Advertisements

ချောင်းဆုံ ဖေဖော်ဝါရီ

ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ် မုရစ်ကြီး -ဇီးကုန်းကျေးရွာချင်းဆက်လမ်းချဲ့ထွင်ခြင်း ၊ မြေသားနှင့်ဂဝံခင်းခြင်းလုပ်ငန်းများကိုဇန်နဝါရီ ၂၄ ရက်နေ့ကစတင်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်း၏ ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“မြေသားနဲ့ဂဝံခင်းခြင်းလုပ်ငန်းဖြစ်တယ်။ မူလလမ်းအကျယ် ၁၈ ပေကို ၂၄ ပေချဲ့မယ်။ လမ်းအမြင့် ၄ ပေ ၊ လမ်းအရှည် ၄ မိုင်ဖြစ်တယ် ။ အခုလုပ်ငန်းဆောင်ရွက်တာ ၁ မိုင် ၂ ဖာလုံပြီးစီးနေပြီဖြစ်တဲ့အတွက် လုပ်ငန်း ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်”ဟု ယင်းလမ်းပိုင်းကို ဆောင်ရွက်နေသည့် မဟာယန္တရားအုပ်စုမှ ဆိုက်တာဝန်ခံ ဦးမျိုးမြင့်ကျော် ကပြောသည်။

Advertisements
data-language="en"

မတ်လပိုင်းအကုန် ဧပြီလဆန်းပိုင်းတွင် လုပ်ငန်းများအပြီးသတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

၂၀၁၈-၁၉ ပြည်နယ်ဘတ်ဂျက် ကျပ်သိန်း ၃၉၀၀ ဖြင့်ဆောင်ရွက်နေပြီးလမ်းလုပ်ငန်းများပြီးစီး ပါက ဒေသဖွံ့ဖြိုးရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဒေသထွက်ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအ တွက်များစွာအထောက်အကူပြုနိုင်ကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြက ပြောကြားသည်။

ယခင်နှစ်ပွင့်လင်းရာသီကယခုဆောင်ရွက်နေသည့်လမ်းပိုင်းကို ဒေသခံအလှူရှင်များစုပေါင်းလှူဒါန်းငွေ ကျပ် သိန်း ၁၅၀ ဝန်းကျင်ဖြင့်လမ်းအူကြောင်းရှာဖွေခြင်း ၊ လမ်းပိုင်းတွင်ပါဝင်နေသောလယ်သမားများနှင့်ညှိနှိုင်း ဆောင်ရွက်ခြင်း မြေသားဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ဇီးကုန်းကျေးရွာမှာ ပင်လယ်ကမ်းခြေကျေးရွာတစ်ခုဖြစ်၍ မုရစ်ကြီး-ဇီးကုန်းကျေးရွာချင်းဆက်လမ်း လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်တိုးတက်လာပါက ပြည်တွင်း ၊ ပြည်ပမှ ခရီးသွားဧည့်သည်များပင်လယ် ကမ်းခြေ အလှအပများကို လာရောက်အပန်းဖြေနိုင်ရန်ခရီးသွားလုပ်ငန်းတစ်ခုအနေနှင့်လည်းဆောင်ရွက်နိုင်ကြောင်း ဒေသခံများက ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply