Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၇

မော်တော်ယာဉ်များ ညာဘက်အချက်ပြမီးမပြဘဲ အရှေ့ ယာဉ်ကို ကျော်တက်ပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ စက်တင်ဘာလမှစ၍ အရေးယူမည်ဖြစ်ကြောင်း အမှတ် (၁၂) ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ဌေးရွှေက ပြောကြားသည်။

“ယာဉ်တွေ ကျော်တက် မယ်ဆိုရင် မိမိရဲ့ ညာဘက်မှ အချက်ပြမီးကို ပြပြီး ကျော် တက်ပါဆိုတဲ့ စနစ်ကို တစ်ချိန်တည်းတစ်ပြိုင်တည်း တစ်နိုင်ငံလုံး စတင်ပြောင်းလဲ ကျင့်သုံးသွားမယ်ဆိုတာကို သတင်းမီဒီယာတွေမှာရော၊ သတင်းစာတွေမှာ ရော ပြည်သူလူထု သိရှိအောင် ကြေညာပြီး ဖြစ်တယ်”ဟု ဒုရဲ မှူး ဌေးရွှေက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်တစ်လလုံးတွင် ပညာပေးကာလ အဖြစ် မော်တော်ယာဉ်များ ညာဘက်အချက်ပြမီးစနစ်ကို မှန်ကန်စွာ လိုက်နာကျင့်သုံးကြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ အမှတ် ၁၂ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကညနတို့ ပူးပေါင်းဆောင် ရွက်ထားခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအေးသက်က ဆိုသည်။

“ဘယ်ဘက်ကိုကွေ့မယ် ဆိုတာ နောက်ကယာဉ်က မသိနိုင်ဘူးလေ။ ဒါကြောင့် ယာဉ်က ဘယ်ဘက်လမ်းချိုးကို ကွေ့မယ်ဆိုရင် ဘယ်ဘက်အချက်ပြမီးကို ပြတယ်။ အဲဒါကို နောက်မှာရှိတဲ့ယာဉ်က ဘယ်ဘက်အချက်ပြတာကို ကျော်တက် ခိုင်းတယ်ထင်ပြီး ကျော်တက် လိုက်တော့ ရှေ့ကယာဉ်နဲ့မျက် နှာချင်ဆိုင်တိုက်မိတာတွေ များပြားလာတယ်“ ဟု ဒုရဲမှူး ဌေးရွှေက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေသတ်မှတ်ချက်နှင့်အညီ မြို့ တွင်း၌ တစ်နာရီ မိုင်၃ဝ နှုန်း၊ မြို့ပြင်တွင် တစ်နာမိုင် ၅ဝ နှုန်း သတ်မှတ်ထားကြောင်းကညန ပြည်နယ်ဦးစီးမှူး ဦးအေးသက်က ပြောသည်။

ယာဉ်များညာဘက်အ ချက်ပြမီး မပြဘဲ အရှေ့ယာဉ် ကိုကျော်တက် မောင်းနှင်နေမှု များကို စစ်ဆေးဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ နေ့အထိ ဖမ်းဆီးအရေးယူထားမှု တစ်ခုမရှိသေးကြောင်း အမှတ် ၁၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Written by – ခေတ်မင်း

Advertisements
<

Leave a Reply