မော်လမြိုင် ဇူလိုင်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မြို့ရွာအတွင်းရှိ နေအိမ်များအား မီတာယူနစ်များဇူလိုင်လ ၁ ရက်နေ့မှစ၍လိုက်လံကြည်ရှု ကွင်းဆင်းစစ်ဆေး နေကြောင်း   မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမောင်မောင်စိုး က ပြောကြားသည်။

“နှုန်းဟောင်း လက်ကျန်မီတာယူနစ်တွေကို စစ်တာ၇ လပိုင်း ကုန်မှ နှုန်းသစ်နဲ့စကောက်မှာဆိုတော့၊မီတာကောင်းမကောင်းရယ် ဟောင်းနေရင်လဲဖို့အတွက်မီးကြိုးတွေကောင်းမကောင်းစစ်ဆေးပေးတယ်။ မကောင်းတာတွေရှိရင်အိမ်ရှင်တွေကိုလဲဖို့အတွက် အကြံပေးတယ်။ အခက်အခဲအနေနဲ့ကတော့  မော်လမြိုင်မှာလူမနေဘဲ ပိတ်ထားတဲ့ အိမ်တွေရှိတော့ စစ်ဆေးဖို့ အခက်အခဲလေးပဲ ရှိတယ်” ၎င်းက ပြောသည်။

စစ်ဆေးမှုတွင်အဖွဲ့ ၄၉ ဖွဲ့ဖြင့် မီတာအလုံးပေါင်း ၅၆၅၇၂လုံးကို ဇူလိုင်လ ၁ ရက်မှ ၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

စစ်ဆေးမှု ဒုတိယရက်တွင် ၄၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီးတတိယရက်တွင် ၆၅ ရာခိုင်နှုန်းထိ စစ်ဆေးနိုင်ခဲ့ကြောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမောင်မောင်စိုးထံမှ သိရသည်။

ဖုန်းမှတစ်ဆင့် မီတာခများ ပေးဆောင်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှစီစဉ်ဆောင်ရွက်မှုများရှိကြောင်းလည်း၎င်းကထပ်လောင်းပြောကြားသည်။

ယခုအခါ မွန်ပြည်နယ်တွင် မီတာခစျေးနှုန်း တိုးမြင့်သွားသည့်အတွက် လျှပ်စစ်သုံးစွဲမှုယူနစ်ရထောင်ခန့်ကျဆင်းသွားပြီး မီးမရရှိသည့်ကျေးရွာများအား တိုးချဲ့နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

စိုင်းထွန်းစံ၊လဲ့လဲ့ဝင်း

Leave a Reply