Advertisements

မော်လမြိုင်၊ အောက်တိုဘာ ၂၈

ပေါင်မြို့၊ မုတ္တမရပ်၊ ရဲပြားကုန်းရွာ၊ မော်လမြိုင်-ရန်ကုန်အဝေးပြေးကားလမ်းဘေးတွင် အောက်တိုဘာ ၂၇ ရက် ည ၈ နာရီခွဲခန့်က အဒေါ်ဖြစ်သူနှင့် တူတော်စပ်သူနှစ်ဦး စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ကြောင်းမုတ္တမနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အဒေါ်ဖြစ်သူ ဒေါ်ရောဂျမ်း၏ နေအိမ်သို့ တူတော်စပ်သူ ကျော်ဌေး (ခ) ဖာဒွတ်က
ရောက်ရှိလာပြီး ထမင်းစားနေစဉ် အဒေါ်ဖြစ်သူက ဆဲဆိုမောင်းထုတ်ခဲ့သဖြင့် နေအိမ်ရှိ ဓားမဖြင့်ခုတ်လိုက်ရာ ဒေါ်ရောဂျမ်းမှာ သေဆုံးခဲ့ရကြောင်း ရဲစခန်းစစ်ဆေးထွက်ဆိုချက်အရ သိရသည်။

“တရားကိုစစ်ဆေးတော့ သူ့က မော်လမြိုင်မှာနေလိုက် ဒီရဲပြားကုန်းရွာကအဒေါ်အိမ်မှာနေလိုက်လျှောက်နေ နေတာပါ။ အဲဒီနေ့ညက သူ့အဒေါ်အိမ်မှာ ထမင်းစားနေတာကို အဒေါ်က ဆဲဆိုပြီး အိမ်ကနေမောင်းထုတ်လို့ စိတ်တိုပြီး ဓားနဲ့ခုတ်လိုက်တာ”ဟု စစ်ဆေးသူအရာရှိ ဒုရဲအုပ်အောင်ဌေးက ပြောသည်။

တူတော်စပ်သူ ကျော်ဌေးမှ ဦးခေါင်းညာဘက်တွင် ၇ လက်မခန့်ပြတ်ရှဒဏ်တစ်ချက်၊ နားပြတ်ရှဒဏ်ရာ တစ်ချက်နှင့် လက်ကောက်ဝတ်ပြတ်ရှဒဏ်များရရှိပြီး နေအိမ်အရှေ့မြေကွက်တွင် သေဆုံးသည်ကို တွေ့ရှိရသဖြင့် မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“တရားခံကျော်ဌေးကိုတော့ အခင်းဖြစ်ပြီး ၄၅ မိနစ်အကြာမှာ မုတ္တမကားလမ်းမပေါ်မှာပဲချက်ချင်း ဖမ်းဆီးရမိခဲ့တယ်” ဟု ဒုရဲအုပ်အောင်ဌေးက ထပ်လာင် ေပြောဆိုသည်။

အဒေါ်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်ခဲ့သူ ကျော်ဌေးကို မုတ္တမနယ်မြေရဲစခန်းမှ (ပ) ၁၃၅/၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း စခန်းမှူးရဲအုပ်အောင်မင်းကြည်က ဆိုသည်။

Written by – ခေတ်မင်း

Advertisements
<

Leave a Reply