Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၆

မွန်ပြည်နယ်အတွင်း မိုဘိုင်းဖုန်းအရောင်းစင်တာများတွင် ဖုန်း၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း ဝယ်ယူသူများထံမှ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်တွင်းအခွန်ဦးစီးဌာနရုံးမှ သိရသည်။

“ဒီဖုန်းအခွန်ကို ကောက်ခံဖို့အတွက် သြဂုတ် ၁၅ ရက်နေ့ကနေပြည်တော်ကနေပြီးတော့ ညွှန်ကြားစာ ရောက်လာတယ် ဘယ်လကစပြီး ကောက်ခံသွားမယ်ဆိုတာကို မသိသေးဘူး၊ ဒါပေမဲ့ ဒီနှစ်အတွင်းမှာပဲ ကောက်ခံသွားမယ်” ဟု ၎င်းက ဆိုသည်။

မိုဘိုင်းဖုန်းအပြင် အိုင်တီနည်းပညာနှင့် ဆက်စပ်သမျှပစ္စည်းအားလုံးကိုပါ ကောက်ခံရန် အစီအစဉ်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

ထိုမိုုဘိုင်းဖုန်းအခွန်ကောက်ခံရန် မြို့နယ်အလိုက်ရောင်းချနေသော ဖုန်းဆိုင်များနှင့် ဆက်စပ်ပစ္စည်းရောင်းချသည့် ဆိုင်များကို အခွန်တံဆိပ်ခေါင်းနှင့် ပတ်သက်သည့် ရှင်းလင်းမှုနှင့် ပညာပေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကထပ်မံပြောသည်။

“ဒီလိုမျိုး အခွန်တွေကို ကောက်ခံတော့ ဝယ်ယူသူတွေလည်း နည်းပါးလာမှာ စိုးရိမ်ရတယ်။ ပြီးတော့ အခွန်ကောက်တော့ တရားမဝင်တင်သွင်းလာ တဲ့ပစ္စည်းတွေကလည်း အခွန်တွေ အကုန်လုံးပေးဆောင်ရတယ်ပေါ့” ဟု ဖုန်းဆိုင်များထံ မှသိရသည်။

မိုဘိုင်းဖုန်းအခွန်များကို စားသောက်ဆိုင်များနှင့် တည်းခိုခန်းတွင် ကောက်ခံသည့်ပုံစံအတိုင်းရောင်းချပြီး ပြေစာပေါ်တွင် တံဆိပ်ခေါင်းကပ်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြား သည်။

written by – ခင်နန်းဌေး

Advertisements
<

Leave a Reply