မော်လမြိုင်၊ မတ်လ ၃ ။ ။ ပေါင်မြို့နယ်၊ မုတ္တမ မြို့တွင် လူငယ်နှင့် အနာဂတ်စာပေဟောပြောပွဲကို အ.ထ.က မုတ္တမကျောင်းရှေ့ မြက်ခင်းပြင်တွင် မတ်လ ၂၀ ရက်မှ ၂၂ရက် နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မုတ္တမမြို့လူငယ်နှင့် အနာဂတ်စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်က ပြောသည်။

FB_IMG_1457006700210

လူငယ်နှင့် အနာဂတ်စာပေဟောပြောပွဲတွင် ဆရာကောင်းသန့်၊ ဆရာအော်ပီကျယ်၊ ဆရာကြည်မင်း၊ အကယ်ဒမီရွှေစင်ထိုက်၊ ဒေါက်တာခင်မောင်ညို၊ ဆရာချစ်ဦးညိုတို့မှ ဟောပြောပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စာပေဟောပြောပွဲကို ညစဉ် ည ၆ နာရီခွဲတွင် စတင်သွားမည်ဖြစ်ပြီး စာပေဟောပြောနှင့် အတူ စာအုပ် စျေးရောင်းပွဲတော်များ၊ ကာတွန်းပြပွဲများနှင့် နိုင်ငံကျော်ကာတွန်းဆရာများမှ ပုံတူပန်းချီ၊ ရုပ်ပြောင် ကာတွန်းများကို တစ်ပုံလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရေးဆွဲပေးသွားရန် စီစဉ်ထားကြောင်း စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

Leave a Reply