Advertisements

Myanmar New

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဦးကျော်မျိုးမင်းအား အဂတိတိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အဂတိ တိုက်ဖျက်ရေးကော်မရှင်က ယနေ့တွင် အမှုဖွင့်လိုက်သည်။

အသက် ၄၄ နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ်သည် မိုးညိုမြို့နယ်အတွင်းရှိ အင်းသားကြီး(၉)ဦးအား နောက်ထပ် အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟုပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်းပြုလုပ်ခဲ့သဖြင့် တိုင်ကြားခံခဲ့ရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို စီမံခန့်ခွဲရေးတာဝန်ဖြစ်သော အင်းလေလံပစ်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင်အင်းသက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ငွေကျပ်(၃၅)သိန်းနှင့် ငွေကျပ် (၃၂)သိန်းတို့ကို (၂)ကြိမ် တောင်းခံ ရယူခဲ့ခြင်းဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်းကော်မတီ၏ စုံစမ်းစစ်ဆေးရေး အရာရှိများသည် စစ်ဆေးတွေ့ရှိခဲ့သည်ဟုလည်း အဂတိ တိုက်ဖျက်ရေးက သတင်းထုတ်ပြန်ခဲ့သည်။

ဦးကျော်မျိုးမင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခံနေရပြီးအဆိုပါပုဒ်မသည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ် နှင့်ငွေဒဏ် ချမှတ်နိုင်သည်။

Advertisements
<

Leave a Reply