မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၅ ။ ။ မော်လမြိုင်မြို့မှ ကဗျာဆရာ သုံးဦး ရေးသားသည့် “မနေ့ကနဲ့ မနက်ဖြန်ပေါင်းများစွာ”ကဗျာစာအုပ်ကို ဖေဖော်ဝါရီလ ၁၅ရက်နေ့မှ စတင်ကာ မွန်ပြည်နယ်တွင် စတင် ဖြန့်ချိလျက်ရှိကြောင်း ကဗျာဆရာ ဂိုးဂိုးကပြောသည်။

a
အဆိုပါ ကဗျာစာအုပ်တွင် ကဗျာဆရာ ဂိုးဂိုး(မောရမြိုင်)၊ ကိုဇင်အောင်ကျော်ထင် နှင့် ကိုမင်းအောင်မြင့်က ရေးသားသည့် ရသမျိုးစုံ ကဗျာအမျိုးအစားများ ပါ၀င်ပြီး တစ်အုပ်လျှင် ၁၂၀၀ကျပ်နှုန်းဖြင့် မိန်းကလေး စာအုပ်တိုက်မှ ဖြန့်ချိမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

“ဒီကဗျာ စာအုပ်လေးက အမျိုးအစားမတူတဲ့ ကဗျာတွေ ပေါင်းပြီးထုတ်ထားတာပါ၊ ဒီစာအုပ်ထုတ်တာ အစအဆုံး မော်လမြိုင်မှာပဲ လုပ်ခဲ့တာ၊ ကဗျာစာအုပ်အပါအဝင် စာအုပ်တော်တော်များများက ရန်ကုန်မှာပဲ လုပ်ကြတာ များတယ်၊ မော်လမြိုင်မှာလည်း ဒါမျိုးလုပ်လို့ရတာ သိစေချင်တယ်” ဟု ကဗျာဆရာ ဂိုးဂိုး ကပြောသည်။

အဆိုပါ ကဗျာစာအုပ်တွင်ပါဝင်သည့် ကဗျာဆရာများသည် ၀ါရင့်ကလောင်ရှင်များ မဟုတ်ဘဲ ၀ါသနာရှင် သုံးဦး ပူးပေါင်းကာ အခက်အခဲပေါင်းများစွာဖြင့် ထုတ်လုပ်ခဲ့ရကြောင်းကို ၎င်းကပြောကြားသည်။

မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ယက်ရုံးခန်းတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က မော်လမြိုင်သား ကဗျာဆရာ သုံးဦး ရေးသားသည့် “ မနေ့ကနဲ့ မနက်ဖြန်ပေါင်းများစွာ” ကဗျာစာအုပ် မိတ်ဆက်ရောင်း ချပွဲ နှင့် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

Leave a Reply