မော်လမြိုင် ဇူလိုင်

မွန်ပြည်နယ် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် အသစ်ဆောက်လုပ်ထားသောလေးထပ်လူနာဆောင်အသစ်ကိုစက်တင်ဘာလတွင်းစတင်အသုံးပြုနိုင်ရန် လျာထားကြောင်းမော်လမြိုင်ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က ပြောကြားသည်။

မော်လမြိုင် ဆေးရုံဝင်းအတွင်းတွင် ရှစ်ခန်းတွဲ လေးထပ်ဆောင်တစ်ဆောင်နှင့်လေးခန်းတွဲ လေးထပ်ဆောင် ဝန်ထမ်းအိမ်ရာကိုအသစ်တည်ဆောက်နေခြင်း ဖြစ်သည်။

“အဆောင်သစ်ပြီးသွားရင်တော့ အပေါ်ဆုံးထပ်မှာ ခွဲခန်း၅ ခန်း၊ ICU ၊ HDU ၊ ခန်းတွေ ရှိမယ်။ကျန်လေးထပ်မှာကတော့ လူနာတွေထားဖို့တော့ရှိတယ်၊ဓာတ်လှေးကားနှစ်ခုပါတာကြောင့်လူနာတွေအတွက် အဆင်ပြေစေနိုင်မယ်”ဟုဒေါက်တာကျော်မြင့်ကဆိုသည်။

အဆိုပါလူနာဆောင် အဆောက်အဦသစ်တိုးချဲ့ ဆောက်လုပ်မှုကို ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်ဖြင့်တည်ဆောက်ခြင်းဖြစ်သည်။၁၉၆၅ ကျပ်သန်းခန့် ကုန်ကျကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဘဏ္ဍာငွေစာရင်းများအရ သိရှိရသည်။

မော်လမြိုင် ဆေးရုံကြီးရှိဖျားနာဆောင်အမှတ်(၁)နှင့်အမှတ် (၂)တို့မှာ သက်တမ်းကြာမြင့်နေပြီ ဖြစ်သောကြောင့် အဆိုပါ အဆောင်နေရာတွင် အဆောင်သစ်ဆောက်လုပ် ပြီး ကင်ဆာလူနာများအား ထားရှိနိုင်ရန်အတွက် တင်ပြထားကြောင်းလည်း မော်လမြိုင်ဆေး
ရုံအုပ်ကြီးထံမှ သိရသည်။

စိုင်းထွန်းစံ

Leave a Reply