မော်လမြိုင်၊ ဇွန် ၅

မိုးသည်းထန်စွာ ရွာသွန်းတိုင်း လျှပ်စစ်မီးဖြတ်တောက်ပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင် နှင့် စက်မှုဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

“ မိုးရွာလို့၊ လျှပ်စီးလပ်လို့ မီးဖြတ်တယ်ဆိုရင် အဲ့ဒီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ကို အရေးယူမှာဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။

ဇွန်လ ၄ ရက်နေ့ကကျင်းပ သော မွန်ပြည်နယ် အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာကာလတာအတွင်း ဆောင်ရွက်ခဲ့မှုနှင့်ပက်သတ်တဲ့ သတင်းစာရှင်လင်းပွဲတွင် ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရာသီဥတု လွန်စွာဆိုးရွားပြီး ပြည်သူများအတွက် စိုးရိမ်ရသည့် အခြေအနေရောက်ရှိမှသာလျှင် လျှပ်စစ်မီး ရံဖန်ရံခါ ဖြတ်တောက်ရန်ညွန်ကြား ထားကြောင်းလည်း ၎င်း ကထပ်လောင်းပြောကြားသည်။

မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင် လျှပ်စစ် အန္တရယ် အကြောင်း အမျိုးမျိုးကြောင့် ၂၀၁၆ ခုနှစ်တွင် ၅၁ ဦးသေဆုံးခဲ့ပြီး ၂၀၁၇ တွင် သေဆုံးသူ ၄၀ဦး ရှိခဲ့သည်။

လျှမ်းထက်

Leave a Reply