မော်လမြိုင်၊ မတ်လ ၄ ။ ။ မုဒုံမြို့နယ်တွင် နွေရာသီ မွန်စာပေသင်ကြားရေးသင်တန်းများကို မတ်လ ၅ ရက်မှ ဧပြီလ ၁၀ရက်နေ့ထိ တစ်လတိတိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း မွန်စာပေနှင့် ဗုဒ္ဓဘာသာသင်ကြားရေးယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းကြည်ဝင်းထံမှ သိရသည်။

“အချိ်န်တစ်လပဲ ရတယ်၊ ဘာလို့လဲဆိုတော့ သင်္ကြန်လွန်ရင် ကလေးတွေက ပြန်စုဖို့ မလွယ်တော့ဘူး၊ သင်္ကြန်လွန်ရင် တချို့ကလေးတွေက ကျူရှင်သွားတာနဲ့ ဆိုတော့ တစ်ဝက်လောက် လျော့သွားတယ်၊ ကျွန်တော်တို့မှာ မွန်စာပေနှင့် ဗုဒ္ဓဘာသာသင်ကြားရေး ယဉ်ကျေးမှုအဖွဲ့ ရှိတယ်၊ အဲဒီအဖွဲ့ကနေလုပ်တာ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ဖို့ အတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားနေတာပါ” ဟု ၎င်းက ပြောပြသည်။

အချို့မြို့နယ်တွင် သင်္ကြန်လွန်သည့်အခါမှ ဖွင့်လှစ်ရခြင်းမှာ သင်တန်းပေးရာတွင် စေတနာရှင် ဆရာ၊ ဆရာမများ သာမက သံဃာတော်များပါ သင်တန်းပို့ချပေးသဖြင့် သံဃာတော်များ၏ စာဖြေမှုများ ပြီးဆုံး သည်မှသာ သင်ကြားပေးပြီး မုဒုံမြို့ထက် နောက်ကျမှ ဖွင့်လှစ်သင်ကြားပေးနေကြောင်း ဒေါက်တာမင်းကြည်ဝင်း က ရှင်းပြသည်။

ယခင်နှစ်တွင် ဆရာ/ဆရာမ ၃၀၀ခန့်၊ ကျောင်းသား/ကျောင်းသူ ၈၀၀၀ခန့် ကို သင်ကြားပေးခဲ့ကြောင်း ၊ သင်တန်းကျောင်းကို တက်ရောက်နိုင်ရန် နှိုးဆော်မှုများ ပြုလုပ်ပေးခဲ့ကြောင်း မွန်စာပေနှင့် ဗုဒ္ဓဘာသာ သင်ကြားရေး ယဉ်ကျေးမှုအဖွဲ့သိရသည်။

Leave a Reply