မော်လမြိုင်၊ မတ် ၁၄ ။ ။ မွန်အဆိုတော်ဟောင်း မိအောင်မွန်ချမ်း(မိအံင်မန်ဆာန်)၏ “နောက်ဆုံးနေ့ရက်” တစ်ကိုယ်တော်တေးစီးရီး MTV ကို နိုင်ငံ ၆နိုင်ငံတွင် မတ်လကုန် စတင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း ယင်းတေးစီးရီးဖြန့်ချိ သူများထံမှသိရှိရသည်။

အဆိုပါ တေးစီးရီးကို မွန်ပြည်နယ်၊ ရန်ကုန်၊ ထိုင်းနိုင်ငံ၊ ကနေဒါ၊ အမေရိက၊ သြစတေးလျ၊ စင်္ကာပူ၊ မလေရှား နိုင်ငံတို့မှာ ဖြန့်ချိသွား မည်ဖြစ်သည်။

“တေးစီးရီးအသံသွင်းဖို့ ကျွန်မအချိန်သိပ်မပေးနိုင်တာက အခက်အခဲတစ်ခုပါပဲ။ နောက်ပြီး ဒါရိုက်တာ ဂျိုး လည်း ခရီးလွန်နေတာက MTV ရိုက်ကူးဖို့က အချိန်တွေ နောက်ကျခဲ့တယ်” ဟု အဆိုတော် မိအောင် မွန်ချမ်းက ပြောသည်။

ယင်းတေးစီးရီးကို MTV တစ်ချပ် လျှင် ၁၅၀ဝ ကျပ်ဖြင့် ဖြန့်ဝေရောင်း ချရန်စီစဉ်ထားကြောင်း ၎င်း ကဆိုသည်။

အဆိုပါ MTV တွင် ဂီတမှူး အကယ်ဒမီ ဓိရာမိုရ် က ဂီတပိုင်းဆိုင်ရာ ဖန်တီးပေးထားကြောင်း ၎င်းကထပ် လောင်း ပြောကြားသည်။
fe_miaehmorechan
တေးစီးရီးထဲတွင် သီချင်း ၁၁ ပုဒ်ပါဝင်ပြီး သီချင်းများထဲမှာ မွန် အမျိုးသားရေးသီချင်းများ၊ မိဘမေတ္တာဖော်ညွှန်းသည့် တေးသီချင်းများနှင့် အချစ်သီချင်းများပါဝင်ကြောင်း အဆိုပါတေးစီးရီးထုတ်လုပ်သူများ ထံမှသိရှိရသည်။

အဆိုပါ MTV တွင် အဆိုတော် လိမ္မော်သီး၊ နန်းခင်ဇေယျာ တို့အပြင် သရုပ်ဆောင်ပေါင်း များစွာ ပါဝင် ကူညီ သရုပ်ဆောင် ပေးထားကြောင်း ၊တေးစီးရီးကိုလည်း ပထမဆုံးအကြိမ်ဖြင့် အခွေတစ်ထောင်ဖြန့်ချိမည်ဖြစ် ကြောင်း အဆိုပါ တေးစီးရီး စီစဉ်သူက ပြောသည်။

Leave a Reply