Advertisements

မော်လမြိုင်၊ နိုဝင်လာ ၂၀။

မော်လမြိုင် – ရန်ကုန် မီးရထား ပြေးဆွဲမှုကို ယခင် ပြေးဆွဲလျက် ရှိသော ၂၅ မိုင်နှုန်းမှ ၃၅ မိုင်နှုန်းဖြင့် ပြေးဆွဲ နိုင်ရေး အတွက် လမ်းပိုင်းနှင့် တံတား များကို ပြည်ထောင်စု ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်ဇင်မောင်က လာရောက် စစ်ဆေး ခဲ့ကြောင်း မွန်ပြည်နယ် သွားလာရေး/ တိုင်း မန်နေဂျာ ဦးဖိုးမာက ပြောသည်။

ပြည်ထောင်စု ဝန်ကြီးသည် နိုဝင်ဘာ ၁၉ ရက်နေ့က မွန်ပြည်နယ်သို့ လာရောက် ခဲ့ခြင်း ဖြစ်သည်။

ယခု မော်လမြိုင်နှင့် ရန်ကုန်ကို ပြေးဆွဲရာတွင် ၈ နာရီ ၅၀ မိနစ်ခန့် ကြာမြင့်ပြီး လမ်းပိုင်း များကို အဆင့်မြှင့်တင် ပြီးပါက (၇) နာရီ ကျော်သာ ကြာမြည့် အစီအစဉ်အတွက် လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု များကို လာရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် သိမ်ဇရပ်နှင့် စစ်တောင်းကြားတွင် မိုးတွင်းကာလ ရေကျော်မှု ဖြစ်ပွားလျက်ရှိသည့် မီးရထား လမ်းပိုင်းကို မြှင့်တင်နိုင်အတွက် ပြည်နယ် ဝန်ကြီးချုပ်ထံ မှာကြား ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ မြန်နှုန်းမြင့် ပြေးဆွဲနိုင်မည့် အစီအစဉ်ကို ဒီဇင်ဘာလတွင် စတင် လုပ်ဆောင်မည် ဖြစ်ပြီး မော်လမြိုင် ဘူတာကြီးတွင် လက်ရှိ မီးရထား ၁၂ စီး ပြေးဆွဲလျက် ရှိသည်။

၂၀၁၈ -၂၀၁၉ ဘက်ဂျက်ဖြင့် ရန်ကုန်မှ သထုံအထိသာ လမ်းပိုင်း အထိသာ အဆင့်မြှင့်တင် နိုင်မည် ဖြစ်ပြီး ကျန်ရှိသည့် လမ်းပိုင်းကို လာမည့် ဘဏ္ဍာနှစ်မှသာ အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။`

Written by ရင်ငြိမ်းချမ်း

(ဓါတ်ပုံ – မွန်ပြည်နယ် အစိုးရ)

Advertisements
<

Leave a Reply