မော်လမြိုင်တက္ကသိုလ်ကျောင်းတွင်ကျင်းပပြုလုပ်မည့် စာပေဟောပြောပွဲ၌ နိုင်ငံရေးအကြောင်းဟောပြောခွင့်ပြုမည်မဟုတ်ကြောင်းမော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂထံမှ သိရသည်။

teacher union

မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂနှင့် မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွေ့ဆုံရာတွင် မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ စာပေဟောပြောပွဲ ပြုလုပ်ရန်ပြောဆိုခဲ့ပြီးအဆိုပါ စာပေဟောပြောပွဲပြုလုပ်ပါက နိုင်ငံရေးအကြောင်းများမပါဝင်ဘဲရသစာပေများကိုသာဟောပြောရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်းမော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂဥက္ကဋ္ဌ မြန်မာစာကထိကဦးအောင်ရွှေ ကပြောသည်။

“ဆရာတို့ကျောင်းကစာပေတွက်ပါ နိုင်ငံရေးတွက်မဟုတ်ဘူး”ဟု၎င်းကဆိုသည်။

ရသတစ်စုံတစ်ရာပေးနိုင်သောဖန်တီးမှုများနှင့်ပတ်သက်ပြီးဆွေးနွေးပွဲပုံစံမျိုးသာ ပြုလုပ်သွားမည်ဖြစ်ကြောင်းမော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ အလုပ်အမှုဆောင်တစ်ဦးဖြစ်သူကိုထက်မြတ်မော်ကဆိုသည်။

အဆိုပါဆွေးနွေးပွဲကို Pen Myanmar အဖွဲ့နှင့်ဆက်သွယ်ပြီးဆွေးနွေးပွဲကိုဇူလိုင်လ ၄ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းစာပေဟောပြောပွဲကျင်းပရန် ပါမောက္ခချုပ်နှင့် တွေ့ဆုံကာအချိန်နှင့် နေရာများကိုတောင်းခံရမည်ဖြစ်ပြီးဆရာများသမဂ္ဂနှင့် တွေ့ဆုံရာတွင် စာပေဟောပြောပွဲပြုလုပ်ရန်သာပြောဆိုထားကြောင်းမော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂ ထံမှသိရသည်။

Leave a Reply