(ဓါတ်ပုံ အညွှန်း – မော်တော်ယာဉ်နှင့်တိုက်မိသည့် ဆိုင်ကယ်ကို ယခုကဲ့သို့မြင်တွေခဲ့ပါတယ်။)

မော်လမြိုင်၊ ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ပုသိမ်ကွင်းရပ်ကွက်အနီးတွင် ဇန်နဝါရီ ၁၀ ရက် နံနက် ၂ နာရီခွဲက မော်တော်ဆိုင်ကယ် တစ်စီးသည် ကုန်တင်ကားကို ကျော်တက်ရာမှ တဘက်မှလာသောယာဉ် နှင့် တိုက်မိကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း မုတ္တမနယ်မြေ ရဲစခန်းမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – မော်တော်ယာဉ်နှင့်တိုက်မိသည့် ဆိုင်ကယ်ကို ယခုကဲ့သို့မြင်တွေခဲ့ပါတယ်။)
(ဓါတ်ပုံ အညွှန်း – မော်တော်ယာဉ်နှင့်တိုက်မိသည့် ဆိုင်ကယ်ကို ယခုကဲ့သို့မြင်တွေခဲ့ပါတယ်။)

ဦးပေါင်နော် မောင်နှင်သည့် မော်တောဆိုင်ကယ်သည် မော်လမြိုင်မှ ပေါင်မြို့နယ်ဘက်သို့ မောင်းလာခြင်းဖြစ်ပြီး ဆိုင်ကယ်အနောက်၌ ဦးနိုင်ဝင်းက လိုက်ပါစီးနင်းလာကြောင်းနှင့် ယင်းမော်တော်ဆိုင်ကယ်သည် ၎င်း၏အရှေ့ရှိ ကုန်တင်ယာဉ်ကို ကျော်တက်ရာမှ တစ်ဖက် ယာဉ်ကျောမှ လာနေသော မော်တော်ယာဉ်ကို တိုက်မိခဲ့ကြောင်း မုတ္တမရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြင့် ဆိုင်ကယ်ယာဉ်မောင်း ဦးပေါင်းနော်မှာ ဒဏ်ရာများရရှိခဲ့သဖြင့် မုတ္တမတိုက်နယ် ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံး ခဲ့ခြင်းဖြစ်ပြီး၊ မော်တော်ဆိုင်ကယ်တွင် လိုက်ပါစီနင်းလာသော ဦးနိုင်ဝင်းနှင့် မော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ဒေါ်ခင်စောရီ တို့သည်လည်း ဒဏ်ရာများရရှိကာ မုတ္တမတိုက်နယ်ဆေးရုံတွင် ဆေးကုသ ခံယူနေရကြောင်း ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ ဦးပေါင်းနော်အား မုတ္တမနယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၄ (က) / ၃၃၈ / ၃၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း ယင်းစခန်းမှ သိရသည်။

Leave a Reply