မူရင်းစျေး ၆ရာခိုင်နှုန်းအထိစျေးချရောင်းခဲ့တဲ့ အိုင်ဖုန်း

ပေကျင်း ဧပြီ ၃

တရုတ်နိုင်ငံကို တင်ပို့ထားတဲ့ Apple ကုမ္ပဏီထုတ် အိုင်ဖုန်းတွေကို မူလစျေးရဲ့ ၆ရာခိုင်နှုန်းအထိ စျေးလျှော့ပြီးတော့ရောင်းချခဲ့ပါတယ်။ ဒီလိုရောင်းချတဲ့နေရာမှာ အွန်လိုင်းကိုအခြေပြုပြီး အလီဘာဘာ၊ eBayစတဲ့ ဆိုဒ်တွေကနေ တစ်ဆင့် စျေးလျှော့ရောင်းပြီး တရုတ်ပြည်ကို ပို့ပေးတာပဲ ဖြစ်ပါတယ်။

Apple ရဲ့ အခြားထုတ်ကုန်တွေဖြစ်တဲ့ iPads Macs Book နဲ့ AirPodsတွေကိုလည်း အလားတူ ၆ရာခိုင်နှုန်းလျှော့ရောင်းပေးတယ်လို့ တရုတ်နိုင်ငံတွင်းမှာ အသုံးပြုတဲ့ Apple အွန်လိုင်းစတိုးတွေမှာ ကြေညာထားပါသေးတယ်။

ဒီလိုစျေးချပေးလိုက်ပေးမဲ့ ပုံမှန်ပေးဆောင်ရမဲ့ အခွန်တွေကတော့ ပုံမှန်အတိုင်းပဲဖြစ်ပါတယ်။ ၆ရာခိုင်နှုန်းဆိုတာ ရာခိုင်နှုန်းအရ နည်းနေသေးပေမဲ့ ပစ္စည်းတန်ဖိုးမြင့်တဲ့ အိုင်ဖုန်းဝယ်ယူသူတွေအတွက်တော့ အလွန်ကောင်းတဲ့ အခွင့်အရေးဖြစ်တယ်လို့ သုံးစွဲသူတွေက ဆိုပါတယ်။

Appleကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်အစပိုင်းက အမေရိကန်နဲ့ တရုတ်ကုန်သွယ်စစ်ပွဲဂယက်နဲ့ ဟွာဝေး CFOအဖမ်းခံလိုက်ရပြီးတဲ့နောက်မှာ တရုတ်နိုင်ငံတွင်းသုံးစွဲသူတွေရဲ့ ထောက်ခံမှု သိသိသာသာ မရှိတော့တာကြောင့် အခုလို စျေးလျှော့ပြီး စျေးကွက်ပြန်ဖောက်လာတာ ဖြစ်ပါတယ်။

Appleရဲ့ တရုတ်နိုင်ငံတွင်း အရောင်းဝက်ဆိုက်မှာ ဖော်ပြထားတဲ့စျေးတွေအရ အိုင်ဖုန်း XRကို အရင်က ၆၄၉၉ဝမ်နဲ့ရောင်းချရာက မတ်လ ၂၉ရက်နေ့မှာ ၆၁၉၉ဝမ်အထိစျေးကျခဲ့ပါတယ်။ စျေးအမြင့်ဆုံးအိုင်ဖုန်းတွေ​ြဖစ်တဲ့ XS နဲ့ XS Maxတို့ကိုတော့ ယွမ် ၁၀၀၀ကျော်လျှော့ပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုလျှော့ပေးလိုက်တာရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း၅၀၀၀ ကနေ ၉၀၀၀အထိ ရောင်းအားမြင့်တက်စေပြီး ရှယ်ယာစျေးတွေလည်းပြန်တက်လာေစတယ်လို့ စီအီးအို တင်ကွတ်ကပြောပါတယ်။

ယခင်နှစ်တွေက တရုတ်နိုင်ငံကနေ ရောင်းအား အမေရိကန်ဒေါ်လာ သန်း၁၃၀ကျော်ရှိခဲ့ပေမဲ့ ၂၀၁၈ခုနှစ်မှာ သန်း၅၀၀၀အထိပြန်ကျခဲ့ပြီး စျေးကွက်ထိန်းဖို့ အဖက်ဖက်ကလုပ်ဆောင်နေတယ်လို့ စီအီးအိုကပြောပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.