲ့သည့် အမျိုး သားလေးဦးကို စစ်ဆေးချက်အရ တိမ်းရှောင်နေသူ အသက် (၄၅)နှစ်အရွယ် ဒေါ်ချင်ကျားမူ (ခ) ကျားဝေ (ခ) ဒေါ်နှင်းဦးလွင်နှင့်အသက် (၄၄)နှစ်အရွယ် ဟူစိန် (ခ) မိုဟာမက်ဟူစိန်တို့နှစ်ဦးကို ကူညီ စုံစမ်းပေးရန် ဇွန်လ ၂၀ ရက်တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Written by တင့်လွင်

Leave a Reply