Advertisements

မော်လမြိုင် ၊ စက်တင်ဘာ ၂၀

အရွတ်ကြောနှင့် အရိုးဆိုင်ရာရောဂါ ဝေဒနာများ ခံစားနေရသော မသန်စွမ်းကလေးငယ်များကို မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းရှိ ခရစ်ယာန်အထူးအရေပြားဆေးရုံတွင် အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း အဆို ပါဆေးရုံ တွင်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ စောဆာမူလား က ပြောကြားသည်။

အဆိုပါ ခွဲစိတ်ခြင်းအစီစဉ်ကို အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်အတွင်းပြုလုပ်ပေးသွားပြည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။

Advertisements
data-language="en"

“တချို့မသန်စွမ်း ကလေးငယ်တွေကခွဲစိတ်မှုပြုလုပ်ဖို့လိုအပ်တယ်၊ ခွဲစိတ်လို့ရနိုင်တဲ့ဟာတွေဆိုရင်လဲ သိပ် နားမလည် မသိကြတာတွေလဲရှိတယ် ။အဓိကပြသနာက မသန်စွမ်းဖြစ်ပြီးဆိုရင် ဘယ်မှာထိထိရောက်ရောက် ကုရမယ်ဆိုတာမသိကြဘူး” ဟု ၎င်းကဆိုသည်။

ခွဲစိတ်ကုသရန်အတွတ် စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီးစာရင်းများပေးသွင်းနိုင်ကြောင်းသိရသည်။

ထိုပြင် သူငယ်နာအကြောသေလူနာများကို အသက်ကန့်သတ် မရှိကုသပေးရန်စီစဉ်ထား ပြီး အခြားအကြီးစားခွဲစိတ်ရမည့် ဝေဒနာရှင်များ ကို မူ အသက်၁၈ နှစ် အောက်သတ်မှတ်ထားကြောင်း အဆိုပါ ဆေးရုံ ထံမှသိရသည်။

“ကျွန်တော်တို့ အခုပြုလုပ်ပေးမှာကတော့ လုံးဝအခမဲ့တော့မဟုတ်ဘူး၊ ဒါမဲ့ဆရာဝန်ကြီးတွေလာမယ် ခွဲစိတ်စမ်းသပ်တာ တွေပြုလုပ်ပေး မယ်။ လိုအပ်တဲ့စက်ပစ္စည်းတွေဆိုရင်လဲ သူတို့အခမဲ့ပြုလုပ်ပေးမယ် အခြားအပ်တဲ့ ဆေးဖိုးတွေကြတော့ ကျွန်တော်တို့ဘတ်ကလုပ်ပေးနိုင်မှာမဟုတ်ပေမဲ့ သူတို့လဲနည်းနည်းပဲကုန်မှာပါ”ဟု ၎င်းကထပ်လောင်းပြောကြားသည်။

ခွဲစိတ်မှုတွင် ကနေဒါနိုင်ငံမှ Dr.Elaine Joughin ကရောက်ခွဲစိတ်ကုသပေးမှာဖြစ်ပြီး ၎င်းအနေနှင့် မော်လမြိုင် မြို့ အထူးအရေပြားဆေးရုံသို ၂၀၁၇ မှစ၍ နှစ်ကြိမ်လာရောက်သင်တန်းပို့ချဖူးကြောင်းသိရသည်။

ထိုခွဲစိတ်မှုအစီစဉ်ကို ၄ ရက်တာပြုလုပ်မှာဖြစ်သည့်အတွင် ပထမနေ့တွင်စမ်းသပ်မှုများပြုလုပ်ပြီး ကျန်ရှိသည့် နေ့များကို ခွဲစိတ်မှုများပြုလုပ်သွား မည်ဖြစ်ပြီး စာရင်ပေးသွင်ထားသည့်လူနာများထဲမှ ခွဲစိတ်ရန်လိုအပ်သည့် သူ ၁၅ ဦးမှ ၂၀ဦးလောက်အထိသာ ခွဲစိတ်နိုင်မည်ဟု ခန့်မှထားကြောင်း ဒေါက်တာ စောဆာမူလား ကပြော သည်။

စိုင်းထွန်းစံ၊လဲ့လဲ့ဝင်း

Leave a Reply