ရန်ကုန် ၊ နိုဝင်ဘာ ၄ ။ ။ မိုင်းလားနယ်ခြားဂိတ်များဖြစ်သော ဝမ်တာ့ပင်းနယ်ခြားဂိတ် နှင့် မိုင်းယုနယ်ခြားဂိတ်တို့ ပိတ်ထားမှုကြောင့် တရုတ်နိုင်ငံသို့ ပို့ကုန်ပစ္စည်များကို လမ်းကြောင်းပြောင်း တင်ပို့ နေရကြောင်း ကျိုင်းတုံ-မိုင်းလား နယ်ခြားဂိတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်ကပြောသည်။

logo-copy

အဆိုပါ လမ်းကြောင်းမှ အများဆုံး တင်ပို့သည့် ပို့ကုန်မှာ ရာဘာကုန် ပစ္စည်းများဖြစ်ပြီး နယ်ခြားဂိတ်များ ပိတ်ထားသောကြောင့် လက်ရှိတွင် တာချီလိတ်-ဝမ်ပုံဆိပ်ကမ်းမှ မဲခေါင်မြစ်အတိုင်းရေလမ်းခရီးဖြင့် တင်ပို့နေရကြောင်း ၎င်းကဆိုသည်။

မိုင်းလားနယ်မြေအတွင်း ဝ တပ်ဖွဲ့(UWSA)၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တပ်မတော် နှင့် “ဝ”တပ်ဖွဲ့ တို့အကြား စစ်ရေး တင်းမာမှုများဖြစ်ပွားခဲ့ပြီး ယင်းနယ်ခြားဂိတ်နှစ်ဂိတ်မှ ဖြတ်သန်းသွားလာမှုကို အောက်တို ဘာလ(၂၃)ရက်နေ့မှစတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

“မိုင်းလား နဲ့ မိုင်းယုဘက်ကပိတ်ထားတဲ့အခါကျတော့ မိုင်းလားနဲ့ မိုင်းယုကိုတင်ပို့မယ့် ရာဘာတန်(၅၀ဝ)က တော့ ဝမ်ပုံပေါ့နော် တာချီလိတ် ဝမ်ပုံဆိပ်ကမ်းကနေသွားတာတွေရှိပါတယ်။ အဲ့လိုအနေအထားပါပဲ။ ကုန်သည် အတွက်ကတော့ လမ်းကြောင်းကုန်ကျစားရိတ်ကတော့ ထိခိုက်မှုရှိတာပေါ့” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလအတွင်းက မိုင်းလားတပ်ဖွဲ့ပိုင်ဆိုင်သော လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ နှင့် မိုင်းမ တပ်စခန်းများကို “ဝ” တပ်ဖွဲ့မှဝင်ရောက်ထိန်းချုပ်ခဲ့သည်။

ယင်းထိန်းချုပ်နယ်မြေများမှ “ဝ” တပ်ဖွဲ့များ ဆုတ်ခွာပေးရန် နှစ်ဖက်အဖွဲ့အစည်းအချင်းချင်း ဆွေးနွေးညှိုနှိုင်း မှုများ ပြုလုပ်သော်လည်း လက်ရှိအချိန်ထိပြေလည်မှုမရှိသေးပေ။

Written by ဆုမင်းကို

Leave a Reply