မွန်ပြည်နယ်အတွင်းရှိ လျှပ်စစ်မီးရရှိသော ဒေသများတွင် မိုးရာသီမတိုင်ခင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဦးစီးဌာနမှ ပြည်နယ် အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးက ပြောကြားသည်။

“ဒါကို ကြိုလုပ်ထားမှရမယ် တော်ကြာ မိုးနဲ့လေနဲ့ လာလို့ရှိရင် မီးပျက်များလာမယ်? မိုးရာသီဖြစ်တဲ့အတွက် အန္တရာယ်လည်းများတယ်၊ လုပ်ဆောင် နေတဲ့အချိန်မှာ မီးပျက်တာတွေကို အတတ်နိုင်ဆုံး လျော့အောင် လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ဓာတ်အားလိုင်း ကြံ့ခိုင်ရန်အတွက် သစ်ပင်သစ်ကိုင်း ရှင်းလင်းခုတ်လဲှခြင်း၊ ဓာတ်တိုင်မတည့်မတ်ခြင်းများကို ပြင်ဆင်ခြင်း လျှပ်စစ်ဓာတ်အား ပျက်စီးမှုနည်းရန် စသည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး
ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

written by – အဂ္ဂနန်

Leave a Reply