မော်လမြိုင် မတ် ၇

မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်တိုးချဲ့ ၄ လမ်း အောက်ပိုင်းရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများသောက်သုံးရေကန်အားပြန်လည်တူးဖော်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ နှင့်ရပ်ကွက်နေပြည်သူများ တွေ့ဆုံပွဲတွင် ပြည်သူများမှရပ်ကွက်အတွက်လိုအပ်ချက်များတင်ပြရာတွင် နွေရာသီရောက်ပါက သောက်သုံးရေအခက်အခဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ မော်လမြိုင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောရှလာထွန်း၊ ဦးစီမှူးဦးအုန်းတင်တို့မှ ရေကန်၏ လက်ရှိအခြေအနေအား မတ်လ ၇ ရက်နေ့က တိုင်းတာခဲ့ကြောင်း သိရသည်။

“ဒီရေကန်က ပြန်မဖော်တာကြာပြီ။ ကန်ကကောသွားတော့ ရေမနေတော့ဘူး။ ဒီရေကန်ကိုပြန်ပြီးတူးဖော်မယ်ဆိုရင်တော့ ရပ်ကွက်နေပြည်သူတွေ နွေရာသီ ရေအခက်အခဲဖြစ်နေတာ အဆင်ပြေသွားတာပေါ့” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်

လက်ရှိတွင် အိမ်ထောင်စု ၁၉၀၀ ကျော်ရှိပြီး ရေကန်အား ပြန်လည် တူးဖော်ပေးမည်ဆိုပါက အတိုင်းမသိ ဝမ်းသာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တေဇ

Leave a Reply