မော်လမြိုင်၊ ဧပြီ ၂၆

မုဒုံမြို့နယ်အတွင်း ရေအခက်အခဲဖြစ်ပေါ်နသည့်ကျေးရွာများကို မွန်ညီညွတ်ရေးပါတီမှ ဧပြီလ ၁၀ ရက်န့က စပြီး ရေသွားရောက်လှူဒါန်းခဲ့ကြသည်။

လက်ရှိအချိန်အထိ ရေသွားရောက်လှူဒါန်းနေသည်မှာ ၁၇ ရက်မြောက်နေ့တွင် ရေအခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာပေါင်း၂၀ ကျော်ကို သွားရောက်လှူဒါန်းလျက်ရှိကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီ နိုင်တလညီက ရှင်းပြသည်။

“အဓိကတော့ သူတို့ သောက်သုံးရေအဆင်ပြေစေဖို့အတွက် တတ်နိုင်တဲ့ဘက်က မုဒုံမြို့နယ် လူငယ်တွေအပါအဝင် စုပေါင်းအင်အားနဲ့ ကူညီပေးကြတာပါ”ဟု နိုင်တလညီက ရှင်းပြသည်။

ကွမ်လှာကျေးရွာ၊ ရောင်းဒေါင်းကျေးရွာ၊ ကွမ်းကဗွီကျေးရွာ၊ တောင်ပကျေးရွာ၊ ကော့ပီထောကျေးရွာ၊ ဖယ်ဒိုကျေးရွာအပါအဝင် စသည့်ကျေးရွားများကို မွန်ညီညွတ်ရေးပါတီမှ ရေသွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ ရပ်ကွက်က ရေမရှားဖူးဘူး။ ဒီနှစ်ရေရှားတော့ သူတို့ သောက်သုံးရေ လာလှူပေးတာ ကျေးဇူးတင်တယ်”ဟု ကွမ်းလှာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်ရှိ အချို့ကျေးရွာများတွင် နှစ်စဉ် ရေအခက်အခဲကြုံတွေ့နေရပြီး ယခုနှစ်တွင် ယခင်နှစ်များထက် တစ်လစောပြီး ရေရှားခဲ့ကြကြောင်း ဒေသခံများကပြောသည်။

Leave a Reply