(ဓါတ်ပုံ အညွှန်း – မော်လမြိုင်ကုန်စည်ဒိုင်အား တွေ့မြင်ရမှုမြင်ကွင်း)

မွန်ပြည်နယ်ရှိ မော်လမြိုင်ကုန်စည်ဒိုင်သည် ဒေသထွက်ကုန်မရှိခြင်းကြောင့် ကုန်စည်ဒိုင်ဖွဲ့စည်းထားသည့် သဘောတရားသာဖြစ်ပြီး မည်သူမှစိတ်ဝင်စားမှု မရှိသောကြောင့် လုပ်ငန်းအပိုတစ်ခုသာဖြစ်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌ ဦးလှရှိန်က ပြောသည်။

ကုန်စည်ဒိုင်ရဲ့ပေါ်လစီက ဒေသထွက်ကုန်၊ လူသုံးများသည့် ပစ္စည်းပေါက်ဈေးကို နေစဉ်နှင့်အမျှ စားသုံးသူသိရှိအောင် ကုန်စည် ဒိုင်က ကြော်ငြာပေးရသည့်လုပ်ငန်းဖြစ်ကြောင်း၊ မော်လမြိုင်ကုန်စည်ဒိုင်က မြို့ထွက်ပစ္စည်း၊ လူသုံးများသည့် ပစ္စည်းများကို အရောင်း အဝယ်မဖြစ်သည့် ကုန်စည်ဒိုင်ထဲတွင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“ကုန်စည်ဒိုင်က အောင်မြင်အောင်လုပ်ဆောင်ဖို့ မလိုအပ်တော့ဘူး။ ဟန်ဖုန်း၊အင်တာနက်၊ အီမေးလ်တွေရှိရင် သိချင်တဲ့လူက သက်ဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ နေရာကိုစာရင်းပေးလိုက်ရင် တစ်နေ့ ရှစ်ကြိမ်၊ ကိုးကြိမ်လောက် နေ့စဉ်ပို့ပေးပါတယ်၊ သိချင်တဲ့လူက ကြိုးစာရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်ကုန်စည်ဒိုင်အား တွေ့မြင်ရမှုမြင်ကွင်း)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်ကုန်စည်ဒိုင်အား တွေ့မြင်ရမှုမြင်ကွင်း)

မော်လမြိုင်ကုန်စည်ဒိုင်က ၁၅ ရက် တစ်ကြိမ် မွန်ပြည်နယ်အစိုးရကို ရွှေဈေး၊ ရေနံဈေး၊ ဆန်ဈေး၊ ကောက်ပဲသီးနှံဈေးနှုန်းတွေကို တင်ပြလျက်ရှိသည်။ ကုန်စည်ဈေးနှုန်းကို လူတိုင်းသိရှိအောင် ပြန်ကြားရေး၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ ၊သက်ဆိုင်ရာအစိုးရက ပညားပေရမှာဖြစ်သည် ဟု ၎င်းက ပြောကြားသည်။

“ကုန်စည်ဒိုင်လုပ်ငန်းဟာ ပစောက်သာဖြစ်ပြီး တကယ်တော့ပိုနေတာဖြစ်တယ်။ ကုန်စည်ဒိုင်သည် တစ်ချိန်တစ်ခါတုန်းက ကောင်းသလောက်ကောင်းခဲ့တယ်၊ မြန်မာတစ်ပြည်လုံးအတွက် ကိုယ်စားမပြုဘူး၊ ကောက်ပဲသီးနှံပေါတဲ့ မန္တာလေး၊ပခုက္ကူ၊ မုံရွာမြို့တို့လောက်မှာပဲ ကုန်စည်ဒိုင်စားပွဲပေါ်မှာ အလုပ်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မော်လမြိုင်ကုန်စည်ဒိုင်ကို ၂၀ဝ၀ ခုနှစ်လောက်ကတည်းက ဖွင့်လှစ်ထားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ကုန်စည်ဒိုင်ရုံးခန်းမှာ စာရေးမတစ်ယောက်သာရှိပြီး ဘာမှအလုပ်မဖြစ်ကြဘူးလို့ ကုန်စည်ဒိုင်ပွဲရုံးဝင်းအတွင်းရှိ ဒေသခံများထံမှ သိရသည်။

“ကုန်စည်ဒိုင်ကို မော်လမြိုင်က လူတွေစိတ်မဝင်စားမှုမရှိကြဘူး၊ ရန်ကုန်ကုန်စည်ဒိုင်က မိုးလင်းတာနဲ့ပစ္စည်းဈေးနှုန်းဖြတ်ပြီး အရောင်းအဝယ်ဖြစ်ကြတယ်၊ အညာဒေသမှာက ကုန်စည်ဒိုင်ဈေးနှုန်းကို နားထောင်ကြပြီး ကုန်စည်ဒိုင်ဈေးနှုန်းအတိုင်း အရောင်းအဝယ်လုပ်ကြသည်” ဟု ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

Leave a Reply