မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက် အထက်လမ်းမကြီး RTCဝင်းရှိမြေ ဧရိယာ ၄.၅၉၁ ဧကအတွင်း ဆောက် လုပ်နေသော အဆောက်အအုံမြေနေရာအား ပြန်လည် စွန့်လွှတ်ပေးရန် မူလပိုင်ရှင်များ ကတောင်း ဆိုထားကြောင်း မူလပိုင်ရှင်တစ်ဦး၏ သားဖြစ်သူ ဦးမင်းယုက ဟင်္သာမီဒီယာသို့ပြောသည်။

Mg nag

အဆိုပါ ကိစ္စအား ပြန်လည်စိစစ်ပေးရန် သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်လွှတ်တော် ထံ မေလ ၁၁ရက်နေ့က တိုင်ကြားစာများ ပေးပို့ထားသော်လည်း ယခုအချိန်အထိအကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းကပြောသည်။

အဆိုပါမြေနေရာကို ၁၉၆၈ ခုနှစ်တွင် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ အဆောက်အအုံများတိုးချဲ့ ဆောက်လုပ်ရန် အတွက် အစိုးရပိုင်အဖြစ်သိမ်းယူသွားခဲ့ပြီး ၁၉၉၀ခုနှစ်တွင် မူလပိုင်ရှင်များမှ အသနားခံစာ တင်ခဲ့သော်လည်း စက်ရုံ မော်တော်ယာဉ်ရုံ ၊အုပ်ချုပ်ရေးရုံးနှင့် အိမ်ထောင်သည်လိုင်း အဆောက်အအုံများ ဆောက်လုပ်မှု ပြုလုပ် ထားသည်ဟုဆိုကာ အကြောင်းပြန်ကြားခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန် စည်ပင်ခွင့်ပြုမိန့်ဖြင့် ဦးဌေးလွင်ဦးအမည် ဖြင့်နာမည်ပေါက်ကာ နှစ်ထပ်အဆောက်အအုံ ဆောက် လုပ်ခွင့်ရရှိထားသောကြောင့် မူလမြေပိုင်ရှင်များက ကျေနပ်မှုမရှိဘဲ ပြန်လည်စိစစ်ပေးရန်တောင်းဆိုခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

“ပြည်နယ်အစိုးရရုံး၊ လွှတ်တော်နဲ့ ပြည်ထောင်စုဝန်ကြီးထိ ၅လပိုင်း ၁၁ ရက်နေ့မှာ ကျွန်တော်တို့ တိုင်စာ ပို့ထားတယ် ဒါပေမဲ့ ဒီနေ့ထိ အကြောင်းပြန်ချက်တစ်စုံတစ်ရာ မရောက်ရှိသေးတဲ့အတွက်ကြောင့် မွန်ပြည်နယ်အစိုးရအနေနဲ့ လက်ရှိဆောက်လုပ်နေမှုကို ပြန်လည်စိစစ်ပေးစေချင်တယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

“ မူလပိုင်ရှင်တွေ မြေနေရာရရှိဖို့အတွက် အစိုးရအနေနဲ့ ကျွန်တော်တို့ကို လျော်ကြေးပေးမှာလား၊ မြေနေရာအစားထိုးပေးမှာလား၊ အဓိက ကျွန်တော်တို့မြေနေရာ ကျွန်တော်တို့ပြန်လိုချင်တယ်”ဟု မူလမြေပိုင်ရှင်တစ်ဦး၏ သားဖြစ်သူ ဦးမြင့်လွင်က ပြောဆိုသည်။
အဆိုပါ မြေနေရာကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်ခြင်း၊နစ်နာကြေး၊လျော်ကြေးများ ပေးသည်အထိ ဆက်လက် တောင်းဆို သွားမည်ဖြစ်ကြောင်း မူလပိုင်ရှင်များထံမှ သိရသည်။

Leave a Reply