ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ် အရိုးကုန်းရပ်ကွက်အတွင်းတွင် အောက်တိုဘာ ၂၁ရက်နေ့ ညနာရီ၁၂နာရီဝန်းကျင်အချိန်ခန့်က တိုက်ခန်း ၇လွှာမှ မိလ္လာပိုက်ကိုတွယ်ဆင်းလာသည့် ခိုးဝင်ဘင်္ဂါလီ လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှ ခိုးဝင်လာသော ဘင်္ဂါလီများမှာ ၎င်းတို့တည်းခိုနေသာ အိမ်အမှတ် ၂၆၁ နောက်ဖေးမိလ္လာပိုက်မှ တွယ်ဆင်းလာသည်ကို ရပ်ကွက်မှ သူခိုးထင်မှတ်ကာ ဝိုင်းဖမ်းဆီးစဉ် လုံခြုံရေးမီးတန်းယာဉ်များရောက်လာပြီး ခိုးဝင်ဘင်္ဂလီတစ်ဦးဖြစ်သူ နာဆေးအား ဖမ်းမိခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ယင်းနောက် ရပ်ကွက်အား ပိတ်ဆို့စစ်ဆေးရာ ရွှေမောင်(ခ)စူရီလိုရီ၊ မောင်လှ(ခ)ကိုရိမိုဒီ တို့ကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ခူရဖီအာဇန်မာအား ဖမ်းဆီးရမိခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

“သူတို့နေတဲ့ အိမ်ကသော့ခတ်ထားတယ်။ ပြီးတော့အဲ့ဒီအိမ်ကလည်း ငှားထားတာလေ။ အဲ့ဒါဗိုက်ဆာလို့ ခုနှစ်လွှာတိုက်ခန့်နောက်က ပိုက်ကိုတွယ်ဆင်းပြီးဆင်းလာတယ် အဲ့ဒါနဲ့ ကျွန်တော်တို့ပိတ်ဆို့စစ်ဆေးရင်မိတာပါ။ လက်ရှိကတော့ လဝက ကစစ်ဆေးနေပါတယ် ပွဲစားနဲ့လာတာလားဆိုတာလည်းစစ်နေပါတယ် ပွဲစားနဲ့လာဖို့များပါတယ်” ဟု တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါခိုးဝင်ဘင်္ဂါလီလေးဦးအား လဝက ဥပဒေပုဒ်မ(၆)ဖြင့် အမှုဖွင့်ထားပြီး ခိုးဝင်ဘင်္ဂါလီတစ်ဦးလွတ်မြောက်နေသေးသောကြောင့် ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း တာမွေမြို့မရဲစခန်းမှ သိရသည်။

Leave a Reply