(ဓါတ်ပုံ အညွှန်း – မော်လမြိုင်ခရိုင်အတွင်း မိုးစပါးရာသီချိန် စပါးသီးနှံအောင်မြင်မှုများကို မြင်တွေရစဉ်)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်း ယခုနှစ်၌ ရာသီဥတုအခြေအနေ ကောင်းမွန်သောကြောင့် ယခင်နှစ်ထက် မိုးစပါးထွက်နှုန်း တိုးတတ်လာသည်ဟု မော်လမြိုင်ခရိုင် လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်ကျော်က ပြောသည်။

မော်လမြိုင်ခရိုင်တွင် ၂၀၁၄ ခုနှစ်က မိုးစပါးထွက်နှုန်း ရာခိုင်နှုန်းမှာ ၆၄ ဒဿမ ၇၈ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မိုးစပါးထွက်နှုန်း ရာခိုင်ခိုင်နှုန်း ၆၅ ဒဿမ ၃၁ ရာခိုင်းနှုန်းရှိကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်က အညာဒေသမှာ ရေကြီးခဲ့ပေမယ့် ဒီမှာက ရေမကြီးတော့ စပါးအထွက်တိုးလာတယ်။ စပါးစိုက်ပျိုးဧက ၁၆ ဧကကို တင်းပေါင်း ၉၀ဝ ကျော်ထွက်ခဲ့တယ်”ဟု မုတ္တမကျွဲခြံကျေးရွာ လယ်လုပ်ငန်းရှင် ဦးဝင်းဆွေက ပြောဆိုသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင်ခရိုင်အတွင်း မိုးစပါးရာသီချိန် စပါးသီးနှံအောင်မြင်မှုများကို မြင်တွေရစဉ်)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင်ခရိုင်အတွင်း မိုးစပါးရာသီချိန် စပါးသီးနှံအောင်မြင်မှုများကို မြင်တွေရစဉ်)

မော်လမြိုင်ခရိုင် မိုးစပါးရိတ်သိမ်းပြီးစီးမှုအရ ၂၀၁၄ ခုနှစ်တွင် စပါးတင်းပေါင်းသိန်း ၁၉၆ ကျော်ရှိပြီး ၂၀၁၅ ခုနှစ်တွင် မိုးစပါးရိတ်သိမ်းမှုအရ စပါးတင်းပေါင်းသိန်း ၂၀ဝ အထိ တိုးတတ်လာကြောင်း မော်လမြိုင်ခရိုင် မိုးစပါးစိုက်ပျိုး ရိတ်သိမ်းမှု စာရင်းအရ သိရသည်။

“စပါးစိုက်ပျိုးမှုကို မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်လာလို့ စပါးအထွက်နှုန်း တိုးလာတာဖြစ်တယ်။ ဓာတ်မြေသြဇာ မှန်မှန်လေး ကျွေးမယ်၊ ပေါင်းမြက်တွေကို ပုံမှန်ရှင်းရင် ဒီထက်ပိုထွက်လာဖို့ ရှိတယ်”ဟု မော်လမြိုင်ခရိုင် လယ်ယာနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုဦးစီးမှူး ဒေါ်မြင့်ခိုင်က ပြောသည်။

မွန်ပြည်နယ်တွင် စပါးမျိုးစေ့ပေါင်း ၃၀ ကျော်ကို စိုက်ပျိုးလျက်ရှိပြီး စပါးစိုက်ပျိုးမှု အများဆုံးမျိုးစေ့မှာ ပေါ်ဆန်မွှေး၊ မနောသုခ၊ ရွှေတဆုပ် တို့ပါဝင်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မုဒုံမြိုနယ်သည် မော်လမြိုင်ခရိုင်အတွင်း မိုးစပါးအများဆုံးထွက်ရာ ဒေသဖြစ်ကြောင်း မော်လမြိူင်ခရိုင် လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန စပါးစိုက်ပျိုးမှု မှတ်တမ်းအရ သိရသည်။

Leave a Reply