မွန်ပြည်နယ်၊ မုဒုံမြို့ရှိ၊ မြို့မဈေးကိုအဆင့်မီဈေးအဖြစ်ပြောင်းလဲတည်ဆောက်ရန် မုဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီကဦးဆောင်ပြီးဈေးသူ၊ဈေးသားများနှင့်ဇုူလိုင်လနှင့် ယခုလဆန်းပိုင်းအတွင်းတွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်းမုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးထံမှ သိရသည်။logo-copy

မုဒုံမြို့မဈေးမှာပျက်စီးလာ၍ အရောင်းအဝယ်မကောင်းတော့ကြောင်းဈေးသူ၊ဈေးသားများကပြောဆိုလာသောကြောင့် မြို့နယ်စည်ပင်သာယာရေးကော်မတီကအဆင့်မီဈေးအဖြစ်ပြောင်းလဲတည်ဆောက်ပေးရန် တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်ပြီးဆောက်လုပ်ခြင်းရှိ၊မရှိမှာမသေချာသေးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

“လောလောဆယ်မှာဆွေးနွေးတုန်းပဲရှိသေးတယ်၊ ဆောက်ဖြစ်လားမဆောက်ဖြစ်လားအတိအကျ အဖြေမရသေးဘူး၊ သဘောတူညီချက်လည်း မရသေးလို့ မပြောတတ်သေးဘူး”ဟု ၎င်းကရှင်းပြသည်။

တွေ့ဆုံညှိနှိုင်းရာတွင် ဈေးသူ၊ဈေးသားအားလုံးမလာရောက်သေးသည့်အတွက် အဆင့်မီဈေးအဖြစ် ဆောက်လုပ်ခြင်းရှိ၊မရှိမှာမူမသေချာသေးဘဲဈေးသူ၊ဈေးသားများကသဘောတူညီမှသာပြောင်းလဲဆောက်လုပ်မည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
“ဆောက်မှာလား၊ မဆောက်ဘူးလား။ မဆောက်ချင်လည်းရတယ်၊ ဆောက်ချင်လည်းရတယ် ၊ ဆောက်ချင်တယ် ဆိုလို့ရှိရင် ကော်မတီကလူကြီးတွေကိုတင်ပြပေးမယ်။ တင်ပြပြီးခွင့်ပြုချက်ရလို့ရှိရင် ဆောက်မယ်” အဆိုပါ တာဝန်ရှိသူကဆိုသည်။

အဆင့်မြင့်ဈေးပြောင်းလဲမည်ကိုလိုလားကြသော်လည်းအဆင့်မြင့်ဈေးတွင် ဆိုင်ခန်းခများအရမ်းမြင့်မားလာပါကမတတ်နိုင်မည်ကိုဈေးသူ၊ဈေးသူများကစိုးရိမ်ကြောင်း မြို့မဈေးရှိ၊ အထည်အရောင်းဆိုင် ပိုင်ရှင်တစ်ဦးကပြောဆိုသည်။

“ဒီခေတ်မီဈေးဆောက်လုပ်တာက၊ဈေးတအားကြီးသွားရင် ကျွန်တော်တို့လည်း မတတ်နိုင်ဘူး၊ လက်ရှိမှာလည်း အရောင်းအဝယ်လည်း မကောင်းဘူး”ဟု ၎င်းက ဆိုသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီသည် မုဒုံမြို့မဈေးကိုအဆင့်မြှင့်တင်မည့်ပုံသဏ္ဍာန်တစ်ခုကိုလတ်တလောတွေင် အကြမ်းရေးဆွဲထားပြီးဇူလိုင်လနှင့် သြဂုတ်လအတွင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် ဈေးသူ၊ ဈေးသား ၄၀ ခန့်တက်ရောက်ခဲ့ကြကာယင်းဈေးပုံစံကို ပြသခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

Leave a Reply