Advertisements

ထားဝယ်၊ စက်တင်ဘာ ၃

မလွဲတောင်အပိုင်း ရေး-ထားဝယ်လမ်းမိုင်တိုင်အမှတ် (၈၀/၂) တောင်ပြိုနေရာတွင် ပြင်ဆင်ဆောက်လုပ်ထား သော ယာယီဘေလီတံတားကို စက်တင်ဘာလ ၇ ရက် နေ့၊နံနက်ပိုင်းမှစ၍(ယာဉ်+ကုန်) ၄၈တန်အထိ အသုံးပြုနိုင်သော ယာဉ်ကြီးများအား ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှအသိ ပေးထားသည်။

“ ၄၈ တန်တံတားကပြီးနေပြီ ပြီးနေတဲ့နေရာမှာ ကွန်ကရက်နဲ့နဲ့ကောင်းအောင် မာသွားအောင် လုပ်နေတယ်”ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

အဆိုပါယာယီဘေလီတံတားတွင် ကွန်ကရက်ခုံပြုလုပ်နေပြီး သတ်မှတ်ရက်ပြည့်မှ မာကြောကျစ်လစ်မှုရှိ မည်ဖြစ်ကြောင်းဝန်ကြီးက ပြောသည်။

မလွှဲတောင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် သြဂုတ်လ ၁၀ရက်နေ့က အဆိုပါနေရာတွင် လမ်းပြတ်တောက်သွားခဲ့၍ ခံနိုင်ဝန် ၂၄ တန်၊ ပေအရှည် ၁၂၀ပေရှိသော ယာယီဘေလီတံတားကို တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူတည်ဆောက်ခဲ့သည်ဟု သိရသည်။

ယင်းယာယီဘေလီတံတားကို တည်ဆောက်ပြီး သြဂုတ်လ ၁၇တွင် မော်တော်ယာဉ်ငယ်များနှင့် (ယာဉ်+ကုန်) ၂၄တန်ရှိသော ကုန်တင်ယာဉ်များအား ဖြတ်သန်းခွင့်ပြုခဲ့သည်ဟု သိရသည်။

မလွဲတောင်အပေါ်တွင် ယခု ဘေလီယာယီတံတားတည်ဆောက်ထားသည့်နေရာအပြင် ကားလမ်းမတလျောက်တွင် မြေပြိုကျနေသည့်နေရာများရှိ၍ မိုး သည်းထန်စွာရွာသွန်းချိန် အခြားနေရာများတွင်လည်း မြေပြိုကျနိုင်ဖွယ်ရှိကြောင်း ယာဉ်မောင်းများက ပြောသည်။

မလွဲတောင်အပေါ်ရှိ မြေပြိုကျနေသော နေရာများတွင် ကတ္တရာပုံးခွံဖြင့် ယာယီမြေထိန်းနံရများပြုလုပ် သွားမည်ဟု ဝန်ကြီးဦးအောင်သူရ ကဆိုသည်။

မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးနယ်နမိတ်ဖြစ်သည့် ထားဝယ်-ရေးကားလမ်းမကြီးအပေါ်ရှိ မလွဲတောင်မှာ တနင်္သာရီတိုင်းဒေသကြီးနှင့် ပြည်မ သို့ချိတ်ဆက်ပေးသည့် အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး ခရီးသွားလာရေးအတွက်လည်း အရေးပါသောလမ်းကြောင်းဖြစ်သည်။

ယင်း ယာယီဘေလီတံတားတည်ဆောက်ထားသော နေရာအနီးတွင် တံတားကြီးတစ်စင်းတည်ဆောက်ရန် ဘတ်ဂျက်တင်ပြတောင်းခံထားသည်ဟု ဝန်ကြီးထံမှ သိရသည်။

တင့်လွင်

Advertisements
<

Leave a Reply