ထားဝယ်၊ မေ ၁၇

ထားဝယ်ခရိုင် ၊လောင်းလုံမြို့နယ် မောင်းမကန်ကမ်းခြေ တွင်လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိနေသော ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင် ကုမ္ပဏီလီမိတက်(DDPC) အနေနှင့် မောင်းမကန်ကမ်းခြေတွင် မြေကွက်ရိုက်ရောင်းချနေသည်ဟုသော စွပ်စွဲချက်များ မှာ မဟုတ်မမှန် ကြောင်း DDPC ကုမ္ပဏီ ဒု ဥက္ကဌ ဦးကျော်ဝင်းက ပြောကြားသည်။

“ရောင်းထားတာ ဘာမှမရှိဘူး၊ လုံးဝကွက်ရိုက်ရောင်းတာမဟုတ်ဘူး၊ အချိန်မရွှေး စုံစမ်းစစ်ဆေးနိုင်တယ်”ဟု ဦးကျော်ဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ မောင်းမကန် DDPC ဟိုတယ်ဇုန်နေရာတွင် DDPCမှ ရှယ်ယာဝင် ဒါရိုက်တာများက ဘန်ကလိုဆောက်လုပ်နေပြီး အပြင်လူအား ရောင်းခြင်း၊ကွက်ရိုက်ရောင်းခြင်း လုံးဝမရှိကြောင်း၎င်းက ပြောသည်။

DDPCကုမ္ပဏီမှ မောင်းမကန်ကမ်းခြေတွင် မြေယာကိုလက်ဦးမှုယူ၍ မြေကွက်ဖော်ရောင်းစားနေသည်ကို အားလုံးအသိပြီး ယင်းမြေအား တိုင်းအစိုးရအဖွဲ့မှ အမြန်ဆုံး ကန့်သတ်ဖြင့်ခွင့်ပြုကာ ကျန်ရှိသောမြေများကို ဒေသခံများစီမံခန့်ခွဲခွင့်ရရှိအောင်ကူညီပေးရန် ထားဝယ်မြို့တော်ခန်းမတွင် မေလ၁၅ရက်နေ့က ပြုလုပ်သော တိုင်းအစိုးရအဖွဲ့နှင့် ဒေသခံများတွေ့ဆုံပွဲတွင် မောင်းမကန်ရွာမှ မြေယာအရေးလှုပ်ရှားဆောင်ရွက်နေသူ ဦးထွန်းကြည်ပြောသည်။

မြေကွက်အပေါ်တွင် ကွက်ရိုက်ရောင်းနေသည်ဟုဦးထွန်းကြည်၏တင်ပြချက်နှင့်ပတ်သက်၍ ဘယ်လိုပုံစံမျိုး လုပ်ကိုင်ခွင့်ချပေးထားသည်ကို ပြန်ပြီး စီ စစ်မည်ဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲတွင် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင် က ပြန်လည်ပြောဆိုသည်။

ထားဝယ်မြို့ရှိ DDPCကုမ္ပဏီ၏ ROYAL PALACE ခန်းမတွင် ၂၀၁၅ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့က ပြုလုပ်သော မောင်းမကန်းကမ်းခြေတွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် ORCHIDအိမ်ယာ စီမံကိန်းတွင် မြေယာပိုင်ဆိုင်မှုပါရှိမည့် မြေကွက် (၈၀×၈၀)ပေ တစ်ကွက်လျှင် ကျပ်သိန်း ၆၀၀ သတ်မှတ်၍ အိမ်ယာများအား အရောင်းချပွဲကို ပြုလုပ်ခဲ့သည်။

မောင်မကန်ကမ်းခြေတွင် ထားဝယ်ဒေသဖွံ့ဖြိူးရေးအများပိုင်ကုမ္ပဏီ (DDPC)အား ယခင်အစိုးရလက်ထက်က လုပ်ကိုင်ခွင့်ပြုခဲ့သော မြေအား ခွဲခြမ်းစိတ်ဖြာ ရောင်းချခြင်းကို စစ်ဆေးမည်ဟု၂၀၁၆ခုနှစ်၊ စက်တင်ဘာလက မောင်းမကန်ဒေသခံများနှင့်တွေ့ဆုံချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကလည်း က ပြောဆိုခဲ့ဖူးသည်။

ယင်းမောင်းမကန်ဟိုတယ်ဇုန်နေရာတွင် DDPC ကုမ္ပဏီမှ ရင်းနှီးမြှပ်နှံမှုအားလုံးမလုပ်ဆောင်ဘဲ့ ရှယ်ယာရှင်များကို ၈၀ပေ ပတ်လည်မြေကွက်ပေး၍ ဆောက်လုပ်စေပြီး ရှယ်ယာရှင်တစ်ဦးဆီမှ သိန်း ၆၀၀ ယူကာ ရေ၊ မီး၊ လမ်း စသောအခြေခံအဆောက်အဦးလုပ်ငန်းများကို ကုမ္ပဏီက ပြုလုပ်ပေးလျက် ရှိ သည်ဟု DDPC ကုမ္ပဏီမှ ဒု ဥက္ကဌ ဦးကျော်ဝင်းက ပြန်လည်ရှင်းပြသည်။

ရှယ်ယာရှင်များက ဘန်ကလိုများကို တည်ဆောက်ပြီးချိန်တွင် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုလုပ်ဆောင်သွားရန် DDPC ကုမ္ပဏီမှစီမံထားသည်ဟု ၎င်းထံမှသိရသည်။

၂၀၁၅ခုနှစ်နှင့် ၂၀၁၆ခုနှစ် မတ်လတို့တွင် DDPCကုမ္ပဏီက မောင်းမကန်ကမ်းခြေရှိ မြေဧက ၄၀၀ကျော်အား နှစ် ၃၀ အသုံးပြုခွင့်မြေဂရမ်ကို မြေလွှတ်၊ မြေ လပ်နှင့်မြေရိုင်းများစီမံခန့်ခွဲေရေးဗဟိုကော်မတီထံမှ ရရှိခဲ့သည်။

လုပ်ကိုင်ခွင့်ရမြေဧရိယာ ၄၀၀ဧကတွင် Phase ၄ခုလုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုအချိန်တွင် Phase ၁ တွင် ဘန်ကလိုတည်ဆောက်ခြင်းလုပ်ငန်းကို လုပ် ကိုင်လျက်ရှိသည်ဟု DDPC ကုမ္ပဏီထံမှ သိရသည်။

တင့်လွင်

Leave a Reply