Advertisements

မော်လမြိုင်၊ အောက်တိုဘာ ၃၀

ပေါင်မြို့၊ မုတ္တမ၊ မြင်းတပ်ရပ်ကွက်တွင် အောင်တိုဘာ ၃၀ ရက် နံနက် ၇ နာရီခန့်က သုံးဘီးအဌား တက္ကစီမောင်းနှင်သူ အမျိုးသားတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်ဒေသခံများက ပြောဆိုသည်။

မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်ရှိ လမ်းကြားတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် ၄၅ နှစ်ခန့် အမည်မသိ သုံးဘီးယာဉ်အသင်းအဖွဲ့ဝင် အင်္ကျ ီဝတ်ဆင်ထားပြီး ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲအရာရှိက ဆိုသည်။

“သေဆုံးတဲ့သူလည်း ဘယ်ကမှန်း မသိသေးဘူးဆိုတော့ သေတဲ့သူရော သတ်သွားတဲ့တရားခံကိုရော လိုက်လံစုံစမ်းနေပါတယ်”ဟု စခန်းမှူး ရဲအုပ်အောင်မင်းကြည်က ပြောသည်။

သေဆုံးသူအမျိုးသား၏ ညာဘက် ရင်အုံ၊ ဝမ်းဗိုက်၊ လည်ပင်းနှင့် လက်ဖျံတို့၌ ထိုးသွင်းပြတ်ရှဒဏ်ရာများ စစ်ဆေးတွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားသည့် ပတ်ဝန်းကျင်တွင်ကျန်ရှိနေသော ပစ္စည်းသက်သေများ သိမ်းဆည်းဆောင်ရွက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“သေဆုံးသူမှာ ကျန်ရှိနေတဲ့ သက်သေပစ္စည်းအထောက်အထားကနေပြီး လူသတ်တရားခံကိုရော သေဆုံးသူဘယ်သူလည်း ဆိုတာကိုရော စုံစမ်းမှုတွေ လုပ်နေပါတယ်”ဟု စခန်းမှူးက ပြောသည်။

အမည်မသိ သေဆုံးသူအမျိုးသားအား သတ်ဖြတ်သွားခဲ့သူကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ရန် မုတ္တမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲစခန်းမှ သိရသည်။

Written by – ခေတ်မင်း

 

Advertisements
<

Leave a Reply