မော်လမြိုင် အောက်တိုဘာ

မုဒုံမြို့နယ်တွင် မွေးမြူရေးဇုန်ထားရှိရန်အတွက် စားကျက်မြေ ဧက ၂ဝဝခန့်ကို တွေ့ရှိထားသော်လည်း အစဉ်အဆက်နေထိုင်ကြသူများရှိနေသောကြောင့် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြပြီးမှ ဆုံးဖြတ်ချက်ရယူမည်ဖြစ်ကြောင်း ပြည်နယ်မွေးမြူရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

မွေးမြူရေးဇုန်ထားရှိရန်အတွက် တံခွန်တိုင်ကျေးရွာ၊ ရထားလမ်းအနီးတွင် သင့်တော်သော စားကျက်မြေနေရာကို တွေ့ရှိထားပြီဖြစ်ကြောင်း ဆက်လက်ပြောသည်။

“နေရာကတော့ မွေးမြူရေးဇုန်သတ်မှတ်ဖို့ သင့်တော်တယ်၊ စားကျက်မြေဖြစ်ပေမယ့် အစဉ်အဆက် နေထိုင်လာခဲ့တဲ့သူတွေရှိနေတော့ သူတို့အတွက်လည်း အဆင်ပြေအောင် ဝန်ကြီးချုပ်ကို တင်ပြပြီး ဆုံးဖြတ်ချက်ချဖို့ တစ်ဆင့်လိုနေသေးတယ်”ဟု ၎င်းက ပြောသည်။

မွေးမြူရေးဇုန်အတွက် ပြည်နယ်အစိုးရထံ တင်ပြမည်ဖြစ်ပြီး ဆုံးဖြတ်ချက်ရရှိပါက ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးကာ တစ်နိုင်တစ်ပိုင်မွေးမြူရေးဇုန်ကို အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

လူနေအိမ်အနီးအနားတွင် မွေးမြူရေးခြံများ၊ လုပ်ငန်းများ လုပ်ကိုင်ပါက အငြင်းပွားမှုများ ဖြစ်ပေါ်လေ့ရှိသောကြောင့် သီးသန့်လုပ်ကိုင်နိုင်ရန်အတွက် မွေးမြူရေးဇုန်သတ်မှတ်ထားပေးခြင်းဖြစ်ကြောင်း ထပ်မံ ပြောသည်။

မွေးမြူရေးဇုန် မြေနေရာသတ်မှတ်ရာတွင် အတတ်နိုင်ဆုံး မြေပြင်ကွင်းဆင်ကာ သေခံပြည်သူများနှင့် ဆွေးနွေးစေချင်ကြောင်း မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂ ီမော်က ပြောကြားသည်။

“မွေးမြူရေးဇုန်ကို အမြန်ဆုံးအကောင်ထည်ဖော်ပေးနိုင်ရင်တော့ကောင်းတာပေါ့၊ ဒါပေမယ့် မြေနေရာရှာတဲ့အခါမှာ ကွင်းဆင်းပြီးတော့ ဒေသခံပြည်သူတွေနဲ့ သေချာဆွေးနွေးစေချင်တယ်”ဟု ၎င်းက ပြောသည်။

မုဒုံမြို့နယ်တွင် ကြက်ခြံမွေးမြူရေးလုပ်ငန်း အများဆုံး လုပ်ကိုင်ကြပြီး လူနေအိမ်အနီးအနား၌ ထားရှိရန် အဆင်မပြေသောကြောင့် အငြင်းပွားမှုအများဆုံးဖြစ်နေသည်။

ထိုက်ထိုက်

Leave a Reply