Advertisements

မော်လမြိုင် နိုဝင်ဘာ

မော်လမြိုင်မြို့နယ် မုရောင်းအမှိုက်ပုံရှိ  ဧက ၄ဝနေရာတွင် အမှိုက်ဖျက်စက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားနှင့် ဓာတ်မြေသြဇာ ထုတ်လုပ်ရေး စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောကြားသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုကတော့ လျှပ်စစ်ထုတ်လုပ်နိုင်ဖို့အတွက် သူတို့တွေ လုပ်ဆောင်နေကြတယ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)ချေးငွေနဲ့ မြေသြဇာ ထုတ်လုပ်ဖို့ ရှိတယ်”ဟု ၎င်းက ပြောသည်။

ယင်းလုပ်ငန်းစဉ်အနက် ဓာတ်မြေသြဇာ ထုတ်လုပ်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ဘဏ်နှင့် အိုးအိမ်ဦးစီးဌာနတို့ ပြီးခဲ့သည့် အောက်တိုဘာလက  သဘောတူ လက်မှတ်ရေးထိုးပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အမှိုက်ဖျက်စက်မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းအတွက် ယခုအခါ မြေပြင်ကွင်းဆင်း စစ်ဆေးမှု လုပ်ဆောင်နေပြီဟု ဦတင်ကိုကိုက ပြောဆိုသည်။

အဆိုပါ စီမံကိန်းနှစ်ခု အကောင်ထည်ဖော် ဆောင်ရွက်နိုင်ပါက ပြည်နယ်အတွက် ပိုမိုကောင်းမွန်လာနိုင်ပြီး သီးနှံစိုက်ပျိုးရေး အဓိကလုပ်သော ဒေသဖြစ်သောကြောင့် တောင်သူများအတွက် အသုံးတည့်ကြောင်း ၎င်းက ပြောသည်။

စီမံကိန်းများအကောင်ထည်ဖော်ရာတွင် ဒေသခံများ အဆင်ပြေစေရန်အတွက် ဧက ၄ဝရှိသော မုယောင်းအမှိုက်ကျင်းနှင့် အိမ်ရာအကြား၌ ပေ ၁ဝဝခန့်မြေလွတ်ထားရှိပေးမည်ဖြစ်ပြီး သစ်တောတစ်ခု စိုက်ပျိုးပေးမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

သစ်တောတစ်ခုတည်ဆောက်ပေးခြင်းအားဖြင့် အမှိုက်ဖျက်စက်ရုံမှ ထွက်ရှိလာသော မီးခိုးငွေ့များကို ကာကွယ်နိုင်ကြောင်း ဖြည့်စွက်ပြောသည်။

ထိုက်ထိုက်

Leave a Reply