Advertisements

ရန်ကုန် ၊ အောက်တိုဘာ ၂၃

‘ကိုးယိုကားယား’ ရုပ်ရှင်ဇာတ်ကားတွင် မသန်စွမ်းများကို နှိမ့်ချထားသည့် ဇာတ်ဝင်ခန်းများကို ပြင်ဆင်ပေးသွားရန် သဘောတူညီမှု ရခဲ့ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြတ်သူဝင်းကပြောသည်။

ယနေ့ နေလည်ပိုင်း မြန်မာနိုင်ငံရုပ်ရှင် နှင့် ဂီတ အစည်းအရုံးတွင် မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ် နှင့် ယင်းရုပ်ရှင်ကား ရိုက်ကူးသည့် ဒါရိုက်တာပြည်ဟိန်းသီဟ၊ မင်းသားမြင့်မြတ်တို့တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးမှုအခြေအနေများနှင့် ပက်သက်၍ ဦးမြတ်သူဝင်းက “သူတို့လည်းပြင်နိုင်သလောက်ပြင်နိုင်အောင်ရိုက်မယ်။ ကျွန်တော်တို့လည်း လျော့နိုင်သလောက် လျော့မယ်။ သူတို့ ဇာတ်ကားနာမည်ကအစ သူတို့ပြောင်းမယ်” ဟု ရှင်းပြသည်။

‘ကိုးယိုးကားယား’ ရုပ်ရှင် ဇာတ်ကားတွင် မင်းသားမြင့်မြတ်သည် ပိုလီယိုဖြစ်ပွားနေသော သူဌေးသားဇာတ်ကောင်စရိုက်တွင် မသန်စွမ်းသူများကို နှိမ်ချသရုပ်ဆောင်ထားသည့် ဇာတ်ဝင်းခန်းအချို့ပါရှိနေသောကြောင့် မသန်စွမ်းသူအဖွဲ့များနှင့် အွန်လိုင်းသုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

ကြားဝင်ညှိုနှိုင်းပေးသည့် မြန်မာနိုင်ငံရုပ်ရှင် နှင့် ဂီတအစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက “ဒီဇာတ်ကိုပဲ လိုအပ်တာကို ပြုပြင်ညှိုနှိုင်းပြီး နှစ်ဖက်ညှိုနှိုှုင်းပြီး ဒီဇာတ်ကိုပဲရိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

မသန်စွမ်းသူများကို မလေးမစားပြုလုပ်သည့် ဇာတ်ဝင်ခန်းများ၊ သဘင်အနုပညာများ မဖြစ်ပေါ်ရန်အတွက်လည်း မြန်မာနိုင်ငံမသန်းစွမ်းသူများအဖွဲ့ချုပ်က သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်မှသိရသည်။

Written by – ဆုမင်းကို

Advertisements
<

Leave a Reply