မူးယစ်ဆေးဝါးအန္တရာယ်ကို အစိုးရ၊ ပြည်သူနှင့် ဆရာတော် သံဃာတော်များပါ ပါဝင်မှ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ

လူငယ်များကြား ထိုးဖောက်ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးအန ္တရာယ်ကို  ထိန်းချုပ်နိုင်ရန် အစိုးရ၊ ပြည်သူနှင့် ဆရာတော်သံဃာတော်များပါ ပါဝင်မှ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက  ပြောသည်။

မော်လမြိုင်မြို့ ဖေဖော်ဝါရီလ ၁ ရက်က ပြုလုပ်သည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်လွှတ်တော် ၃ နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော် ၃ နှစ်တာကာလအတွင်း အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ရေအလုံအလောက်ရအောင် ဖန်တီးပေးနိုင်မှုများသည့် အစိုးရအဖွဲ့၏ အောင်မြင်မှုများဖြစ်သော်လည်း မူးယစ်ဆေးဝါးထိန်းချုပ်ခြင်းကို တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း  ၎င်းကဆိုသည်။

ထို့ပြင် ကျေးရွာများတွင် ဘိန်းစာရွက်များကိုပြုတ်၍ ကိုကာကိုလာအချိုရည်များနှင့် တွဲဖက်သောက်သုံးမှုများရှိနေပြီး  ယင်းသောက်သုံးခြင်းသည် အလုပ်လုပ်ကိုင်ရာတွင် ပိုမိုလုပ်ဆောင်နိုင်အောင် သောက်သုံးခြင်းများရှိနေကြောင်း ၎င်းက  ဆက်လက်ပြောသည်။

ထို့ကြောင့် သုံးနှစ်တာကာလအတွင်း အောင်မြင်မှုများရှိသော်လည်း အပြည့်အဝအောင်မြင်သည်ဟု မသတ်မှတ်နိုင်ကြောင်း ပြည်သူအပါအဝင်  ဘာသာရေးပိုင်းမှ ဆရာတော်သံဃာတော်များပါ ပူးပေါင်းကူညီဆောင်ရွက်မှသာ  အဆင်ပြေထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့  မွန်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။

တေဇ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.