Advertisements

ချောင်းဆုံ အောက်တိုဘာ

ချောင်းဆုံမြို့နယ်ရှိကျေးရွာများတွင် ယခုလအတွင်းလျှပ်စစ်မီတာသုံးစွဲခ ကောက်ခံခြင်းနှင့်ပတ်သက်၍ဒေသခံ များအမြင်မရှင်းလင်းမှုများဖြစ်နေသည်။

“လျှပ်စစ်မီးဘယ်လောက်သုံးစွဲထားလဲဆိုတာကို အရင်ကလို တစ်အိမ်တက်ဆင်း မီတာဖတ်တာမျိုးမဟုတ် ဘူးစက်နဲ့ ဖတ်တယ်လို့သိရတယ် မီတာသုံးစွဲခကိုလည်း တစ်လခွဲနှစ်လနီးပါးမှမီတာဖတ်တယ်ဆိုတော့သုံးစွဲ သူတွေပိုမိုနစ်နာမှုရှိတယ်လို့မြင်တယ်”ဟုတောင်စွန်းကျေးရွာက ဦးယားက ပြောသည်။

မီတာသုံးစွဲခကောက်ခံရာတွင် ယူနစ် ၁၀၀ အောက် တစ်ယူနစ်ကို ၃၅ ကျပ်နှုန်း ယင်းနှင့်အထက်ကိုတစ် ယူနစ်လျှင် ၄၀ ကျပ် ၄၅ ကျပ်နှုန်းဖြစ်ပြီး လစဉ်ယူနစ် ၁၀၀ အောက်သုံးစွဲသူများအတွက်တစ်လခွဲနှစ်လနီးပါး မှမီတာဖတ်ရှုခဲ့ခြင်းအတွက် ပိုမိုကုန်ကျမှုဖြစ်ခဲ့၍ လာမည့်လများတွင် မီတာသုံးစွဲခ လစဉ်ပုံမှန် ဖတ်ရှုစေလို ကြောင်း ဘိုးနက်ကျေးရွာက ဦးအောင်မြင့်ကဆိုသည်။

“မီတာသုံးစွဲခကိုတစ်လတစ်ကြိမ်ပုံမှန်မီတာဖတ်စေချင်တယ် အဓိကကစနစ်တကျဖြစ်စေချင်လို့ပါပဲ နိုင်ငံတော် ကမီတာနှုန်းထားသတ်မှတ်ထားတဲ့အတိုင်းနိမ့်ရင်နိမ့်တဲ့အလျှောက် မြင့်ရင်မြင့်တဲ့အလျှောက်ပေးဆောင်ရ ဖို့ဝန်မလေးပါဘူး အမှန်အကန်ဖြစ်ဖို့လိုတယ်”ဟုကညှော်ကျေးရွာက ဦးတင်လှကပြောသည်။

မွန်ပြည်နယ်တွင် ချောင်းဆုံမြို့နယ်တစ်ခုတည်းသာ စက်ဖြင့်မီတာဖတ်ရှုသည့်စနစ်ကိုစတင်နိုင်သေးကြောင်း၊တစ်လလျှင်ကျေးရွာအုပ်စု ၂၀ စီကိုစက်ဖြင့်စတင်ဖတ်ရှုရခြင်းဖြစ်ကာ ကျေးရွာအုပ်စု ၄၀ လုံးဖတ်ရှုပြီးစီး ခဲ့ပြီဖြစ်ကြောင်း၊ လာမည့်လများတွင်ပုံမှန်ပြန်လည်ကောက်ခံနိုင်တော့မည်ဖြစ်ကြောင်းချောင်းဆုံမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇွဲကိုကိုက ရှင်းပြသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply