သတိေမ့

ယာဉ်မတော်တဆမှုကြောင့် သတိမေ့နေသူတစ်ဦးသည် ၁၂ နှစ်ကြာပြီးနောက်တွင် ပြန်၍ သတိရလာခဲ့သည်

သူသတိရလာသည့်အခါ ပထမဆုံးမြင်လိုက်ရသည့်အရာမှာ သူသတိမေ့နေစဉ် ၁၂ နှစ်လုံးလုံး သူ့ကို နေ့ရော ညပါ ပြုစုစောင့်ရှောက်ခဲ့သည့် အသက် ၇၅ နှစ်အရွယ် မိခင်ဖြစ်သူ၏ မျက်နှာပေါ်မှာ မျက်ရည်များဖြစ်သည်။

အဆိုပါ မေတ္တာကြီးမားလှသော မိခင်ဖြစ်သူ၏ နာမည်မှာ ဝေမင်ယင် ဖြစ်ပါသည်။ သားဖြစ်သူကို ကုသရန်အတွက် တစ်သက်လုံး စုဆောင်းထားသမ ျှကို ပုံအောခဲ့သည်။ ထို့အပြင် ယွမ်ပေါင်း တစ်သိန်း နှစ်သောင်းမ ျှပင် အကြွေးတင်သွားသေးသည်။

တစ်ခါကဆိုလ ျှင် သား၏ ဆေးဖိုးအတွက် ငွေတွေ အကုန်သုံးလိုက်ပြီဖြစ်သဖြင့် စားစရာမရိသောကြောင့် တစ်လလုံးပင် ဘာမ ျှ မစားဘဲ နေခဲ့ရသညဟု ဆိုသည်။

အသက် ၃၆နှစ်အရွယ် သားဖြစ်သူ ဝမ်ရှူဘိုမှာ ၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံ ရှမ်ဒေါင်းပြည်နယ်၊ရှူဂွမ်တွင် ယာဉ်မတော်တဆဖြစ်ပွားပြီးနောက်တွင် အစာပိုက်၊ ရေပိုက်များနှင့်သာ နေခဲ့ရသည်။

ဝမ်၏ ဖခင်ဖြစ်သူမှာ ဝမ်ငယ်ငယ်ကတည်းကပင် ဆုံးပါးသွားရာ မိခင်ဖြစ်သူတစ်ဦးကသာ အစစ အရာရာ ပြုစုစောင့်ရှောက်ခဲ့ရသည်။

ဝေမင်ယင်မှာ နံနက်ငါးနာရီတွင်ထကာ သားဖြစ်သူကို မျက်နှာသစ်ပေးသည်။ အစားအသောက် ကျွေးသည်။ ကိုယ်လက် သုတ်သင်ပေးသည်။ နှိပ်နယ်ပေးသည်။ ခန္ဓာကိုယ်အနေအထားကို ပြင်ပေးသည်။ ဘဝတစ်လေ ျှာက်လုံးကို သားဖြစ်သူအား ပြုစုခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ သို့သော် တစ်ခါမ ျှ ငြီးငြူခြင်း မရှိခဲ့ပေ။
”ကျွန်မမှာ ပိုက်ဆံ လုံးဝမရှိတော့လို့ ဘာမှ မစားရတဲ့ ရက်တွေရှိတယ်။ ပါးစပ်တွေ၊
အာခေါင်တွေ ခြောက်နေတယ်။ ကျွန်မ ရေပဲ သောက်နေခဲ့ရတယ်” ဟု ဝေမင်ယင်က ဆိုပါသည်။ ဤနှစ်များအတွင်း ကိုယ်အလေးချိန် ၄၄ ပေါင်များ ကျသွားခဲ့ရာ ယခုအခါတွင် သူမ၏ ကိုယ်အလေးချိန်မှာ ၆၆ ပေါင်သာ ရှိတော့သည်။

ပြီးခဲ့သည့်လကတော့ အံ့သြဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ သတိမေ့မြောနေသော သားဖြစ်သူမှာ သူ့ကို ပြုံးပြနေသည်ကို တွေ့ရသည်။ ဤသည်မှာ သတိပြန်လည်လာပြီ ဆိုသည့် သဘောပင်။

လှုပ်ရှားခြင်း၊ စကားပြောခြင်း မလုပ်နိုင်သေးသော်လည်း မိခင်ဖြစ်သူ၏ အသံကိုတော့ ကြားနိုင်ပြီဖြစ်ကာ ပြန်ပြုံးပြနိုင်ပြီဖြစ်သည်။

”ကျွန်မ အရမ်းပျော်တယ်။ သူလုံး၀ ပြန်ကောင်းလာမယ်လို့ မေ ျှာ်လင့်တယ်။ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး” ဟု ဝေမင်ယင်က ဆိုသည်။

ယင်းနောက် “တစ်နေ့ကျရင် သူ ကျွန်မကို အမေလို့ ခေါ်နိုင်မယ်လို့ မေ ျှာ်လင့်တယ်” ဟုလည်း သူက ဆိုသည်။

Source: Dailymail

Leave a Reply